Sunday, October 17, 2021

#ဒေါသကင်းသောနိုင်ငံရေး!(၉)🇲🇲


#မကောင်းမှုဒုစရိုက်ကို နှစ်မြို့စွာမွေးဖွားလာသူမရှိပေ။
#အချို့သူများသည် ဘဝအကျိုးပေးနည်းသဖြင့် 
  မကောင်းမှုတွင် မပျော်ရွှင်စွာ နစ်မျောနေကြရရှာ၏။
#အချို့မှာမှု မကောင်းမှုမှန်းသိလျက် ထိုမကောင်းမှုပေါ်
  တွင် ခုံမင်စွာရှိကြပြန်လေသည်။
#ထိုမကောင်းမှုကိုပြုရန်မလိုဘဲဘဝစည်းစိမ်ခံစားနိုင်
 သော်လည်း ဝါသနာဗီဇ အရပျော်မွေ့ နေကြသူများ
 လည်းရှိသည်။

#လဘ်ပေးလဘ်ယူကိစ္စသည် မကောင်းမှုဖြစ်သည်။
#ဒီမိုကရေစီကိုမြတ်နိုးတန်ဖိုးထားသောနိုင်ငံရေးသမား
 များနှင့်နောက်လိုက်ဗိုပါတို့က လဘ်ယူခြင်းကိုတိုင်းပြည်
ဘဏ္ဋာခိုးမှုများအဖြစ် ပြစ်တင်ရှုံချကြသည်။
#အထူးအားဖြင့် NLD ပါတီနှင့်ပရိတ်သတ်များဖြစ်သည်။
#လေးစားစရာပါတီအင်အားစုဖြစ်သည်။

#အချို့သောနိုင်ငံ့ဝန်ထမ်းများသည်လဖိတ်ရည်ဖိုး
  ငွေ(၅၀၀၀)/  (၁၀၀၀၀)  မျှနှင့် လဘ်ပေးလဘ်ယူမှု
  ဖြင့်ထောင်ကျတန်းကျ ဖြစ်ကြသည်။
#မည်သို့ဆိုစေပြည်သူ့အစိုးရလက်ထက်တွင် ထိုလဘ်ပေး
  လဘ်ယူ တိုင်းပြည်ဘဏ္ဋာခိုးမှုကြီးကို ကင်းရှင်းနိုင်ကြ
 လိမ့်မည်ဟုပြည်သူအားလုံးက အားကိုးယုံကြည်ခဲ့ကြ၏

#နိုင်ငံတော်အတိုင်ပင်ခံ ပြည်သူ့အချစ်တော် အမေစု နှင့်. 
   ၎င်း၏သားတပည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း
   ဦးဖြိုးမင်းသိန်း တို့၏ ရွှေ(၇)ပိဿာ၊ဒေါ်လာ(၆)သိန်း
  ကိစ္စမှာ နိုင်ငံကျော်၊ကမ္ဘာပတ်ဖြစ်သွားသည်။
#ပို၍အံ့ဩဖွယ်ကောင်းသည်မှာ ပြည်သူ့အစိုးရကာလ
  တစ်လျှောက်လုံး နိုင်ငံ့ဝန်ထမ်းများနှင့်ပြိုင်ဘက်များ
  ကို သူခိုး!-သူခိုး!---ယိုးစွပ်ခဲ့သူများသည် ယနေ့အမေစု
 ကိစ္စတွင် ရေငုံနှုတ်ပိတ်နေကြခြင်း၊အမှုမှန်ပေါ်ပေါက်
  ရေးကို အားပေးတောင်းဆိုမှုမရှိခြင်းများက မိမိကို အံ့
 အားသင့်စေသည်။
#ကိုယ်တိူင်အဖြေရှာကြရန် "ဝါစိမ်းနီပြာ"အားလုံးသို့
  တိုက်တွန်းအပ်ပါသည်။

အလင်းပြတိုက်
  
                            🇲🇲(14-10-2021)(12:20)hr🇲🇲
💛💚❤💙💜💛💚❤💙💜💛💚❤💙💜
                         (၁၀)--ဆက်ရန်