#နိုင်ငံ့အရေးသည်နိုင်ငံသားတိုင်းနှင့်ဆိုင်သည်။
#နိုင်ငံရေး မှာမူအဓိကအားဖြင့် နိုင်ငံရေးသမားတို့၏
အလုပ်ဟုဆိုရမည်။မိမိတို့ ကျန်ပရိတ်သတ်မှာ ဟို
မရောက်ဒီမရောက် ငါးပါးမှောက်မည့်အဆင့်ဖြစ်သည်။
#"ဒေါသကင်းသောနိုင်ငံရေး"ကသာ တိုင်းပြည်တည်ငြိမ်
အေးချမ်း၊ဖွံ့ဖြိုးတိုးတက်မှုကို ပေးစွမ်းနိုင်မည်။
#မြန်မာပြည်သည်မအေးချမ်း။မြန်မာ့နိုင်ငံရေးခရီးလမ်း
သည်ယနေ့တိုင်မဖြောင့်ဖြူးနိုင်။ကြမ်းတမ်းခက်ထန်ဆဲ။
#အရောင်များအချင်းချင်းဒေါသသင့်နေကြသည်။
#ပါတီများအချင်းချင်းဒေါသသင့်နေကြသည်။
#နိုင်ငံရေးသမားအချင်းချင်းဒေါသသင့်နေကြသည်။
#ဘုမသိဘမသိပြည်သူများအချင်းချင်းမှာလည်း ဘာ့
ကြောင့်မှန်းကိုယ်တိုင်မသိ ဒေါသသင့်နေကြ လေသည်။
#"ဒေါသ သင့်နေသောနိုင်ငံရေး"ကကျွန်ုပ်တို့ကိုမည်သည့်
ကောင်းကျိုးမှမပေးနိုင်ပါ။
#နိုင်ငံရေးသည် အသက်လုပွဲမဟုတ်ပါ။
#နိုင်ငံရေးသည် မိမိတို့ကိုယ်တိုင်အားထုတ်ကြိုးပမ်းရ
မည့် ပြိုင်ပွဲတစ်ခုသာဖြစ်ပါ၏။ ဥပမာအားဖြင့်--
#နိုင်ငံရေး(ယှဉ်ပြိုင်)သည်လှေပြိုင်ပွဲတစ်ပွဲနှင့်တူလေ၏။
#မိမိလှေမိမိတို့အားဖြင့်စုစည်းစွာ၊စည်းချက်မှန်စွာ၊ထိန်း
ကြောင်းမှုမှန်စွာ အားထည့်လှော်ခတ်ရမည်သာမဟုတ်
ပါလော။
#ဘယ်သူ့လှေကိုမှကြံမှောက်ရန်မလို။မိမိလှေမမှောက်
အောင်မိမိတို့ဘာသာ ထိန်းကြောင်းရမည်မဟုတ်လော။
#မိမိတို့ကြံချက်၊ဟန်ချက်မမှန်၍ ပန်းမဝင်လှေမှောက်
ခရီးလမ်းမပေါက်သည်ကို အခြားမည်သူ့အပေါ်တွင်မှ
အပြစ်ပုံချနေရန်မလိုပေ။
အလင်းပြတိုက်
🇲🇲(12-10-2021)(10:14)hr🇲🇲
💛💚❤💙💜💛💚❤💙💜💛💚❤💙💜
(၆)---ဆက်ရန်