Sunday, October 17, 2021

#ဒေါသကင်းသောနိုင်ငံရေး!(၁၂)🇲🇲


#စင်္ကာပူမှာနှစ်များစွာအနေကြာ အခြေကျနေပြီးဖြစ်တဲ့ 
  အင်ဂျင်နီယာ အစ်ကိုကြီးတစ်ယောက်က ဒီလိုပြောလာ
  ပါတယ်။
        "စင်္ကာပူမှာ အင်ဂျင်နီယာ 95% ဟာ နီပိန်းတွေပဲ"
#NLD/CRPH/NUG/PDF တို့ကို ထောက်ပံ့လှူဒါန်း
  နေတဲ့နေရာမှာတော့ စင်္ကာပူရောက်မြန်မာတွေက
  ထိပ်တန်းဆုံးကပါ။
  
#လူအားလုံးနီးပါးဟာကိုယ့်ဘဝ၊ကိုယ့်မိသားစုဘဝလေး
  ပြည့်စုံအေးချမ်းနေရင် လောကကြီးအဆင်ပြေနေပြီ!--
  ဒီလိုထင်ကြပါတယ်။ 
#ပြည့်စုံအေးချမ်းတယ်ဆိုတာ ဘဝလျှောက်လှမ်းခရီးမှာ
  အောင်မြင်သလိုဖြစ်တာမို့ ဒီအောင်မြင်မှုဟာလည်း မိမိ
  တွေးခေါ်ကြံဆ လုပ်ကိုင်သမျှ ဟာ မှန်ကန်လို့ ဆိုတာမျိုး
  အဓိပ္ပါယ်ကောက်ချင်စရာပါ။
#အကျိုးဆက်အနေနဲ့ မိမိထင်မြင်ယူဆချက်တွေကို 
 တရားသေ ကိုင်ဆွဲဖို့ဖြစ်လာစေပါတယ်။
#ဒီအခြေအနေမှာ မိမိပတ်ဝန်းကျင်ကို သနားကြင်နာငဲ့ငြှာ
 ကြည့်တတ်တဲ့ စိတ်ကောင်းမရှိရင် ပြည့်စုံချမ်းသာအဆင်
 ပြေနေသူတစ်ယောက်ရဲ့ မာနကိုချွန်းအုပ်နိုင်ဖို့ မလွယ်လှ
 တော့ပါဘူး။

#တကယ်တော့ ယနေ့ မြန်မာပြည်အခြေအနေ ပြည်သူ
 တွေရင်ဆိုင်နေရတဲ့ အခက်အခဲဒုက္ခ နဲ့ စိုးရိမ်ထိတ်လန့်
 ခြင်းများစွာဟာ ပြည့်စုံအေးချမ်းနေတဲ့ စင်္ကာပူက
 အင်ဂျင်နီယာ (95%)တို့၏ဘဝတွေရဲ့ ဆန့်ကျင်ဘက်
 အခြေအနေပါ။
#လက်ငင်းဒီအခြေအနေတွေရပ်တန့်စေဖို့ သူတို့တွေးကြံ
ကြတယ်ရယ်လို့မရှိပါဘူး။
#ကိုယ်ခံစားရတာမဟုတ်တော့ တော်လှန်ရေးအင်အားစု
  များ၏ အကြမ်းဖက်လုပ်ရပ်များဟာ နိုင်ငံနဲ့ပြည်သူကို
 ဘယ်လောက်ထိခိုက်နစ်နာ စေလဲ. အမှန်မမြင်နိုင်ကြ
 တော့ပါဘူး။
#ဘာကြောင့်မှန်းမသိတဲ့ စစ်တပ်အမုန်းခံစိတ်နဲ့ အကြမ်း
ဖက်အင်အားစုNUG/PDFတို့ကို ငွေကြေးတွေ ထောက်
ကူလို့ တိုင်းဆူပြည်မှောက်လုပ်ရပ်တွေကို အားပေးအား
မြှောက်ပြုနေကြပါတယ်။

#(95%)သောသူများရဲ့ အစွဲမှန်မမှန် မေးခွန်းလေး(၁)
 ခုနဲ့ အဆုံးသတ်လိုပါတယ်။

    "ယခင်မဆလ/နဝတ/နအဖ/ဦးသိန်းစိန်တို့ခေတ်
    တစ်လျှောက် အာဏာရှင်စစ်ကျွန်ပညာရေးလို့
    တောက်လျှောက်ကြွေးကြော်နေတာ!- စစ်ကျွန်ခေတ်
     မှာသင်ခဲ့တဲ့ အင်ဂျင်နီယာအတတ်နဲ့ ခုစင်္ကာပူမှာ 
     လုပ်စားရတာ အဆင်ပြေကြပါရဲ့လား!--ခင်ဗျာ"

အလင်းပြတိုက်

                     🇲🇲(16-10-2021)(12:33)hr🇲🇲
💛💚❤💙💜💛💚❤💙💜💛💚❤💙💜
                   (၁၃)--ဆက်ရန်

Related Posts:

  • #နိုင်ငံရေးခွဲခန်း!🇲🇲#အလွန်နာမည်ကြီးတဲ့ခွဲစိပ်အထူးကု သမားတော်ကြီးတစ်ယောက်ရှိတယ်။#ခွဲစိပ်ခန်းထဲရောက်ပြီဆိုတာနဲ့ သူဆိုတဲ့ သီချင်းလေးရှိတယ်။ ဘာတဲ့!---      " မသေရင်နေ---ရှင်ရင်ရွှေထီးပါကွယ်!--       မရှင်ရင်သေ---သေရင်မြေကြီးပါကွယ်!--"#သူ့သီချင်းလေးက… Read More
  • ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Bill Richardson ၏ အတွင်းသရုပ်မှန် နှင့် အပေးအယူအပိုင်း (၃)2 နိုဝင်ဘာ 2021 မြန်မြန်ဆန်ဆန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပထမဆုံတွေ့ဆုံခွင့်ရသော အနောက်နိုင်ငံသား ကုလသံအမတ်ဖြစ်သူ အမေရိကန်သား Bill Richardson.     ဘာကို ဦးတည်ပြီး ဘာကို အလဲအထပ်လုပ်ခြင်တာလဲ ဆိုတာ..… Read More
  • တိုင်းပြည်မွဲတာစစ်တပ်က အုပ်ချုပ်လို့မွဲတာမဟုတ်ဘူး မညီညွတ်လို့မွဲတာ မိသားစုတောင်မညီညွတ်ရင် ဘယ်လိုနေသလဲ ( စဉ်းစားကြည့်ပါ )။ မညီညွတ်အောင် အင်္ဂလိပ်တွေသွေးခွဲခဲ့တာ လေ့လာကြည့်ကြ။တိုင်းပြည်ဆင်းရဲတာ ပညာမတတ်လို့ဆင်းရဲတာ ပညာမတတ်အောင် မိဘနဲ့ဆရာကဖျက်ခဲ့တာ ပညာဆိုတာ ပါတ်ဝန်းကျင်ကရှာယူရမှာ စာသင်ခန်းထဲမှာက… Read More
  • ဪ အံ့သွဘ ဒီကျောင်းက ဆရာ ဒီကျောင်းကို ဗုံး လာခွဲသတဲ့ဆရာဆိုတာနဲ့မထိုကိတန်ဘူးခွေးစိတ်ပေါကိနေတာ😡Mask ကြီးတပ် ဦးထုပ်လေး ဆောင်း လွယ်အိတ် အစုတ်လေး တစ်လုံးနဲ့ကျောင်းနားမှာ ရစ်သီ ရစ်သီ လုပ်နေလို့စွဲစိပြီး စစ်ကြည့်လိုက်တော့ လွယ်အိတ်ထဲမှာ ရီမု မိုင်းနဲ့ စခန်းကို ဖမ်းလာပြီး ထပ်ပြီး စစ်… Read More
  • မမင်းဖြူမှန်မှန်ပြောလိုင်းပေါ်တွင် ပီဒီအက်အဖွဲ့ ခေါင်းဆောင်က သူ့တပ်ဖွဲ့တည်းခိုခဲ့သည့် အိမ်ရှင်ကို ပေးထားခဲ့သည် ဆိုသော စာတစောင် ပြန့်နှံ့လျက်ရှိပြီး ထိုစာအား ကရုဏာချီးကျုးသံများ ဝေဆာလျက်ရှိသည်။ သို့သော် ကျနော် ငယ်ငယ်က မိမိအကိုတော်တို့ ကျေးဇူးဖြင်… Read More