Sunday, October 17, 2021

#ဒေါသကင်းသောနိုင်ငံရေး!(၃)🇲🇲


#လူတိုင်းဟာဂုဏ်သိက္ခာနှင့်အခွင့်အရေးအရာ၌တန်းတူညီမျှလွတ်လပ်စွာမွေးဖွားလာကြသည်။ပိုင်းခြားဆင်ခြင်သုံးသပ် နိုင်သော အသိတရားတို့  ပြည့်စုံကြပြီဖြစ်လျက် အချင်းချင်းမေတ္တာစိတ်ထား ဆက်ဆံသင့်ကြသည်။
         ကုလသမဂ္ဂလူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ်
(၁)တွင် ထိုသို့ဆိုထားပါ၏။

#မှန်သည်။  လူတိုင်းသည် အပြစ်ကင်းစွာ၊လွတ်လပ်စွာ၊
တန်းတူညီမျှစွာ (လူကောင်းကလေးများအဖြစ်) ဖြင့်မွေး
ဖွားလာကြသည်။
#သို့ဖြစ်ပါလျက်ဤလောကကမ္ဘာကြီးတွင်အကျဉ်းထောင်များဖြင့်ပြည့်နှက်နေသည်။ဆိုလိုသည်မှာကမ္ဘာကြီးသည်
မကောင်းမှုများဖြင့်. ပြည့်နှက်နေသည်။
#လောဘ၊ဒေါသ၊မောဟ (greed/anger/ignorance)
က လူသားတိုင်းနှင့် အတူကပ်ပါလာသည်။ ထို့ကြောင့်သာ
#အပြစ်ကင်းစွာမွေးဖွားလာကြသူများသည်ပုံစံအမျိုးမျိုး
ဖြင့် မကောင်းမှုကြီးငယ်ကိုပြုနေကြသည်။

#လူသားသဘာဝကအကြောင်းချင်းရာတိုင်းသို့သက်ရောက်လွှမ်းမိုးသည်။သို့ဖြစ်ရာနိုင်ငံရေးကဏ္ဋတွင်လည်းမလွတ်ချေ။
#တစ်ခုကံကောင်းသည်မှာနိုင်ငံရေးစနစ်များတွင်ဒီမိုကရေစီ စနစ်ကလူ့အခွင့်အရေးစံနှုန်းများကို ပို၍ တန်ဖိုးထား
အလေးတယူ မြှင့်တင်ပေးသည်။

#မြင်စေလိုသည်မှာ ဒီမိုကရေစီ မြတ်နိုးတန်ဖိုးထား ဒီမိုက
ရေစီ သမားအားလုံးတို့သည်အထက်တွင်ဖော်ပြခဲ့သောလူ့
အခွင့်အရေးကြေငြာစာတမ်း  အပိုဒ်(၁)ပါ
      "လူသားဂုဏ်သိက္ခာ၊အခွင့်အရေးနှင့်လွတ်လပ်ခွင့်"ကို
အခြားသူများထက်လေးစားတန်ဖိုးထားကြသူများဖြစ်ကြမည်မှာမလွဲကြောင်း ဆိုရမည်သာဖြစ်လေ၏။
#ထိုသို့ဆိုလျှင်မိမိတို့ဒီမိုကရေစီလမ်းတွင်နေ့စဉ်ပြုသမျှကို ဒီမိုကရေစီ သမားများအားလုံးက ပြန်စီစစ်ကြရမည်။

အလင်းပြတိုက်
                               🇲🇲(11-10-2021)(09:45)hr🇲🇲
💛💚❤💙💜💛💚❤💙💜💛💚❤💙💜💛
                       (၄)---ဆက်ရန်