တရုတ်လုပ်ပေါက်က သူ့ထီးရိပ်က ဖယ်ခွာပြီး ရုရှားကြီးဆီကို ပူးသွားတာကို သတိပေးတဲ့ သဘောမျှ ဖြစ်နေပါတယ် ။
မြန်မာ နဲ့ ရုရှား တို့ရဲ့ ဆက်ဆံရေးအနေအထားကလည်း တကမ္ဘာလုံးက စောင့်
ကြည့်နေရတဲ့ ကဏ္ဍသစ် ဖြစ်လာနေတာကိုး ။ တသက်လုံးက ပြည်ပ စစ်သဘော်တွေ လေယာဉ်တွေ ကို မိမိပိုင်နက်အတွင်း လုံးဝ လက်မခံခဲ့တာ အားလုံးအသိပါပဲ ။
ယခု ရုရှားရေတပ်အတွက် ဆိပ်ခံအသုံးပြု
ခွင့် ပေးလိုက်တာ အင်မတန် ထူးခြားတဲ့ စစ်ရေးကိစ္စအပြောင်းအလဲကြီး တခု ဖြစ်လာပါတယ် ။
ရုရှားတို့အတွက် ပင်လယ်ထွက်ပေါက်ဟာ ရှိပြီး ဖြစ်ပေမယ့် ဒီလိုမျိုး ဒေသသစ်မှာ ဒီလောက် အချက်အခြာကျနေတဲ့ နေရာကို ရလိုက်တာလည်း သူတို့အတွက် အင်မတန် တန်ဖိုးကြီးလှပါတယ် ။
ရုရှားအတွက် တရုတ် နဲ့ အိန္ဒိယအား အနီးကပ် စောင့်ကြည့်နိုင်ခွင့် နဲ့ ပစိဖိတ် နဲ့ အိန္ဒိယ သမုဒ္ဒရာ နှစ်စင်း အစပ်ဒေသအား အခြေချခွင့် ရလိုက်ခြင်းမှာ လေယာဉ်တင်သဘော် ဆယ်စင်းစာမက တန်ဖိုးကြီး
လှပါတယ် ။
ရုရှားရဲ့ နောက်ဆုံးပေါ် ဒုံးလက်နက်ဟာ အသံထက် ၅ ဆ မြန်တယ်ဆိုတော့ ဘယ်လို ဒုံးခွန်းဒုံးမှ ကြားဖြတ်မတိုက်နိုင်ပါဘူး ။
အဲဒီအပြင် အနောက်အုပ်စု သွေးလေခြောက်ခြားစေတာက အဲဒီ ဒုံးကို သာမန် စစ်သဘော်ပေါ်က ပစ်ရုံမက အခုဆို ရေငုပ်သဘော်ပေါ်ကပါ ပစ်လို့ ရပြီဆိုတော့ သရဲကြောက်နေတုန်း အာဠာဝကဘီလူး နဲ့ ထိပ်တိုက်တွေ့သလို သွေးပျက်ကုန်ပါတယ်။
ဒီအချိန်မှာ ရုရှားက မြန်မာနဲ့ စစ်ရေး သာမက စီးပွားရေးပါ ပူးပေါင်းကာကွယ်မယ်လို့ ကြေငြာလိုက်ရာ အနောက်အုပ်စုသာမက တရုတ်ကြီးပါ သွေးတက်သွားရပုံရပါတယ် ။
ဥရောပကို ရေနံတင်ပို့နေတဲ့ ရောင်းချသူထဲမှာ ရုရှားက အကြီးမားဆုံး ပမာဏ ရရှိထားပါတယ် ။ ဝေးကွာလွန်းတဲ့ လမ်းခရီးပြဿနာကိုသာ ဖြေရှင်းနိုင်ရင် မြန်မာသည် ရုရှားရဲ့ ဖေးမကူညီမှု နဲ့ ဟုန်းကနဲ ထွန်းကားသွားနိုင်ပါတယ် ။
………………………………
မြန်မာကတော့
သိပ်တန်ဖိုးရှိတဲ့ မိတ်ဆွေကောင်း
ပိုင်ဆိုင်ခွင့် ရလိုက်တာပါပဲ ။
Credit