Monday, October 4, 2021

၁၉၉၅ -၁၉၉၆ လှည်းတန်းကျောင်းသားအရေးအခင်း


အဲ့ဒီအရေးအခင်းက တက္ကသိုလ်ကျောင်းသားတွေ 
လှည်းတန်းလမ်းဆုံမှာ စုရုံးပြီး ဖယောင်တိုင်ထွန်း
ငြိမ်းချမ်းစွာ ဆန္ဒပြတယ်

အဲ့ထဲမှာ ဗိုလ်ချုပ်ဓာတ်ပုံကိုင်ထားတာက
ကျောင်းသားမဟုတ်တဲ့ NLD ပါတီဝင် သီဟ
အပြင်ဘက်မှာကြည့်နေ စောင့်နေကြတာက
NLD ဝန်းရံသူတွေ
တိုက်အပေါ်ကနေ ပန်းအိုးတွေနဲ့ပစ်ချတာက
NLD ပါတီဝင်တွေနဲ့ထောက်ခံသူတွေ

သမိုင်းသိဖို့အကျဉ်းပြောရရင်တော့

ကျောင်းသားအရေးအခင်းဖြစ်နေတဲ့အချိန်
လှည်းတန်းလမ်းဆုံမှာ ထိုင်သပိတ်ဆင်နွဲ
ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသား
တွေကို ဒုတိုင်းမှုးဦးစီး စစ်ကြောင်းက
လူစွဲခွဲပေးဖို့ ကြေညာတယ် ဒါက မြို့ထဲဘက်ကလာတဲ့ အဓိကစစ်ကြောင်း 
(ကျနော်ကဒီစစ်ကြောင်းက ဒုတိုင်းမှုးနား)

လှည်းတန်းလမ်းဆုံကို ချီတက်ဝိုင်းထားတာက
လေးဘက်လေးတန် စစ်ကြောင်းချီလာနေတာ
လူစုခွဲပေးဖို့ကြေညာပေမဲ့ ကျောင်းသားတွေက
ကျောင်းသားသီချင်းဆိုပြီး ထိုင်သပိတ်ကို
ငြိမ်းချမ်းစွာလုပ်နေဆဲ

လှည်တန်းစျေးဘက်သွားအခြမ်းက ရပ်နေတဲ့
အဖွဲ့တွေက ခဲတွေနဲ့စပစ်တယ်  
အဲ့တော့
စစ်ကြောင်းကို အမိန့်ပေးတဲ့သူက ဘာမှအမိန့်
မပေးရသေးဘူး 

လခရ တပ်ဖွဲ့တွေက ခဲမှန်သူ
မှန်ဆိုတော့ လိုက်ဟေ့ လိုက် လို့တယောက်က
အော်တာနဲ့ တပ်ဖွဲ့ဝင်တွေအကုန်ဝိုင်းလိုက်
ကြတော့တာ 
မိတဲ့သူလည်းအရိုက်ခံရ အဖမ်းခံရ
လမ်းပေါ်က တပ်ဖွဲ့ဝင်တွေကို တိုက်ပေါ်ကနေ
ပန်းအိုးနဲ့ပစ်ချ  တော်တော်ရှုပ်ယှက်ခတ်ဖြစ်နေ
ကြပေမယ့် ကျောင်းသားတွေကတော့
တယောက်မှမထွက် အေးချမ်းစွာထိုင်သပိတ်
ဆင်နွဲနေတုန်းပါ 

အဲ့လိုနဲ့
စစ်ကြောင်းကလည်း လေးဘက်လုံးဝိုင်းထားပြီးမို့
အဲ့နားရှိတဲ့ ဝန်းရံသူ ထောက်ခံသူတွေကအစ
ကျောင်းသားတွေကို တယောက်ချင်း ကားတွေပေါ်
တက်ခိုင်း အကုန်ဖမ်း ကျိုက္ကဆံကိုပို့ပါတယ်
ညတွင်းချင်းဘဲ ကျောင်းသားအစစ်အမှန်တွေကို
ပြန်လွှတ်ပေးတယ် မိဘတွေဆီပြန်အပ်တယ်
ဟိုမိစ္ဆာပါတီကအဖျက်သမားတွေချည်းဘဲ
စစ်ကြောရေးစခန်းတွေ ပို့ပြီးထိန်းသိမ်းတယ်

တကယ်ဖြစ်ခဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တာအဲ့အတိုင်းပါကိုယ်တိုင်လည်းအဲ့တိုင်းဘဲကြုံတာကို မှတ်မိသလောက်ဗဟုသုတအဖြစ်ရေးတာပါ

                     Sai Thitoo