Saturday, October 9, 2021

ဟန်နီ 🎁


NLD အစိုးရ ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ဇနီးဖြစ်သူ
ဒေါ်ခင်မိကြွယ်ကလည်း ဒေါ်အောင်
ဆန်းစုကြည် အဂတိလိုက်စားမှုများနဲ့
ပတ်သက်ပြီး တရားရုံးမှာ တရားလိုပြ
သက်သေအဖြစ် ထွက်ဆိုသွားမယ်လို့
သိရပါတယ်။

ဒေါ်ခင်မိကြွယ်ဟာ တပ်မတော်က
အာဏာထိန်းသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်
ဖေဖော်ဝါရီလ(၁)ရက်နေ့နောက်ပိုင်း
အထိ Facebook လူမှုကွန်ယက်ကို
ဆက်လက်အသုံးပြုပြီး ဆန္ဒပြပွဲတွေ
ကို ဝန်းရံခဲ့ပါတယ်၊ အဲ့ဒီကာလာဟာ
သူမရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်းကို
နစက အစိုးရက ထိန်းသိမ်းထားတဲ့
ကာလလည်းဖြစ်ပါတယ်။

၂ဝ၂၁ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့မှာ
တော့ ထိန်းသိမ်းခံထားရတဲ့ဦးဖြိုးမင်း
သိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို
အမေရိကန်ဒေါ်လာ(၆)သိန်းနဲ့အကယ်
ဒမီရွှေ(၇)ပိဿာ ပေးခဲ့ရကြောင်း ရုပ်/
သံကနေ ပြည်သူလူထုထံကိုဝန်ခံပြော
ကြားခဲ့ပါတယ်။

အဲ့ဒီ ရုပ်/သံ ထွက်ပြီးနောက်ပိုင်းမှာ
တော့ ဒေါ်ခင်မိကြွယ်ဟာ Facebook
သုံးစွဲခြင်းကို ရပ်နားခဲ့ပြီး သူမရဲ့လုံခြုံ
ရေးအတွက် ခင်ပွန်းဖြစ်သူ ဦးဖြိုးမင်း
သိန်း၏ ဆန္ဒအရ လုံခြုံမှုအပြည့်အဝ
ရှိတဲ့ ဦးဖြိုးမင်းသိန်းထံမှာ လိုက်ပါ
နေထိုင်လျှက်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်ခဲ့
တဲ့ အောက်တိုဘာလ(၁)ရက်နေ့ ရုံး
ချိန်းမှာလည်း ဦးဖြိုးမင်းသိန်းဟာ
သူ ယခင်က ရုပ်/သံ မှာ ဝန်ခံပြော
ကြားခဲ့တဲ့အတိုင်းပဲထွက်ဆိုခဲ့ပါတယ်။

သူ့ရဲ့ဝန်ခံထွက်ဆိုမှု ရုပ်/သံ ဖိုင်တွေ
ကို ပြန်ကြည့်မယ်ဆိုရင် အတင်းအဓမ္မ
စေခိုင်းခြင်းခံရတဲ့ အခြေအနေမျိုးကို
မတွေ့ရပဲ အဖြစ်မှန်တစ်ခု၊ အမှန်တ
ရားတစ်ခုကို ပြောကြားနေတဲ့ အနေ
အထားကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းဟာ ၁၉၈၈ ခုနှစ်မှာ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊
၂၀၁၀ ခုနှစ်မှာ ပြည်သူ့ဒီမိုကရေစီ
ပါတီတွေမှာ လုပ်ကိုင်ခဲ့ပြီး ၂၀၁၂
ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ပါတီ၊ လှည်းကူးမြို့နယ်ကနေ
ဝင်ရောက်အရွေးချယ်ခံခဲ့တာဖြစ်
ပါတယ်၊ NLD ပါတီဟာ သူ့ရဲ့မိခင်
ပါတီတော့ မဟုတ်ခဲ့ပါဘူး။

ဒီကနေ့မှာတော့ ဦးဖြိုးမင်းသိန်းရဲ့
ဇနီးဖြစ်သူ ဒေါ်ခင်မိကြွယ်ဟာလည်း
ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်
စားခဲ့တာတွေနဲ့ပတ်သက်ပြီး တရားလို
ပြသက်သေအဖြစ်နဲ့ တရားရုံးမှာ ဝန်ခံ
ထွက်ဆိုချက် ပေးတော့မှာပဲ ဖြစ်ပါ
တယ်။

ချစ်ခြင်း မုန်းခြင်းတွေကင်းပြီး အမှန်
တရားကိုလက်ခံနိုင်ကြခြင်းဖြင့် စစ်
မှန်တဲ့ ဒီမိုကရေစီ စနစ်သစ်တစ်ခုကို
စောင့်မျှော်ကြရအောင်လားဗျာ။

#MTN