Monday, October 11, 2021

▪️Facebook ရဲ့သဘောတရားက တူရာစုပေးတယ်။ ကိုယ်မြင်ချင်တာကိုပဲ ကိုယ့်ကိုပြတယ်။ အဲ့ဒါတွေကြောင့်လည်း ဇူဇူ့ခမျာ အခု အမှုရင်ဆိုင်နေရတယ်လေ။


▪️နားလည်လွယ်အောင်ရှင်းပြရမယ်ဆိုရင်
     ငါတို့ဈေးရောင်းတဲ့အခါ Boost တင်တယ်‌ပေါ့။
     အဲ့ဒီအခါမှာ အချက်အလက်တွေဖြည့်ရတယ်။
     ဖိနပ်ရောင်းရင် ဖိနပ်စိတ်ဝင်စားတဲ့သူကိုပဲ 
     ငါ့ထုတ်ကုန်ကို ပြမယ်ဘာညာပေါ့လေ။
     အဲ့ဒါတွေဟာ user တစ်ဦးစီရဲ့ 
     ကိုယ်ရေးအချက်အလက်နဲ့
     နေ့စဉ် search လုပ်တာကနေ အခြေခံယူထားတာပဲ။
     ဘယ်လောက်ထိလဲဆိုရင် messager မှာ
     ကိုယ့်သူငယ်ချင်းနဲ့ မေးမိပြောမိတဲ့ ကုန်ပစ္စည်းကအစ
     ကြော်ငြာအဖြစ် နယူးဖိမှာ လာပေါ်တတ်တာမျိုး။

▪️အသေးစိတ်ကတော့ ရှည်လျားထွေပြားလို့
     လိုတာပဲပြောပြတာပါ။
     Facebook ရဲ့လုပ်ဆောင်ချက်တွေကို
     ကိုယ့်ဖာသာကိုယ်လေ့လာကြည့်နိုင်ပါတယ်။

▪️ဒီတော့ မြန်မာပြည်နဲ့ဆိုင်တာကိုပြောမယ်။
     မင်းဟာ အနီဆိုရင် မင်းဆီမှာ အနီသတင်းပဲတက်မယ်။
     မင်းဟာအစိမ်းဆိုရင် အစိမ်းသတင်းပဲ မင်းမြင်ရမယ်။
     ဒီလိုအပြုအမူကြောင့် မင်းဟာကြာလာရင်
     တစ်ဖက်တည်းသိတဲ့ တစ်ဖက်ပိတ်ကြီး
     ဖြစ်မှန်းမသိဖြစ်လာရတာဖြစ်ပါတယ်။

▪️အနီအားပေးတစ်ယောက်ရဲ့ နဖူးဖိဟာ
     ပေါက်ကရမိုတီတွေ false hopes တွေ
     တပ်မတော်သားကျဆုံးတဲ့သတင်းတွေ
     ငါတို့နိုင်ပါတော့မယ်ဆိုတဲ့ သတင်းတွေ
     တိုက်ပွဲအတွက် အလှူခံပိုစ့်တွေ။
     ဘယ်တိုက်ပွဲကတော့ ဘယ်လိုထိရောက်နေပါပြီဆိုပြီး
     နိုင်ငံခြားကကောင်တွေက လှမ်းလော်တာတွေချည်း
     နေ့စဉ်မြင်ရကြားရမယ်။

▪️ဒါတွေကိုပဲ ဖတ်ပြီးတစ်ဖက်ပိတ်နေမယ်ဆိုရင်
     ကိုယ်ပိတ်တာတင်မက သူများကိုလည်းငါတို့နိုင်တော့မှာ 
     ဘာညာနဲ့လိုက်မန့်နေမယ်ဆိုရင်
     တပ်ရင်းသေးတစ်ခုတောင် လက်မလွှတ်ရသေးတဲ့
     မြန်မာ့စစ်တပ်နဲ့ TV မှာ‌နေ့တိုင်း 
     အကြမ်းဖက်သမားတွေရဲ့
     အဖမ်းခံရပုံတွေကို မြင်နေရတဲ့ပြည်သူတွေက
     မင်းတို့ကို ရယ်ပါလိမ့်မယ်။🥴

▪️မင်းတို့ရင်ဘတ်ထဲမှာ Facebook ကြောင့်
     ဘယ်လောက်ပဲ မျှော်လင့်ချက်တွေရင့်သန်နေပါစေ။
     ပကတိအရှိတရားကိုသိသူတိုင်းရဲ့အမြင်မှာတော့
     မင်းတို့ဟာ ငပေါတွေအရူးတွေသက်သက်ပဲ။
     ငါပြောတာ သဘောပေါက်လား။

▪️ဒီကြားထဲ ငပေါဆန်တဲ့ 
     စစ်တမ်းတစ်ခုကရှိသေးတယ်။
     ဘာတဲ့ ငါတို့ဘက်က ဘာတင်တင်
     ❤️ ပိုရတယ်ဆိုပဲ။🤣 အဲ့မှာဂုဏ်ဆာနေလိုက်။

▪️စစ်ဆိုတာ Facebook ပေါ်မှာတိုက်ရတာမဟုတ်ဘူး။
     မင်းတို့ Facebook ပေါ်ကနေ 
     မြှောက်ပင့်လူစုပေးလိုက်တဲ့လူငယ်တွေကမြေပြင်မှာ 
     တိုက်နေရတဲ့အရာကြီးက
     နှစ်ပေါင်းများစွာသက်တမ်းရှိပြီး
     ပြည်တွင်းလက်နက်ကိုင်အဖွဲ့ ၁၀၀ ကျော်ကို
     ထိန်းတိုက်လာတဲ့ စစ်တပ်တစ်ခုပဲ။
     နိုင်ဖို့အဲ့လောက် လွယ်မတဲ့လားဟ။
     ကိုယ့်လူကိုယ် နည်းနည်းပါးပါး 
     ကိုယ်ချင်းစာကြစမ်းပါဦးလား။

▪️အပြင်မှာ စစ်ဆေးရေးဂိတ်တစ်ခါဖြတ်ဖို့ကို
     Facebook acc ပိတ်ထားရ။
     ဘုရားစာ အခေါက်တစ်ရာဆိုပြီးမှ
     ရင်တထိတ်ထိတ်နဲ့ ဖြတ်ရဲတဲ့ ငချွတ်တွေကလည်း
     Facebook မှာဆို စစ်သူကြီးမဟာဗန္ဓုလရဲ့
     အရေးအသားမျိုးတွေနဲ့။🤣
     နင်တို့က တကယ့် ငလောင်တွေနော်။🥴

▪️အမိမြန်မာပြည်က
     လူငယ်တွေကတော့ Facebook ကြောင့်
     ပြုန်းတီးနေရပါတယ်။
     အကြမ်းဖက်ချင်စိတ် တစ်စွန်းတစ်စပေါ်လာရင်တောင်
     အကြမ်းဖက်နိုင်စေရန် လမ်းညွှန်တွေ
     မိုတီတွေကို blue mark ပိုင်ဆိုင်သောလူပုဂ္ဂိုလ်တွေ
     မီဒီယာတွေက အပင်းဝိုင်းသွင်းကြတယ်။

▪️ဒီလိုနဲ့ပဲ G-Z မျိုးဆက်ကို လေးပုံပုံရင် တစ်ပုံကသေ
     တစ်ပုံထောင်ထဲမှာ တစ်ပုံကတောထဲမှာဖြစ်ပြီး
     ကျန်တဲ့တစ်ပုံသာ အကောင်းအတိုင်းကျန်ပါတော့တယ်။
     ငါတို့တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဟာ
     Facebook ကြောင့်မြေဩဇာဖြစ်ကုန်တယ်။

▪️ဒီတော့ အနီတွေလည်းသိပ်မပိန်းကြနဲ့တော့ဟာ။
     မင်းတို့မြင်နေရတာ ရေမဟုတ်ဘူး တံလျှပ်ဟ။
     အဆုံးသတ်မျဉ်းကြီးမှာ ဘာပန်းတိုင်မှမရှိဘူး။
     တပ်ချုပ်တစ်ယောက်ဆင်းရင် တစ်ယောက်တက်နဲ့
     မြန်မာ့နိုင်ငံရေးအသိုင်းအဝန်းမှာစစ်တပ်က ရှိနေမြဲပဲ။
     တပ်သားတစ်ယောက်ကျရင် သုံးယောက်ထပ်ရတဲ့
     စစ်ကျောင်းတွေနဲ့ တပ်သားသစ်စုဆောင်းရေးတွေက
     စစ်တပ်ရဲ့ဗျူဟာမှာ အကုန်ရှိတယ်။

▪️မင်းတို့တစ်ခွက်နှစ်ခွက် ခပ်ထုတ်လိုက်ရုံနဲ့
     ဒီရေကန်ကြီးက ရေခမ်းမသွားဘူးလေကွာ။
     အချိန်တန်ရင်ရွာမယ့်မိုးနဲ့ သူ့ဆီကိုစီးဝင်အောင်
     ဖန်တီးတည်ဆောက်ထားတဲ့အရာတွေကြောင့်
     ရေခပ်မိတဲ့မင်းတို့လက်တွေသာ ညောင်းကာသေမှာပဲ။

▪️မင်းတို့ဆက်တိုက်ရင် တိုင်းပြည်ပဲနစ်နာတယ်။
     တိုင်းပြည်ပဲ နှောင့်နှေးကြန့်ကြာစေတယ်။
     အားကြိုးမာန်တက်တိုက်ရင်းနဲ့
     Zero setting ကိုသာစစ်တပ်ကရွေးသွားရင်တော့
     မင်းတို့သေပြီပဲ။

▪️ဒီတော့မြေပြင်သတင်းတွေကို နှစ်ဖက်ရေးတာမျှဖတ်။
     BBC , VOA, Khit thit သတင်းတွေလည်းကြည့်
     MWD , MRTV နဲ့ သတင်းစာရှင်းလင်းပွဲတွေကိုလည်း
     အစုံလိုက်ကြည့်မှ မင်းတို့ရင်ဆိုင်နေရတဲ့
     အရာကြီးက ဘာကြီးလဲ
     မင်းတို့ရဲ့ ပန်းတိုင်ဆိုတာက 
     ဖြစ်နိုင်ခြေရှိလားမရှိဘူးလားဆိုတာ မင်းတို့သိမှာပေါ့။

▪️D Day စတာလည်း တစ်လကျော်ပြန်ပါပြီကွယ်။
     PDF လူလည်းကုန်သလောက်ရှိနေပါပြီ။
     စစ်သတင်းဆိုတာ မင်းတို့သိဖို့လွယ်နေမယ်မထင်နဲ့။
     မင်းတို့အနီလော်ဘီတွေလော်နေတဲ့သတင်းဆယ်ခုမှာ
     ၇ ခုလောက်က ဖရဲသီးယောင်ဆောင်ပြီး
     စစ်တပ်က တမင်သွားပေးထားတဲ့သတင်းချည်းပဲ။
     မင်းတို့က အဲ့ဒါတွေကိုဖတ်ပြီးလာလာမန့်ရင်
     ငါတို့မှာ ရယ်ချင်တာတအားပဲသိလား။🤣

▪️တိုင်းပြည်ထဲမှာ အေးဆေးနေလိုက်ကြတော့။
     နည်းနည်းပါးပါး အရိပ်အကဲလေးဘာလေးသိကြဦး။
     ပြောရတာ အာပေါက်တယ်သိလား။
     နားလည်းထောင်ကြမှာ မဟုတ်ဘူးဆိုတာငါသိပါတယ်။

▪️ဒါပေမယ့် ကယ်နိုင်သလောက်ကယ်ကြည့်တာပဲ။
     ကျန်တာတော့ သတ္တဝါတစ်ခု ကံတစ်ခုပေါ့။

▪️နော့။🥴

#SniperSu