Monday, July 5, 2021

အကျိုးပေးက မြန်လှတယ်


- ဆန္ဒပြရာမှာ သံဃာတော်တွေ မပါရကောင်းလားဆိုပြီး သံဃာတော်တွေရဲ့ပုံကို ပထမဆုံး ထမိန်ကပ်တဲ့မြို့

- စစ်တပ်က သတင်းရလို့အဖမ်းခံရတာကို သံဃာတွေကြောင့်ဆိုပြီး ကျောင်းတွေတံခါးမှာ ပထမဆုံး ထမိန်ချိတ်တဲ့မြို့

- ကိုဗစ်ကာလ အတွင်းမှာ စံချိန်တင်ကူးဆက်မှု့ အများဆုံးဖြစ်သည့်မြို့

- ကိုဗစ်ရောဂါနဲ့ တစ်လအတွင်း လူနာ ၃၀၀ ကျော် သေတဲ့မြို့

- စစ်တပ်ဌါနချုပ်ကို PDF တွေ ပထမဆုံး ဝင်တိုက်ခိုက်တဲ့ မြို့

- ဒီမြို့ကြီးဟာ နောက်နှစ်ရက်ခန့်မှာ ခြောက်ခြားဖွယ်ရာ မြို့ပျက်ကြီး တစ်ခုအသွင်သို့ ရောက်ရှိတော့မည်။

ကလေးမြို့ အခြေအနေဆိုးလား မဆိုးလားဆိုရင် လမ်းတိုင်းမှာ နာရေးဆိုင်းဘုတ်ရှိတယ်။ တချို့လမ်းတွေဆို နာရေးဆိုင်းဘုတ်တစ်ခုမကလို့ တစ်အိမ်က လမ်းထိပ်မှာထောင်ထားရင် တစ်အိမ်ကကိုယ့်အိမ်ရှေ့ကိုယ်ပဲထောင်ထားရတယ်။ 

နာရေးအိမ်မို့ လာကူမယ့်သူတွေနဲ့နာရေးသတင်းမေးတဲ့သူတွေရှုပ်ယှက်ခတ်နေမယ်လို့မထင်ပါနဲ့။ ကိုယ့်အိမ်နာရေး ကိုယ့်မိသားစုနဲ့ကိုယ်ပဲရှိတာ ရက်လည်ဆိုလည်းလမိသားစုနဲ့ဆွေမျိုးအနည်းငယ်ပဲ။ တချို့နာရေးအိမ်တွေဆို တရားခွေဖွင့်သံမကြားရ ညဆိုလည်း မီးပိတ်ပြီးတိတ်တိတ်ဆိတ်ဆိတ်ပဲဖြတ်သန်းနေကြရတာ ..

အခုဆို ဆိုင်တွေတင်မကဘူး အိမ်တိုင်းလိုလို တံခါးတွေပိတ်ထားကြတာ။ ဧည့်သည်မပြောနဲ့ အလုပ်ကိစ္စဆိုရင်တောင် အိမ်ထဲအဝင်ခံတယ်ဆိုတာ ရှားသွားပြီ။ ဘာပစ္စည်းပဲလိုလို အလွယ်တကူ ဝယ်လို့မရတော့ဘူး။ ဆိုင်တွေပိတ် ကားလမ်းတွေပိတ်နဲ့

Covid Third waveကို မယုံဘူးဆိုတဲ့သူတွေ ကလေးမြို့ကိုပဲ လာကြည့်ပါ။ မကြာပါဘူး တစ်ရက်နှစ်ရက်လောက်ပဲနေကြည့်ပါ။ လမ်းမပေါ် အောက်ဆီဂျင်ဗူးတွေနဲ့ ဥဒဟိုသွားလာနေရတဲ့မြင်ကွင်းကို ခဏပဲ ခံစားကြည့်ပါ ၊ စာနာကြည့်ပါ။ ဒါကလေးမြို့လေးမှာဖြစ်နေတဲ့ Covid Third Wave ရဲ့ ပြယုဒ်တွေပါ။ (မူရင်း)
Crd.

Related Posts:

  • အဆိုတော်ဆောင်းဦးလှိုင်ရဲ့ ရန်ပုံငွေရှာဖွေခရီးစဉ်လို့အမည်ပေးထားတဲ့တကိုယ်တော်နယ်လှည့်ဖျော်ဖြေပွဲကိုပြီးခဲ့တဲ့သြဂုတ်၂၈ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီးမြို့ကြီး၁၀ မြို့မှာကျင်းပသွားဖို့ ကြေညာထားခဲ့ပါတယ်။လတ်တလောမှာတော့ ပြီးခဲ့တဲ့ဖျော်ဖြေပ… Read More
  • ချစ်တဲ့ဆွေတော် မျိုးတော်တို့ရေလိုင်းပေါ်မှာမေတ္တာရှင်ရွှေပြည်သာဆိုပြီး"ပွင့်လင်းလာတဲ့ယနေ့ကမ္ဘာမှာလိမ်ဖို့မကြိုးစားပါနဲ့"ဆိုတဲ့စာသားနဲ့ post တခုတက်လာပါတယ် ဖတ်ကြည့်လိုက်တော့ဆရာတော်ကြီးတပါးနာမကျန်းလို့ဆေးကုသဖို့လှူတာကိုတပ်ထောက်ခံတဲ့ဆရာတော်တပါးကလှူလို့လက်မခံပ… Read More
  • ရုရှား သမ္မတ ပူတင်သို့ ကျေးဇူးပါ သမ္မပူတင်ကမ္ဘာ့စစ်ဘုရင်လို့တင်စားခင်င်္ဗျားဟာ မြန်မာများရဲ့ကျေးဇူးရှင်မြန်မာ့နိုဘယ်ရှင်အတုနဲ့ပြည်လုတဲ့လူတစု ကုလမှာတရားစွဲခင်င်္ဗျားဘဲကယ်ခဲ့တယ်မဟုတ်လား..? ဗုဒ္ဓဘာသာ ဗုဒ်ဓရဲ့သာသနာကိုကျုပ်တို့မြန်မာပြည်ကမျိုးပွားခင်္ဗ… Read More
  • ၁၉၉၅ -၁၉၉၆ လှည်းတန်းကျောင်းသားအရေးအခင်းအဲ့ဒီအရေးအခင်းက တက္ကသိုလ်ကျောင်းသားတွေ လှည်းတန်းလမ်းဆုံမှာ စုရုံးပြီး ဖယောင်တိုင်ထွန်းငြိမ်းချမ်းစွာ ဆန္ဒပြတယ်အဲ့ထဲမှာ ဗိုလ်ချုပ်ဓာတ်ပုံကိုင်ထားတာကကျောင်းသားမဟုတ်တဲ့ NLD ပါတီဝင် သီဟအပြင်ဘက်မှာကြည့်နေ စောင့်နေကြတာကNLD ဝန်းရံသူ… Read More
  • မြန်မာပြည်က စစ်သားတွေ ... အခြားနိုင်ငံက စစ်သားတွေလို မ ဟုတ်ပဲ ...... စားကောင်းသောက်ဖွယ်၊ ၀တ်ကောင်းစားလှ လူ့အသုံးဆောင်ကောင်းတွေ ဝေးနေတာကို့ .. သတိထားတဲ့လူက သိတယ်……မြန်မာပြည်က စစ်သားတွေ ... အခြားနိုင်ငံက စစ်သားတွေလို ..... ချပ်၀တ်တန်ဆာ ၊ လက်နက်ကရိယာ ..... မပေါ့ပါး ၊ မပြည့်စုံဘူး ၊ လိုအပ်တဲ့ Faci… Read More