Sunday, October 17, 2021

▪️သူတို့ဖက်ကစကားတစ်ခုရှိတယ်။ ငါတို့ကတဲ့ နိုင်ငံရေးကိုနားမလည်ပါဘူးတဲ့။ မတရားလို့ဝင်ပါရတာတဲ့။ ငါတို့ဟာနီပိန်းမဟုတ် NLD fan မဟုတ် အန်တီစု fan မဟုတ်ဆိုပဲ။🥴


▪️ဒီစာက အဲ့ဒီအုပ်စုအတွက်ရေးတာ။

▪️ငါမေးမယ်။ 
     နိုင်ငံရေးကိုနားမလည်ရင် ဘာလို့ဝင်ပါတာလဲ?
     ကိုယ်နားမလည်တဲ့နယ်ပယ်က ပြဿနာရပ်ဆိုရင်
     ဝင်မပါနဲ့လို့ နင်တို့မိဘက မသင်ထားဘူးလားဟင်။
     ကိုယ်နားမလည်တဲ့အရာဆိုမှတော့ 
     မှားလားမှန်လားနင်တို့ဘယ်လိုသိလဲပြောစမ်းပါဦး။
     ရွှေအကြောင်းမသိဘဲ ရွှေအတုအစစ်ဘယ်လိုခွဲမလဲ။

▪️နင်တို့ဒီလောက်ထိ မတရားတာကိုသိနေမှတော့
     NLD မဲခိုးနေတုန်းက 
     တရားတယ်ထင်လို့ငြိမ်နေတာပေါ့နော်။
     မဲခိုးတာကိုဖြေရှင်းပါလို့ ပါတီပေါင်းစုံနဲ့စစ်တပ်က
     ဝိုင်းတောင်းဆိုနေကြတုန်းက
     တရားတယ်ထင်လို့ ဝင်မပါကြတာလား။😏

▪️ပြောတော့ နီပေါမဟုတ်ဘူးဆိုပြီး 
     လမ်းပေါ်ထွက်ကြတော့
     ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို
     သတ်ဖို့မဟုတ်ဘူးဆိုတာကို ဘာလို့လိုက်အော်တာလဲ?
     အဲ့တုန်းက မပစ်သေးဘူးလေ။
     နီပေါတွေအော်တာ ဘာလို့လိုက်အော်လဲပြော။

▪️စု ရွေး လွှတ်ဆိုတဲ့ ဟာကြီးကိုရော
     ဘာလို့လိုက်အော်တာလဲ?
     R2P လာပါဆိုတာကရော နင်တို့လိုက်လုပ်တာပဲလေ။
     နီပေါတွေကိုဆရာတင် နီပေါတွေခိုင်းတာ
     အကုန်လိုက်လုပ်ပြီးတော့ ငြင်းသေးတယ်
     ငါတို့က နီပေါမဟုတ်ပါဘူးတဲ့လား။🥴

▪️နီပေါတွေက သူတို့ပါတီက မဲပဲခိုးခိုး 
     ပြည်သူ့ဘဏ္ဍာပဲခိုးခိုးရတယ်။ကျေနပ်တယ်။ 
     နင်တို့က တရားတာကိုပဲ
     လိုချင်တာဆိုရင် NLD ဟာရွေးကောက်ပွဲမှာ
     အခြားပါတီတွေအပေါ်မတရားမှုပြုတာကိုလည်း
     နင်တို့ကာကွယ်လေ။
     ဒါမျိုးကျ မသိတော့ဘူးလားဟမ်။
     
▪️မဲသမာမှုပြုခံခဲ့ရတဲ့ပါတီတွေနဲ့ ပြည်သူတွေ
     လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ရတဲ့
    ၂၀၂၁ (၁) လပိုင်းတုန်းကနင်တို့ဘယ်ချောင်မှာ
     သွားနေနေသလဲ တွေးစမ်း။
     အဲ့ဒီတုန်းကလည်း လမ်းပေါ်ထွက်တယ်ဆိုပြီး
     ရဲကရိုက်တယ်လေ။
     အဲ့ဒီမြင်ကွင်းကျတော့
     တရားလို့ထိုင်ကြည့်နေခဲ့တာပေါ့နော်။

▪️ထပ်ပြောဦး။
     လက်နက်အားကိုးပြီးအနိုင်ကျင့်တာမကြိုက်ဘူးလို့။
     ဒါဆို လက်နက်မပါဘဲ အာဏာနဲ့
     အနိုင်ကျင့်တာကျတော့ ရတယ်ပေါ့။
     အခု PDF တွေ လက်နက်အားကိုးနဲ့ 
     ပြည်သူကိုသတ်တာကျတော့ရတယ်ပေါ့။ 
     အဲ့သလိုလား။

▪️နိုင်ငံရေးကို နင်တို့ နဂဏန်းတစ်လုံးတောင်
     မသိတာကိုတော့ ငါလက်ခံတယ်။
     တကယ်ကိုမသိတာနင်တို့က။
     ဒါကြောင့် အာဏာမထိန်းခင်
     နိုင်ငံရေးဗျူဟာ ပရိယာယ်နဲ့
     နိုင်ငံရေးစည်းထဲကနေ တပ်မတော်ရဲ့
     ကြိုးစားမှုတွေကို နင်တို့ကိုမပြောဘူးနော်။
     မသိမှတော့ ငါပြောပြလည်းအပိုပဲလေ။

▪️တရားတဲ့ဘက်မှာ‌နေမယ်ဆိုတဲ့ နီပေါမဟုတ်သူများမို့
     တရားခြင်း မတရားခြင်းကိုပဲ ငါမေးတာ။
     ဖြေကြည့်ပါဦး နဖူးပေါ်လက်တင်ပြီး။😏

▪️စကားကုန်ပြောမယ်နော်။
     နင်တို့ဒီလောက်ထိ တိုက်ချင်နေရင် 
     စစ်တပ်ကိုဒဲ့တိုက်လေ။
     နင်တို့ နီပေါမဟုတ်သူရော ဟုတ်သူရော
     အကုန်ထွက်တိုက်လေ ရတာပဲ။

▪️ဘေးက လက်နက်မဲ့ပြည်သူကဘာအပြစ်ရှိလို့လဲ။
     သူတို့က နင်တို့ကိုဘာလုပ်နေလို့လဲ။
     စောင့်ကြောက်တွေ‌လို့ပြောရင်လည်း 
     ငါ့ကိုတင်းကြဦးမယ်။
     မခုခံနိုင်တဲ့ ပြည်သူနဲ့တာဝါတိုင်ချိုးနိုင်တာလေးကိုပဲ
     ဂုဏ်ဆာနေရတဲ့ နလပိန်းတုံးတွေကများ
     ရာရာစစ ဓမ္မတရားတွေ အမှန်တရားတွေ
     တရားမျှတခြင်းတွေကို ထုတ်ပြောရဲ‌တယ်။ထွီ 🤮

▪️နင်တို့က နီပေါမဟုတ်ဘူး။
     နီပေါထက်တောင် ငပေါကျတဲ့ နီပေါတပည့်။
     နီပေါတွေရဲ့ ခိုင်းဖက်။ နီပေါတွေရဲ့ ကျွန်စစ်စစ်။

▪️နီပေါဆိုတာတောင် တိုင်းပြည်မှာတော်တော်ကို
     ဘောင်မဝင်တာဟယ်။ နင်တို့ဆိုသွားပြီ။

▪️တော်တော်ဝေးဝေးကို သွားလိုက်တာ။🥴🤣

#SniperSu

Photo credit


Related Posts:

  • မောင်ပြန်ခလုပ် ဒေါင်းအလံ အုပ်လို့စောင်းသံ  ကျွန်ုပ်ကြားချင်ပြီ( တာရာမင်းဝေ )မောင်းပြန် ခလုပ်ဒေါင်းအလံ  စုတ်လို့စောင်းသံ အဟုတ်     ကြားနေရပါပြီ။(ZTM)=========အတည်ပါ မဆဲနဲ့နော်ကိုယ်တို့ကပြန်မဆဲတတ်ဖူး 😊🇲🇲STM … Read More
  • 🍄 ဖြစ်နှိုင်ခြေရှိမှု Possibility.ခပ်ငယ်ငယ်တုန်းက ဘာလုပ်လုပ်သိပ်မတွေးပဲလုပ်တတ်ကြပြီးပညာနဲ့ အတွေ့အကြုံက ဖြစ်နိုင်ခြေရှိမှုPossibility ကိုစဉ်းစားနှိုင်စေပါတယ်၊Management သင်ထားသူတွေနဲ့လုပ်ငန်းကြီးကြီး အတွေ့အကြုံရှိသူတွေကပိုပြီး ထောင့်စုံအောင် တွက်ချက်လာနှိုင်ကြ… Read More
  • Covid-19 ကာကွယ် တားဆီးနိုင်ရန် လွယ်ကူပြီး ဆေးဝါးမလိုသည့် နည်းလမ်းDr Askari ဆိုသူသည် အီရန်နိုင်ငံ တီဟီရန်မြို့ရှိ ဆေးရုံတစ်ရုံတွင် တာဝန်ထမ်းဆောင်နေသည်မှာ နှစ်ပေါင်း ၂၀ခန့်ရှိနေပြီဖြစ်ပါသည်။ ၄င်းမှ Covid-19 Corona Virus ကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန်အတွက် အလွန်လွယ်ကူပြီး ဆေးဝါးမလိုအပ်သည့် … Read More
  • အကျိုးပေးက မြန်လှတယ်- ဆန္ဒပြရာမှာ သံဃာတော်တွေ မပါရကောင်းလားဆိုပြီး သံဃာတော်တွေရဲ့ပုံကို ပထမဆုံး ထမိန်ကပ်တဲ့မြို့- စစ်တပ်က သတင်းရလို့အဖမ်းခံရတာကို သံဃာတွေကြောင့်ဆိုပြီး ကျောင်းတွေတံခါးမှာ ပထမဆုံး ထမိန်ချိတ်တဲ့မြို့- ကိုဗစ်ကာလ အတွင်းမှာ စံချိန်တင်… Read More
  • PDF အကြမ်းဖက်သမားအားမြောက်ဥက္ကလာမှာ ဖမ်းမိ...#KNUတပ်မဟာထဲမှာဖောက်ခွဲရေးသင်တန်းဆင်းပီး ပြန်လာတဲ့ PDF အကြမ်းဖက်သမားအားမြောက်ဥက္ကလာမှာ ဖမ်းမိ...မဟုတ်ပါဘူး ငြင်းနေမှာဆိုးလို့ KNU နယ်ထဲမှာ ရိုက်လာတဲ့ ပုံလေးတွေနဲ့ပါ တွဲတင်ပေးလိုက်တယ်ဒီကောင်ရဲ့ ကွင်းဆက်တွေ အများကြီးလည်းဖမ… Read More