#ထမင်းစားဖို့အလုပ်လုပ်သည်။အလုပ်လုပ်ရင်းထမင်း
ငတ်နေသည်။ ဤသဘောတွင် လွဲချော်မှုတစ်ခုခုရှိနေ
ပြီ။
#တိုင်းပြည်အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့လည်း
ကောင်း၊ပြည်သူများ ချမ်းမြေ့သာယာ ဘေးကင်းကျန်း
မာ အသက်ရှင်ရပ်တည်နိုင်ရန်လည်းကောင်း ရည်မှန်း
လျက် နိုင်ငံရေးလုပ် ကြသည်။ထိုသို့လုပ်ရင်းဖြင့် တိုင်း
ပြည်ပျက်သကဲ့သို့ ဖြစ်ရသည်။ပြည်သူများသေကြေ
ပျက်စီး အတိဒုက္ခ စိုးရိမ်ထိတ်လန့် ဖြစ်နေကြရသည်။
#ဤအဖြစ်တွင်လည်း လွဲချော်မှုတစ်ခုခု ရှိနေပြီဟု
သာဆိုရပြန်တော့မည်။
#မည်သည့်ကိစ္စမဟူ လွဲချော်မှုအဖြေကို မဖြစ်မနေရှာ
ကြရမည်။
#ဟိုလူ့ကြောင့်ဒီလူ့ကြောင့်လက်ညှိုးထိုးကြမည်။
#ဟိုအင်အားစုကြောင့်ဒီအင်အားစုကြောင့်အပြစ်ပုံချ
ကြမည်။
#ငါ့ကြောင့်ငါ့ကြောင့်ဟုဘယ်သူမှအဖြေမထုတ်ကြ။
#အကြောင်းမူ လူသည် မိမိတစ်ကိုယ်လုံးကို မမြင်နိူင်
ပဲ သူတစ်ပါးကိုမူ မြင်နိုင်သောကြောင့်ဖြစ်သည်။
#အပြစ်မတင်လို။သဘာဝဖြစ်၏။
#သတိပြုရမည်မှာ!----
#မိမိစာမေးပွဲကျသည်မှာ မေးခွန်းကြောင့်မဟုတ်။
အခန်းစောင့်ဆရာမကြောင့်မဟုတ်။အဖြေလွှာစစ်သူ
ဆရာမကြောင့်လည်းမဟုတ်။
#ထို့အတွက် မေးခွန်းလွှာကိုအပြစ်တင်ရန်မလို၊အခန်း
စောင့်ဆရာမကိုကလော်တုတ်ရန်မလို၊အဖြေလွှာ
စစ်ဆေးသူ ဆရာမကို ကျိန်ဆဲနေရန်မလို။
#မိမိအားနည်းချက်၊မိမိညံ့ဖျင်းမှု၊မိမိမရိုးသားမှု၊မိမိ
လေခဲ့မှုစသည့် မိမိအမှားများကို ပြန်လည်စမ်းစစ်
ပြုပြင်ရန်သာလို လေသည်။
အလင်းပြတိုက်
🇲🇲(12-10-2021)(20:07)hr🇲🇲
💛💚❤💙💜💛💚❤💙💜💛💚❤💙💜