Sunday, October 17, 2021

#ဒေါသကင်းသောနိုင်ငံရေး!(၁၀)🇲🇲


#အသိပညာသင်ယူမှတ်သားရာမှာတော့ လူအတော်များ
  များဟာ ကလေးငယ်လိုပါပဲ။
#"မီးဟာပူတယ်"လို့ပြောတာကိုကလေးငယ်လက်ခံလို
 ဟန်မရှိပါဘူး။သူကိုယ်တိုင်ကိုင်ကြည့်မှမှတ်တော့တယ်။

#"စစ်ကိုမခေါ်နဲ့!--ပျက်စီးခြင်းနဲ့ဒုက္ခပင်လယ်ဝေမှုသာ
  အဖတ်တင်မယ်"---ဒီလိုပြောရုံနဲ့  လက်မခံကြပါဘူး။
  သင်္ခန်းစာယူစရာ မြင်ကွင်းကျယ်ကြီး ကမ္ဘာတစ်ခွင်
  ရှိပါလျက် တွေးမြင်မှတ်ယူ ဆင်ခြင်သုံးသပ် နိုင်သူက
  နည်းပါတယ်။ 
#ငြိမ်းချမ်းခြင်းရဲ့အရသာတန်ဖိုးကိုမငြိမ်းချမ်းတဲ့အခါမှ
  ခံစားတတ်ကြမှာ ဖြစ်ပါတယ်။
#ခုအချိန်မှာတော့---
#သာမန်အသိ၊မူမှန်အသိရှိရုံနဲ့  ငြိမ်းချမ်းခြင်းရဲ့တန်ဖိုး
 ကြီးမားမှုကို လူတိုင်းသိရှိနားလည်သွားကြမှာသေချာ
 ပါတယ်။

#ခက်တာက တော်လှန်ရေးသမားအမည်ခံ တွေဖြစ်ပါ
  တယ်။ဒီအင်အားစုထဲမှာ ကိုယ်တိုင် ကာယကံမြောက်
 ကျူးလွန်သူတွေ အပြင် ငွေကြေးထောက်ပံ့ အားပေး
 အားမြှောက်ပြုသူ အားလုံးပါပါတယ်။
#သေချာတာကတော့ "တော်လှန်ရေးရဲ့တစ်ခုတည်း
 သောအကျိုးရလဒ်က အားလုံးဘဝတွေပျက်ကုန်တာ
 ပါပဲ!"။
#မိမိတို့ကိုယ်တိုင်ပျက်စီးရရုံမက တိုင်းပြည်အနှံ့ပြည်သူ
 အားလုံး ဒုက္ခသံသရာမဆုံးဖြစ်နေရတာကို သိနေကြပါ
 လျက်နဲ့ မိုက်တွင်းဆက်ဆင်းနေကြတာကတော့
      "ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းရပြီ"--ဆိုသလို
#တော်လှန်ရေးဖလံကောင် လေးများလား!--ထင်မှတ်
  ချင်စရာ ကောင်းလှပါတော့တယ်။
#မီးကိုကိုင်ကြည့်ပူမှန်းသိသော ကလေးလောက်မှသိမှတ်
 နားလည် နိုင်စွမ်းမရှိသူများပါတကား!။

အလင်းပြတိုက်

                     🇲🇲(15-10-2021)(10:32)hr🇲🇲
💛💚❤💙💜💛💚❤💙💜💛💚❤💙💜
         (၁၁)---ဆက်ရန်