Tuesday, October 12, 2021

မယုံရခက် ယုံရခက်


        လောကကြီးမှာ ရတနာ နဲ့ ပတ်သက်ပြီး ထူးဆန်းတာ ကြုံဖူးတယ် ။ နောက်လက်ဆုပ်လက်ကိုင် ပြဖို့ တနည်း သိပ္ပံနည်းကျ ပြောပြနိုင်ဖို့ ခက်ခဲတဲ့ ဘုန်းကံ ဆိုတဲ့ အရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ အင်မတန် ဆန်းကျယ်လှပါတယ် ။

          ဆရာတင်မောင်လှိုင်ရဲ့ ပို့စ် ကို ဖတ်မိတော့မှ ပိုပြီး သတိထားစရာတွေ တွေ့လာမိပြန်ပါတယ် ။ 

        မှန်ကန်လာတဲ့ ရာသီဥတု ၊ လျော့ပါးလာတဲ့ သဘာဝဘေးအန္တရာယ် (covid သည် သဘာဝဘေး မဟုတ်ပါ) ၊ ဒါတွေက နစက လက်ထက်မှာ ထင်သာမြင်သာ ဖြစ်နေတဲ့ ကိစ္စတွေဆိုတာ ငြင်းမရပါဘူး ။ 

        ကပ်သပ်ပြောမယ်ဆိုရင်တော့ လူယုတ်မာတွေ ဖန်တီးနေတဲ့ အကြမ်းဖက်မှု ပြဿနာကတော့ တမျိုးပေါ့လေ ။ ထူးဆန်းတဲ့ သဘာဝလောကကြီးရဲ့ ဓမ္မတာအရ ပြောင်းလဲမှုကိုသာ ဆိုလိုတာ ဖြစ်ပါတယ် ။ 

       ယခုဆိုရင် ပျော့ပြောင်းစွာ ကိုင်တွယ်ပါတယ်ဆိုတဲ့ နစက ရဲ့ တန်ပြန်တိုက်စစ်အောက်မှာ ဖေဖော်ဝါရီ လ အတွင်းကလို

 -  လူအုပ်ကြီး နဲ့ ရဲစခန်းသွားဝိုင်းလို့ ပြန်လွှတ်ပေးရတာတွေ 

- လူပေါင်း သောင်း သိန်းချီ ဆန္ဒပြနေတာတွေ

- ည ၈ နာရီထိုးတိုင်း ဒန်အိုး ဒန်ခွက် ခေါက်ကြတာတွေ 

- လုံခြုံကင်းလှည့်တဲ့ ဝန်ထမ်းကို အရပ်ထဲက က​လေကချေ လူဆိုးလူမိုက်တွေက ပြန်လည်စစ်ဆေးနေတာတွေ......

      ဘာတခုမှ မတွေ့ရတော့ပါဘူး ။ 

      ဘာတဲ့ အပြေးအလွှား သပိတ်ဆိုလား ဘာလား လူလေး ၁၄ /၁၅ ယောက်လောက်နဲ့  ၅ မိနစ်လောက် တောအော် တောင်အော် အော်ပြီး ဓာတ်ပုံရိုက် ၊ ထွက်ပြေး လိုင်းပေါ်တင် ဒီအဆင့်ပဲ တွေ့ရတဲ့ အထိ သပိတ်သက်တမ်း ကုန်နေတာ လက်ရှိအနေအထားပါပဲ ။ 

         အပေါ်က ပြောလက်စ ပြန်ကောက်ပါ့မယ် လောကကြီးမှာ ရတနာရဲ့ သဘောသဘာဝဟာ အင်မတန်ဆန်းကျယ်တာ နမူနာတခု ပြောပြချင်ပါတယ် ။ 

          ပအို့ဝ် ထိမ်းချုပ်နယ်ထဲက ချောင်းထဲမှာ ရွှေတွေ များစွားထွက်ပါတယ် ။ လူပေါင်းများစွာ ချောင်းထဲမှာ မုန်စုတ်စက်နဲ့ အဆင်ပြေနေကြပါတယ် ။ ချောင်းဖျားက တောင်မှာ အင်မတန် ကောင်းတဲ့ ကျောက်ရွှေတွေ ရှိကြောင်းသက်သေပါပဲ ။

         ချောင်းဖျားက ရွှေကျောက် နမူနာကို ပတ္တမြားနဂါးသူဌေး ဦးနေဝင်းထွန်းဆီ ပို့လိုက်ပါတယ် ။ နမူနာကြည့်ပြီး ရန်ကုန်ကနေ ဟဲဟိုးကို လေယာဥ်နဲ့ ချက်ခြင်းဆင်းလာပါတယ် ။ 

          အဲဒီနောက် အဆိုပါ ရွှေထွက်တဲ့ ချောင်း နဲ့ ချောင်းဖျားက တောင်ကျောကို သိမ်းလိုက်ပါတယ် ။ လုပ်စားနေသူတွေကို နှင်ထုတ်ကြပါတယ် ၊ ဒေသအပိုင်က ပအို့ဝ် လက်နက်ကိုင်နယ် ဖြစ်နေတော့ အားလုံး စိတ်မကောင်းစွာနဲ့ ပြန်လာကြရပါတယ် ။ 

      နယ်မြေကို လက်ဝါးကြီးအုပ်ပြီး ရွှေကျောကြီးကို မောင်ပိုင်ဆီး စီးပွားရှာလိုက်တာ အံ့သြစရာ​​ဖြစ်ရပုံက ရွှေကျောကြီးဟာ လုံးဝ ပျောက်ကွယ်သွားပြီး စရိတ်စကျတွေ သောက်သောက်လဲ အရှုံးပေါ် သွားရပါတယ် ။ 

         ထို့အတူပဲ မိုးထိမိုးမိ တောင်ကျောပေါ်မှာ ဧရာမ ရွှေသိုက်ကြီး တွေ့ရှိတူးဖော်နေရာမှ NLD လို ဘာသာဖျက် ပါတီ လက်ထက်မှာ ကန်းသွားရပြီး ရွှေတွင်းသူဌေးတောင် အခုထိ ထောင်ထဲမှာ နေရတုန်းပါပဲ ။ 

            ဒီတော့ မင်းကောင်းရင် တိမ်မြှပ်နေတဲ့ တိုင်းပြည်ရတနာတွေ ပြန်လည်ပေါ်ထွက်လာနိုင်ပါတယ် ။ ဒီလုပ်ငန်းတွေ ပြန်လည်စတင်သင့်ပါပြီ ။ 

         တနေ့က ရတနာမုဆိုးတွေ အကြောင်း ရေးလိုက်ပါတယ် ။ ယခုပဲ ဝမ်းသားစရာ သတင်းကောင်း ကြားရပါတယ် ။ မွန်ပြည်နယ်ရှိ အင်မတန်ကြီးမားတဲ့ ရတနာသိုက်ကြီးကို တူးဖော်ခွင့် တင်လိုက်ပြတာက NLD လက်ထက်ကဖြစ်ပါတယ် ။ 

        ပြည်နယ်ဝန်ကြီးချုပ် ဦးအေးဇံက ညစ်ပတ်ပြီး ခွင့်ပြုချက်မပေးပဲ သူကိုယ်တိုင် တူးယူဖို့ ကြိုးစားပါတယ် ။ သို့သော် တွင်းပြိုပြီး လူလေးဦး သေဆုံးခြင်းနဲ့ နိဂုံးချုပ်သွားပါတယ် ။ 

        ယခုအခါ ယင်းကိစ္စအား သိရှိသွားတဲ့ နစက အနေနဲ့ မူလက လျှောက်ထားသူ ကုမ္ပဏီအား ပြန်လည်တူးဖော်ခွင့် ပြုလိုက်ပြီလို့ သိရပါတယ် ။ 

         သတင်းဇစ်မြစ်ရဲ့ ဖော်ထုတ်ချက်အရ အင်မတန် များပြားတဲ့ ပမာဏမို့ တိုင်းပြည်ပြန်လည်ထူထောင်ရန် ကြီးမားသော အထောက်အပံ့ဖြစ်စေနိုင်တဲ့ အထိ များပြားတယ်လို့ သိရပါတယ် ။ သတင်းမှန်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။ 

           နောက်တခုက ယနေ့ ၅၄ ခြံ သတင်းကလည်း အံ့သြစရာပါပဲ ။ ဒါမျိုးဆိုတာ အတွင်းလူ သတင်းပေးရှိမှသာ အတိအကျ ရနိုင်တာမျိုး ဖြစ်ပါတယ် ။ အချို့က အကြောင်းအမျိုးမျိုးကြောင့် မချစ်သော်လည်း အောင့်ကာ နမ်းနေရတဲ့ အတွင်းလူတွေ ရှိနေပါတယ် ။

          ဘာပဲပြောပြော အကြမ်းဖက် ဗုံးခွဲမယ့် လူယုတ်မာတွေ ကိုယ့်ဘာသာ ဗုံးပြန်ကွဲပြီး ဂွင်းဆက်တွေ ဖော်ထုတ် ရမိတာအစ ၊ တောထဲကို အဖျက်သင်တန်းတက်နေရင်း အချင်းချင်း သတ်ဖြတ်ခံရတဲ့ ကိစ္စတွေ အားလုံးကလည်း အုပ်ချုပ်သူတို့ရဲ့ ဘုန်းကံလို့ ဆိုရမလို ဖြစ်နေပါပြီ ။ 

        တိုင်းပြည်ရဲ့ ကံကြမ္မာအား အဖျက်စွမ်းအား အနှောက်အရှက်များစွာ ပြည်တွင်း ပြည်ပ အောက်လမ်းနည်း များစွာတို့ နဲ့လည်း စီရင်ခဲ့ကြတာ သေချာပါတယ် ။ 

        နိုင်ငံတော်အနေနဲ့ တတ်နိုင်သလောက်တော့ ပြန်လည်ဖြေထုတ်ဖို့ ကြိုးစားဆောင်ရွက်နေကြပါတယ် ။ ကျနော်တို့လည်း ယုံကြည်ခြင်း မယုံကြည်ခြင်းအား အပထားပြီး တတ်စွမ်းရှိသော ပညာရှင်အစစ်များနဲ့ ချိတ်ဆက်ကူညီ အားဖြည့်ဖို့ ကြိုးစားနေပါတယ် ။ 

          ဘာပဲပြောပြော ဘုန်း သမ္မာခြင်း ၊ သီလ သမာဓိ ပညာခြင်း တခြားဆီ ဖြစ်နေတဲ့ အတွက် အချိန်တန်ရင် အမှန်တရားလက်ကိုင်ထားတဲ့ တပ်မတော်က အထက်စီးက တည်ငြိမ်စွာ နေရမှာပဲ ဖြစ်ပါတယ် ။ 

      သာသနာဖျက် လူယုတ်မာတို့ရဲ့ သွားမြဲလမ်းကတော့ ဖြောင့်ဖြူးနေတဲ့ ငရဲလမ်းပဲ ဖြစ်ပါတယ် ။ 

 - တိုင်းပြည်အတွက် ရတနာများ ပေါ်ထွန်းလာပါမယ် 

- အဖျက်သမားများ လုံးပါးပါးပြီး ကွယ်ပျောက်ရပါမယ် 

       ဒါတွေက ယုံရခက် မယုံရခက် ဘယ်လောက်ပဲ ဖြစ်နေပါစေ မလွဲမသွေ ဖြစ်လာရမယ့် အကျိုးတရားတွေဖြစ်ပါတယ် ။ 

       ကိုရွှေမျိုးဝင်း