အစိုးရအနေနဲ့ ပြည်သူလူထု မကောင်းကြောင်းပြောတာ မသင့်တော်ပါဘူး ၊ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူအချင်းချင်းကတော့ ပြောလို့ရတယ် များများပြောသင့်တယ် ။ ဒီရက်ပိုင်းဖတ်မိတဲ့ မန့်များကို လက်တွေ့ကျကျ နိုင်ငံရေးအတွေ့အကြုံနဲ့ ပြောကြည့်ချင်တယ် ။
၁။ ဓမ္မ ၊ အဓမ္မ ကိစ္စကို ဥပမာအချို့ပေးပြီး စဉ်းစားစေချင်တယ် ။ လက်ရှိမှာ လွှမ်းမိုးမီဒီယာအများစု ၊ အင်န်ယူဂျီရဲ့ဝန်ကြီးအချို့လုပ်ကိုင်ခဲ့တဲ့ အင်န်ဂျီအိုကနေ မန္တလေးကို တရုတ်ကပိုင်သွားတယ်ဆိုတဲ့ အတွေးမျိုး ဖြန့်ချီခဲ့တယ် ။ ဒါပေမယ့် အမှန်တရားက မန္တလေးကိုအဓိကဝင်နေတာ တောင်ပေါ်တိုင်းရင်းသားအုပ်စုပါ ။ (တကယ့်တရုတ်က ကျောက်စိမ်းလာဝယ်ဝယ် ၊ စက်ရုံပဲလာဖွင့်ဖွင့် ငှားထားတဲ့အိမ်မှာ (သို့) ဟိုတယ်ထဲမှာနေတာပါ ) အခုကျတော့ တိုင်းရင်းသားကို ခင်အောင်လုပ်ပြီး ကြားကောင်းအောင် ဖယ်ဒရယ်စနစ်တဲ့ ။ တကယ်တမ်းက ပြည်နယ်အစိုးရကို ပြည်နယ်လွှတ်တော်ကနေဖွဲ့တဲ့ကိစ္စလဲ သူတို့ပဲဖျက်တာပဲ ။ ခုတမျိုး တော်ကြာတမျိုးဆိုတာ ကျင့်ဝတ်နဲ့မညီပါဘူး ။
၂။ စာဖတ်သူကမေးတာ - အခြားနိုင်ငံမှာ နိုင်ငံရေးဘယ်လောက်ရှုပ်ရှုပ် ပြည်သူစီးပွားရေးဘာကြောင့် မထိတာလဲဆိုတဲ့ မေးခွန်းကို ဖြေချင်တာက ၊ သူများဆီမှာ အများပြည်သူက လည်ပြီး နိုင်ငံရေးဝင်မပါဘူး၊ လုပ်ခိုင်းတဲ့သူလဲ သိပ်မရှိဘူး ။ ကျွန်တော်တို့ဆီကျတော့ ကိုယ့်ဘာကိုယ် ပါချင်မှပါမယ် ၊ သူများကိုအတင်းနှိုးဆော်ပြီးလုပ်ခိုင်းတဲ့များလို့ ပြည်သူအချို့လဲ မလည်ပဲ ကိုယ့်ဘဝ ကိုယ့်အသက်တောင် စတေးချင်တယ် ။ အထူးသဖြင့် လစ်ဘရယ်ဒီမိုကရေစီဆိုတာ အခုခေတ်စီးပွားရေးနဲ့ ကိုက်တယ် မကိုက်ဘူး ပညာရှင်များ အငြင်းပွားမှုများနေတဲ့အချိန်မှာ က်ုယ့်နိုင်ငံအတွက် ကောင်းဖို့မသေချာတဲ့အချိန်မှာ မတန်ဘူးလို့ အကြံပြုချင်တယ် ။ ကိုယ်မလုပ်ချင်တဲ့အရာကို သူများကိုအတင်းမလုပ်ခိုင်းပါနဲ့ဆိုတဲ့ ကျင့်ဝတ်နဲ့မကိုက်ပါဘူး ။
၃။ သမိုင်းအတွေ့အကြုံအရ ဆန္ဒပြမှုကို လူသောင်းချီပါပြီဆိုတာနဲ့ လူကြမ်းလူရမ်းမရှိဘူးလို့ ဘယ်သူမှအာမမခံနိုင်ဘူး ။ အဲ့ဒီတဆင့်ကနေ ပြည်သူနဲ့ ရဲ ကြား အထိကရုဏ်းဖြစ်ကိုဖြစ်ပါမယ် ။ ဖြစ်သွားတော့ လွှမ်းမိုးမီဒီယာကနေတဆင့် သူတို့ရဲ့ ကျောထောက်နောက်ခံ သဘောကျဖို့အတွက် ဖွလိုက်တာနဲ့ မလည်တဲ့သူကတော့ ဒေါသထွက်ပြီး ဂျင်းထဲပါသွားမှာပဲ ။ ရခိုင်ကိစ္စမှာ တကမ္ဘာလုံး ရှော်ခ့်ဖြစ်အောင် လုပ်နိုင်တာ ၊ အခုကိစ္စက ပိုဆိုးဖို့ပဲရှိတယ် ။
စနစ်မကျတဲ့ အုပ်ချုပ်မှုကြောင့် ကျွန်တော်တို့နိုင်ငံမှာ အစိုးရနဲ့ပြည်သူဆိုတာ အမြဲရန်ဖြစ်နေသလိုပဲ ။ ဘယ်အစိုးရတက်တက် ည့ံနေတယ်ဆိုတာ လူတိုင်းမြင်တာပဲ ။ ဝန်ထမ်းအများစုက သူတို့အလုပ်ကို စိတ်တိုင်းမှမကျတာ ။ အခုခေတ်စကားဆိုရင် အစိုးရထဲမှာ ဒလန်အများကြီးပါပဲ ။ ခေါင်းဆောင်အနည်းစုပဲရှိတယ် ၊ အများစုကကျွန်တော်တို့ပြည်သူလူထုပဲ ။ အချင်းချင်း မတိုက်သင့်ဘူး ။ အခုလို ရာနဲ့ချီအသတ်ခံရတာ ၊ သံလမ်း တံတား လျှပ်စစ်တာဝါတိုင် စသဖြင့် ဖျက်စီးတာမျိုးလဲ တကယ့်အကြမ်းဖက်သမားလုပ်ရပ်ပါ ။ ကျွန်တော်တို့ တွေ့မြင်တာက နိုင်ငံရေးပါဝင် မလှုပ်ရှားရင် စစ်တပ်ကိုကြောက်စရာမလိုပဲ လူထုဘက်ကို ကြောက်ရလို့ တွေ့ထားတယ် ။ နောက်ဆုံးမှာ တရုတ်နဲ့အမေရိကန် အားပြိုင်မှုဆိုတာ ကျွန်တော်တို့နဲ့ လုံးလုံး မပက်သက်ပါဘူး ။ ကိုယ့်နိုင်ငံ ကိုယ့်လူထုရဲ့ အကျိုးစီးပွားအတွက် ပါဝင်မပက်သက်သင့်ပါဘူး ။ အခုတွေ့နေတဲ့ တရုတ်ဘက် ဘာအသံမှမထွက်ရဲဘူးဆိုတာ ကျွန်တော်တို့ကိုကြောက်ရတဲ့အဆင့် ဖြစ်နေတာ ရေရှည်စီးပွားရေး ဘယ်လိုလုပ်သွားရမလဲ ။
နိုင်ငံရေးဆိုတာ ဓမ္မ ၊ အဓမ္မ ကွဲပြားခြင်းမဟုတ်ပါ ။ ကိုယ့်အကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားပေါ်မှာ လက်တွေ့ကျမကျပဲ သုံးသပ်သွားရမယ် ။
Credit