မြန်မာနိုင်ငံဟာ အာဆီယံကို ၁၉၉၇ မှာဝင်ခဲ့တယ်။
အခက်အခဲတွေကြားက တပ်မတော်အစိုးရက
အာဆီယံကို ဝင်ခဲ့တာ။
ဦးနေဝင်းလက်ထက်မှာ မဝင်ဘူး။
ဘာကြောင့်လဲဆိုတော့ အာဆီယံနိုင်ငံတွေထဲမှာ
ဘုရင်စနစ်၊ကွန်မြူနစ်စနစ်၊ဘာသာရေးစနစ်နဲ့
အုပ်ချုပ်တဲ့နိုင်ငံအပြင် နေတိုးတို့ ဆီတိုးတို့လိုကမ္ဘာ့
အင်အားကြီးအဖွဲ့ဝင်တွေနဲ့ပတ်သက်တဲ့နိုင်ငံတွေပါ
ပါနေလို့ မဝင်တာ။
သိုသော်လည်း ရွာကြီးက ကမ္ဘာကြီးဖြစ်သွားတာရယ်
အာဆီယံမူ(၆)ချက်ထဲမှာ သူတစ်ပါးနိုင်ငံရဲ့ပြည်တွင်း
ရေးကိုဝင်ရောက်မစွတ်ဖက်ရ ဆိုတဲ့အချက်ပါလို့
အာဆီယံထဲ ဝင်ခဲ့တယ်။
အခု - အာဆီယံက သူသတ်မှတ်ထားတဲ့မူကို ဖျက်ပြီး
သူ့နိုင်ငံ သူ့အကျိုးစီးပွားအတွက် နစကကို အကြပ်
ကိုင်တယ်။
နစက ကမလိုက်လျောဘူး။
မလိုက်လျောရင် ဘာလုပ်မလဲ။ တပ်ချုပ်ကြီးကို
အစည်းအဝေး မတက်ဘို့ တားမြစ်မယ်။
အဲ့ဒီတော့ တပ်ချုပ်ကြီးအနေနဲ့ မတက်ရရင်
အာဆီယံက နှုတ်ထွက်ပါ။
အာဆီယံက နှုတ်ထွက်ရမှာကို ကြောက်ပြီး
သူတို့တောင်းဆိုတဲ့ အတိုင်းလိုက်လျောခဲ့ရင်
NOV မှာ လုပ်မဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ
နစက အစိုးရကိုယ်စားလှယ် တက်ချင်ရင်
သူတို့ လိုချင်တာကို ပေးပါဆိုပြီး ထပ်ပြီးတောင်းဆိုကြမှာပါ။
တပ်မတော်အနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရင်
ရွေးကောက်ပွဲလုပ်ပြီး နိုင်တဲ့ပါတီကို အာဏာလွှဲပေး
ရမှာပဲ။အဲ့ဒီ အစိုးရလက်ထက်ရောက်မှ အာဆီယံထဲ
ပြန်ဝင်ချင်ဝင်ပါစေပေါ့။
တပ်မတော်ရဲ့ ရဲ့ရင့်ပြတ်သားတဲ့ ခေါင်းဆောင်မှုကို
ပြသတဲ့သဘော ၊ အာဆီယံပဋိညာဉ်ကို ပထမဦးဆုံး
လိုက်နာစောင့်ထိန်းတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ အာဆီယံ
က ရဲရဲ့ဝံ့ဝံ့ နှုတ်ထွက်လိုက်ပါ။
ဆီမီးအိမ်