#ကျွန်တော်နားလည်သမျှမှာတော့ တိုင်းပြည်နဲ့လူမျိုး
ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကအကျဆုံးလိုအပ်ချက်ဟာ
"ငြိမ်းချမ်းရေး" ပဲ။
#ငြိမ်းချမ်းမှုမရှိရင်၊တရားဥပဒေစိုးမိုးမှု မရှိနိုင်ဘူး။
#ထို့အတူတည်ငြိမ်အေးချမ်းမှုမရှိနိုင်ဘူး။
#တည်ငြိမ်အေးချမ်းမှုမရှိ၊တရားဥပဒေစိုးမိုးမှုမရှိ၊ငြိမ်း
ချမ်းမှုမရှိရင် ဘာမှဆက်လုပ်လို့မရတော့ဘူး။
#ရှိပြီးသားဖြစ်တည်မှုတွေလည်းပျက်စီးမယ်၊ကြိုးပမ်း
တည်ဆောက်လုပ်ကိုင်မှုများဟာလည်း ထိုက်သင့်သ
လောက် အရာထင်မှာမဟုတ်ပါဘူး။
#နောက်တစ်ချက်က မငြိမ်ချမ်းတဲ့တိုင်းပြည်၊တရားဥ-
ပဒေ စိုးမိုးမှုမရှိတဲ့တိုင်းပြည်ကို ဘယ်ပြည်ပလုပ်ငန်းရှင်
မှလာရင်းနှီးမြှုပ်နှံချင်မှာမဟုတ်ဘူး။အဲ့ဒါဆိုဂိန်သွားပြီ။
#ကျွန်တော်အမြဲပြောသလို မငြိမ်းချမ်းမှု၊ပြည်တွင်းစစ်
ဟာ
"မာရသွန် အပြေးသမားရဲ့ ခြေမှာဆွဲထားတဲ့
ခဲလုံး ကြီးပဲ"
#လူကိုလည်းပိုမိုပင်ပန်းစေတယ်။ခွန်အားပိုစိုက်သုံးရမှာ
ဖြစ်ပြီး ထင်သလောက်လည်း ခရီးပေါက်မှာ မဟုတ်
ပါဘူး။မြင်သာပါတယ်။
#ကျွန်တော်ပြောတာကို လက်မခံလို့ရပါတယ်။
သို့ပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီးကိုကြည့်လိုက်စမ်းပါ!
#ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေအားလုံး
-အမေရိကန်၊တရုတ်၊ဂျပန်၊ဗြိတိန်၊ဂျာမနီ၊ပြင်သစ်၊
ကနေဒါ၊ဩစတြေးလျ၊တောင်ကိုးရီးယား၊စင်္ကာပူ၊
ထိုင်း၊ မလေးရှာ၊အင်ဒိုနီးရှား၊ဘရူးနိုင်း၊ဆော်ဒီ၊
ယူအေအီး။----စသည် ---စသည်
ဘယ်နိုင်ငံများပြည်တွင်းစစ်မီးပြည်တွင်းလက်နက်ကိုင်
ပြဿနာ(ကြီးကြီးမားမား)ရှိကြသလဲလို့!
#ဒီလိုပဲ!---စစ်မီးတောက်လောင်ခဲ့တဲ့
လစ်ဗျား၊ဆီးရီးယား၊အီရတ်၊အာဖကန်၊ယီမင်၊ဆူဒန်
စတဲ့နိုင်ငံတွေ ဘယ်နိုင်ငံဖွံ့ဖြိုးတိုးတက်နေသလဲလို့!
#အလကားအပိုစကား!---တိုင်းပြည်ချစ်တယ်၊ပြည်သူကို
ချစ်တယ်မပြောကြနဲ့။နားခါးစရာကောင်းလှပါတယ်။
#တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်စေချင်ရင် တိုင်းပြည်ငြိမ်း
ချမ်းမှုရအောင်
"ကြံကြ၊တွေးကြ၊ရေးကြ၊ပြောကြ၊လုပ်ဆောင်ကြ"
#ဘယ်သူ့ကိုမှအမည်မတပ်ပါဘူး!--
"ကိုယ့်ဟာကိုယ်သိကြဖို့ပါ"----
အလင်းပြတိုက်
🇲🇲(15-10-2021)(13:05)hr🇲🇲
🇲🇲💛💚❤💙💜💛💚❤💙💜💛💚❤💙🇲🇲
(၁၂)--ဆက်ရန်