Sunday, July 4, 2021

🍄 ဖြစ်နှိုင်ခြေရှိမှု Possibility.


ခပ်ငယ်ငယ်တုန်းက ဘာလုပ်လုပ်
သိပ်မတွေးပဲလုပ်တတ်ကြပြီး
ပညာနဲ့ အတွေ့အကြုံက ဖြစ်နိုင်ခြေရှိမှု
Possibility ကိုစဉ်းစားနှိုင်စေပါတယ်၊
Management သင်ထားသူတွေနဲ့
လုပ်ငန်းကြီးကြီး အတွေ့အကြုံရှိသူတွေက
ပိုပြီး ထောင့်စုံအောင် တွက်ချက်လာနှိုင်ကြတယ်။

ပါတ်ဝန်းကျင်ကိုကြည့်ရင်
အလုပ်ဖြစ်သူကနည်းပြီး
အလုပ်မဖြစ်တဲ့သူတွေများရတာ
အဲ့ဒီ Possibility ကိုမတွက်နိုင်ကြလို့ပါပဲ။

...............

🍄  CRPH, NUG အောင်မြင်နိုင်သလား ?

ရိုးသားပြီး၊ မသိသူတွေကထောက်ခံကြပြီး
သိသူတွေက မထောက်ခံကြပါဘူး၊
ရိုးသားသူတွေ၊ အတွေ့အကြုံနည်းသူတွေ
ကောင်းကောင်းအသုံးချခံရတဲ့ပွဲလို့
ဆိုရလိမ့်မယ်။

သာမာန်အားဖြင့်ဆိုရင် ဖြစ်နိုင်ခြေရှိမှုကို
    * ယုတ်တိဗဒေ    Logic
    * ဖြစ်နိုင်ခြေများ   possibilities 
ဆိုတဲ့ ရှုဒေါင့်က သုံးသပ်လေ့ရှိတယ်၊

မြန်မာ့ GDP (၅) နှစ်အတွင်း ၈% တိုးစေရမယ်
ဆိုတဲ့ အဆိုပြုချက်မျိုးက ယုတ္တိဗေဒအရ
ဖြစ်နိုင်ချေရှိပြီး၊ မြန်မာ့စီးပွားရေး (၃) ဆ
တင်စေရမယ်၊ ဂျက်လေယာဉ်ပျံလို
ထောင်တက်တော့မယ်ဆိုရင်တော့...
ဘယ်ကိန်းဂဏန်းမှကိုတောင် လေ့လာစရာ
မလိုပဲ မဖြစ်နိုင်ဘူးလို့ ယုတ္တိဗေဒအရ
ပြောရလိမ့်မယ်။

CRPH, NUG, CDM မအောင်မြင်နိုင်ဘူးဆိုတာ
အတွေ့အကြုံ အသင့်အတင့်ရှိသူတွေတောင်
အလွယ်တကူမြင်နိုငိတဲ့အရာပါ၊

....................

🍄   á€–á€źá€…á€şá€”á€­á€Żá€„á€şá€á€źá€ąá€›á€žá€­á€™á€žá€Żá€€á€­á€Żá€…á€­á€•á€şá€–á€źá€Źá€œá€ťá€„á€ş.....

အိမ်တွင်းကုန်စုံဆိုင်လောက်ဟာ
အလုပ်မဖြစ်ရင် အရှုံးအမြတ် သိပ်မကြီးပေမဲ့
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအဆင့်ကြရင်တော့
စည်းစိမ်ပြုတ်သွားနိုင်တယ်၊
အရပ်သုံး၊ အများသုံးက Possibility
စီမံခန့်ခွဲမှုအသုံးကျတော့ Feasibilty study၊

Possibility ကို စိပ်ဖြာကြည့်ရင်....
 *  Potential
 *  Ability
 *. Alternative 
 *. Likelihood 
 * Opportunity
 *. Permission
 * Authority

စတာတွေကိုတွေ့ရလိမ့်မယ်၊

( ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ နိုင်ငံရေးကို 
  ဘယ်လောက်အထိထဲ့တွက်သလဲဆိုရင်
  နောက်အစိုးရ "၂" ဆက်စာလောက်အထိ
  ဘယ်သူ့ဖြစ်လာမလဲကအစ တွက်မှ
  တော်ရုံကျပါတယ် )

CRPH, NUG အောင်မြင်နိုင်သလားကို
အပေါ်ပေးထားချက် ( အနည်းဆုံးပေးထားတာ ) နဲ့
ထဲ့တွက်ကြည့်ပါ၊

တခုမှ ဖြစ်နိုင်ခြေမရှိတာကိုတွေ့ရလိမ့်မယ်၊
အားကြီးတဲ့ စွမ်းဆောင်ရည်ဆိုတဲ့ Ability ကို
လေ့လာကြည်ရင်.... အစိုးရဖြစ်ဆဲမှာတောင်
ဘာမှဖြစ်အောင်မလုပ်နိုင်ရင်....
အာဏာထိမ်းမှုမဖြစ်အောင် မဟန်တားနိုင်သူက
ဘာမှမရှိတော့မှ ဘာကိုဖြစ်အောင်လုပ်မှာလဲလို့
မေးစရာ ဖြစ်လာစေပါတယ်၊

ဘမောင်တို့ စီးပွားရေးမှာ
ဌာနကြီးတခုကို ဦးဆောင်စေဖို့ (ဒါမှမဟုတ် )
လုပ်ငန်းခွဲတခုကို ဦးဆောင်မှုတာဝန်ပေးနှိုင်ဖို့
အဆင့်ဆင့်ဖြတ်သန်းလာသူ၊ စိတ်ချရသူကိုပဲ
ပေးလေ့ရှိတယ် ( Proven - စမ်းသပ်ခံပြီးသူ )
Track record မကောင်းသူ၊ မရှိသူကိုပေးမိရင်
လုပ်ငန်း ကျဆုံးမှာ သေခြာသလောက်ပါပဲ၊

ခပ်ကြမ်းကြမ်းဒဲ့ပြောရင် မဖြစ်နိုင် Impossibility.
နားဝင်ခံသာအောင်ပြောရရင် Least possibility.

..................

🍄  ကမ္ဘာ့အခြေအနေပြောင်းနေပြီ

Perspective view ဆိုတာ စူးစိုက်ရာတခုကို
ခြုံငုံမြင်တာ၊ ဒိထက်မြင့်တာက ဖြစ်နိုင်တတ်ရာ
တခုလုံးကို လွှမ်းခြုံမြင်နိုင်တဲ့ Holistic view.
အဲ့ဒီရှုဒေါင့်ကကြည့်ရင်...
ကမ္ဘာ့အခြေအနေ အခင်းအကျင်းကို
မေ့ထားလို့မရပြန်ဘူး၊

အခြေအနေတွေက 1990 နဲ့ တခြားစီ၊ ပြောင်းပြန်
အခြေအနေတွေ ဖြစ်နေတယ်၊ ဒါကြောင့်
လုံးဝမဖြစ်နိုင်ဘူးလို့ အစောကြီးထဲကရေးခဲ့တာ၊

အေး...
တခုတော့လုပ်လို့ရတာရှိတယ်
စခန်းသိမ်းလို့မရပေမဲ့ နှောက်ယှက်ပစ်ခတ်လို့တော့
ရပါတယ်၊ မြန်မာမှာ ခပ်ပိန်းပိန်းတွေများတာကိုး၊
နစက ကို စိတ်အနှောက်ယှက်ပေးရုံလောက်ပဲ
လုပ်လို့ရပါလိမ့်မယ်၊ ဒိထက်မပိုဘူး၊
နစကဖက်က Counter လာတတ်ရင်
အဲ့သလောက်တောင်လုပ်လို့ရတော့မှာမဟုတ်ဘူး။

..................

🍄  အချိန်အကုန်မခံကြပါနဲ့တော့

မဖြစ်နိုင်တာကို ဖြစ်နိုင်တယ်လို့ထင်ပြီး လုပ်နေတာဟာ
ဉာဏ်နည်းပါးရာ ကျတယ်၊
ကျောင်းတွေပိတ်ထားတာကြာပြီ၊ လုပ်ငန်းတွေ
ပုံမှန်မလည်ပါတ်နိုင်တာလဲကြာပြီ၊
အလုပ်လက်မဲ့တွေလည်းပိုများလာပြီ။

ဗီယက်နမ်တောင် 80% လောက်ပုံမှန်လည်ပါတ်နေပြီ
မြန်မာမှာ 30% လည်ပါတ်တယ်လို့ ပြောလို့မရသေး၊
ဒါကြောင့် မဖြစ်နိုင်တာတွေကို လုပ်နေမဲ့အစား
နိုင်ငံတည်ဆောက်ရေး၊ Normalcy ပြန်ရောက်ရေးမှာ
ပူးပေါင်းပါဝင်ကြဖို့လိုလိမ့်မယ်၊

လူဆိုတာ မှားတတ်ပါတယ်
အဆုံးမဲ့မှားသူထက်၊ အမှားသိလို့ အမှန်ပြန်ပြင်နိုင်တာ
တန်ဘိုးရှိပါတယ်၊ ကုသိုလ်လဲ ဖြစ်ပါတယ်၊

အမှန်ပြန်မြင်နိုင်ကြပါစေ။

နေဇင်လတ် ( 23.4.21 ) 🍄

Related Posts:

  • နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း မတော်တဆမှုတာဝန်ရှိမှု တွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ တပ်မတော်အရာရှိ/စစ်သည် တွေလည်းလွတ်ငြိမ်းထဲပါရင် ဝမ်းသာမိမှာပါအဘတို့...KS… Read More
  • 🍁 ဒါမျိုးမှ ကြယ်ကြွေတယ်လို့ခေါ်တယ်တကယ် ဖြောင့်တဲ့ မတ်တဲ့စစ်ဗိုလ်ချုပ်ကြီး၊နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပေမဲ့စစ်သားစိတ်နဲ့ နိုင်ငံရေးသမားကောင်းဗိုလ်ချုပ်ကြီး ကော်လင်းပါဝဲလ်၊ကိုဗစ်နောက်ဆက်တွဲရောဂါနဲ့အသက် (၈၄) မှာ လူ့လောက ကိုစွန့်ခွာသွားပြီ၊ဘွင်းတယ်၊ ရှင်းတယ်န်ုင်… Read More
  • ကဲ မြန်မာကွ ဇောင်းကြွချင်နေတဲ့ အာဆီယံအတွက် လက်ဆောင်လေး စပေးလိုက်ပါပြီ အာဆီယံရေ  á€€á€­á€Żá€šá€şá€ˇá€•ဋိညဏဉ် ကိုယ်ဖျက်တာကိုရှက်တတ်ရင်ပေါ့နော်…•••••••••••••••••••••••••••••••••••••••••"လက်ရှိမြန်မာအစိုးရသည် á€–ွဲအစည်းပုလဥခဟ္ခလြပဒ္နသငအ်ဥညဎ á€”á€­á€Żá€„á€şá€„á€śá€á€ąá€Źá€şá အာဏာကို á€›á€šá€°á€€á€ťá€„အ်သုလးန္သညအ် အစိုးရဖြစ်ကြောင်း၊ á€™á€źá€”á€şá€™á€Źá€Ąá€…á€­á€Żá€¸á€›á á€Ąâ€Ś Read More
  • လုပ်ရပ် နဲ့ ရလာဒ်        ဒီနေ့ တပ်ချုပ်ကြီးက ဖမ်းထားသူတွေ ၊ ဝရမ်းကပ်ထားသူတွေ စုစုပေါင်း ၅၀၀၀ ကျော် ပြန်လွှတ်လိုက်တယ် ။         အားလုံးသော ပြည်သူတွေ ရဲ့ သဘောထားတွေ ဟာ နှစ်ဖက်လုံးက အမြင် အသီးသီး နဲ့ သဘောထားမှတ်ချက်တွေ ပေးကြတယ် ။        á€€á€ťá€”္ဏ်အရ‌ Read More
  • သဒ္ဓါမဲ့သူတို့၏ ငြူဆူသံနှင့် သူတော်စင်တို့၏ ဆန္ဒအမှန်မဟာဗောဓိမြိုင်ဆရာတော်ကြီးကိုသွားရောက်ဖူးမျှော်ကြခြင်းနှင့်ပတ်သတ်၍အချို့သောသူတို့ပြောဆိုကြသည်မှာ''ဆရာတော်ကြီးကို သွားဖူးလို့ နိဗ္ဗာန်မရပါဘူးတရားဆိုတာ ကိုယ်ကျင့်မှကိုယ်ရမှာပါကိုယ့်အိမ်က ဘုရားဖူးရင်ရော ကုသိုလ်မရလို့လား?  á€Ąá€œá€€á€Źá€¸ ဘ… Read More