#သားငယ်၏နာကျင်စွာငိုကြွေးမှုကြောင့် မိခင်သည်
မိမိလက်ကို လွှတ်လေသည်။ ဘီလူးမက သားငယ်
ကိုရ၍ "ကဲ!---ဘာတတ်နိုင်သေးလဲ!--သဘောဖြင့်
စိမ်းစိမ်းပြုံးလေ၏။ရက်စက်မှုကား အတိ။
#သို့ရာတွင် "သားငယ်အပေါ် မိခင်၏ ကြင်နာဂရုဏာ
စိတ် မရှိသော မိန်းမကို မိခင်ရင်းမဟုတ်ကြောင်း
မဟော်သဓာသတိုးသားက ဆုံးဖြတ်လေသည်။
#သင်သည်လည်းကောင်း၊ကျွန်ုပ်သည်လည်းကောင်း
နိုင်ငံရေးသမားတို့သည်လည်းကောင်း၊ နိုင်ငံရေး
ခေါင်းဆောင်တို့သည်လည်းကောင်း တိုင်းသူပြည်သား
များအပေါ် မိခင်ရင်းတစ်ယောက်၏ မေတ္တာစိတ်မျိုး
သာထားအပ်၏။
#တိုင်းပြည်ကိုချစ်သည်၊ပြည်သူကိုတန်ဖိုးထားသည်
ပြည်သူသာအဓိကဟု တွင်တွင်ဆိုလျက် မိမိတို့လိုဘ
အာဏာဇောကပ်လျက် အနှီဘီးလူးမကဲ့သို့ မကျင့်အပ်
ပေ။
#ထိုသို့ဟူပါမူ အသင်တို့သည် ဘီးလူးမ ကဲ့သို့ အတု
အယောင်များသာဖြစ်မည်။ ယုတ်မာပက်စက်သူများ
အဖြစ်သာ သမိုင်းကျန်မည်။ သင်တို့ပြောခဲ့လုပ်ခဲ့သမျှ
သည် အလိမ်အညာများသာဖြစ်ကြောင်း ကိုယ်တိုင်
သိရှိကြပြီးဖြစ်ပေလိမ့်မည်။
#မာယာအပလိန်းသကာရည်လိမ်းရုံမျှနှင့်မိခင်အရင်း
မဖြစ်နိုင်။ထို့အတူ ခေါင်းဆောင်အစစ်အမှန်မဖြစ်နိုင်။
#နိုင်ငံရေးစေတနာမှန်ဖို့ သတိပေးလိုပါသည်။
အလင်းပြတိုက်
🇲🇲(12-10-2021)(23:20)hr🇲🇲
💛💚❤💙💜💛💚❤💙💜💛💚❤💙💜
(၈)---ဆက်ရန်