Thursday, October 7, 2021

ဟိုနေ့က သတင်းစာရှင်းလင်းပွဲမှာ ဖမ်းမိလို့ ဝန်ခံသွားတဲ့ F.F.F ချာတိတ်တွေရဲ့ ဒလန်ရှင်းလင်းရေးအဖွဲ့ ဆိုတဲ့ ကိစ္စ.......


FB မှာ page ထောင်ထားပြီး page မှာ ဒီကောင်က ဒလန်ပါလို့ သတင်းလာပေးရင် ဘာမှ မစုံစမ်းဘဲ သေနတ်နဲ့ ကိစ္စရှင်းလိုက်ကြတယ်တဲ့ ပြီးတော့ ဗုံးနဲ့ခွဲကြတယ်တဲ့ ...

အံ့သြစရာကောင်းတာက အဲ့လို page ထောင်ပြီး ရှင်းလင်းရေး လုပ်နေတဲ့သူတွေက အသက်အငယ်ဆုံးက ၁၄နှစ် အကြီးဆုံးက ၂၁အတွင်းပဲ ရှိကြသေးတဲ့ လူငယ်တွေ....

သူတို့ ရှင်းပစ်ခဲ့တဲ့သူတွေကို နောက်ကြောင်းဘာမှ စုံစမ်းခြင်း မရှိပါဘဲနဲ့ ဒလန် လုပ်နေသလားဆိုတာတောင် မသိဘဲနဲ့ page chat box ကနေ လာပြောရုံနဲ့ ရှင်းပစ်ခဲ့ကြတာ တဲ့။ သေတဲ့သူလည်းသေ မသေတဲ့သူလည်း ဒဏ်ရာရ နဲ့။

ဒီကာလက အမုန်းတရား အခံရှိသူတွေကို စကားလေးတစ်ခွန်းနဲ့ သွေးထိုးပေးလိုက်ရုံနဲ့ လူမိုက်ငှားလို့ရနေတဲ့ခေတ်ကာလ ကိုး။

ဒါမျိုးတွေကျသာ မသိချင်ယောင်ဆောင်ပြီး နေနေကြတာနော်။
FB မှာ ဝိုင်း share နေကြတာတွေ ရှိသေးတယ်။
PDF က ဒလန် ဆိုပြီး ရှင်းမလို့သွားတာ ကလေးနို့တိုက်နေတာတွေ့လို့ ပြန်လှည့်လာတယ်ဆိုတဲ့ ဘယ် source ကမှန်း မသိတဲ့ အကြောင်းအရာကို crd ဆိုတာနဲ့တင် အင်မတန် ကရုဏာကြီးမားလှသောကလေးတွေ ဆိုပြီး လုပ်နေကြတာ။

တကယ့် မြေပြင်မှာတော့ မိဘ က စစ်သား၊ ရဲ ဖြစ်လို့ ဆိုပြီး အမောင် PDF တွေက ငါးနှစ်သမီးပါ မချန် သတ်သွားတာတွေ၊ ၈ လ အရွယ်ကလေးကိုပါ  ရိုက်နှက် ထိုးကြိတ်သွားတာတွေ၊ မိသားစု အကုန်လုံးကို ရှင်းသွားတာတွေ တကယ် ဖြစ်နေတာပါပဲ။ 

ကိုယ်လိုချင်တဲ့၊ ကိုယ်ကြားချင်တဲ့ သတင်းတွေကိုသာ filter လုပ်ပြီး အမှန်ထင်နေကြတဲ့ နိုင်ငံကြီး။

ကိုယ်ရပ်တည်တဲ့ဘက်ကသာ အမှန်ဆိုပြီး ကြွေးကြော်နေကြတဲ့ နိုင်ငံကြီး။

အဲလိုမျိုး တစ်ဖက်ပိတ်လုပ်ရပ်တွေလုပ်နေတဲ့ လူတန်းစားဟာ နီပိန်း နိီကြောင် နီပိတ် ဆိုတဲ့ လူမျိုးတွေပဲ ....

#Credit