Sunday, October 17, 2021

#ဒေါသကင်းသောနိုင်ငံရေး!(၄)🇲🇲


#တိုင်းပြည်ကိုလူတိုင်းချစ်ကြတယ်။ဒါကသံသယပွား
  ရမယ့်ကိစ္စမဟုတ်ပါဘူး။ဝါစိမ်းနီပြာ ဘယ်အရောင်ရှိ
  နေကြပါစေ အားလုံးဟာ မိမိနိုင်ငံကိုချစ်ကြတဲ့ နေရာ
  မှာတော့ အတူတူပါပဲ။
#စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ သဘောက မိမိချစ်ခင်
  မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေအပေါ်မှာ နာကျင်စေ
  လိုတာ၊ပျက်စီးစေလိုတာမျိုး မဟုတ်ပါဘူး။
#၎င်းနဲ့ဆန့်ကျင်ဘက် မနာကျင်စေလိုတာ၊အေးချမ်းစေ
   လိုတာ၊ပြီးပြည့်စုံစေလိုတာမျိုးပါ။
#ဒီမိုကရေစီစနစ်သဘောအရ
#ကျွန်ုပ်တို့အားလုံးဟာ ဝါစိမ်းနီပြာ နှစ်သက်ရာ ပါတီ
  များကို အားပေးကြမှာအမှန် ဖြစ်ပါတယ်။ဤသည်
  ကပင် ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သဘော တစ်ခုဖြစ်
  ပါတယ်။
#သို့တိုင် "ငါနဲ့မတူငါ့ရန်သူ၊ရန်သူဟူသမျှသုတ်သင်ကြ"
  သဘောသက်ရောက်စေသော "တွေးခေါ်၊ကြံဆ၊လုပ်
  ဆောင်" နေသမျှဟာ ဒီမိုကရေစီ လိုချင်သူများတွင်ရှိ
  အပ်သော အကြောင်းခြင်းရာ  စရိုက်လက္ခဏာများ 
  မဟုတ်သည်ကို "#ဝါစိမ်းနီပြာ"နိုင်ငံသားများ အားလုံး
  သိရှိကြရန် လိုအပ်လှပေ၏။

အလင်းပြတိုက်
                              🇲🇲(11-102021)(20:12)hr🇲🇲
💛💚❤💙💜💛💚❤💙💜💛💚❤💙💜
            အပိုင်း (၅)-----ဆက်ရန်