Friday, October 15, 2021

🍄 ငါးကြီး-ငါးသေးခေတ်မဟုတ်တော့ပါ 🍄 Gone of Big fish- Small fish Time for Fast fish- Slow fish.


မဟာဗျူဟာဆိုတဲ့ Strategy ရဲ့မူရင်းက
စစ်ရေးဖက်ကလာတယ်၊ စီးပွားရေးဖက်က
ယူသုံးရင်း အများသုံးဖြစ်လာတယ်၊

စစ်ဆိုတာက....
တခါတလေမှ ဖြစ်တတ်တဲ့ကိစ္စမျိုး
စီးပွားရေးသဘာဝကတော့ နိစ္စဓူဝ
ဒါကြောင့် စီးပွားရေးဖက်မှာ
မဟာဗျူဟာအပြောင်းအလဲတွေက
ပိုပြီး မြန်ဆန်ဖွင့်ဖြိုးလာတယ်၊

ကိုယ်တိုင်စစ်သားလဲဖြစ်ခဲ့
လုပ်ငန်းရှင်လဲဖြစ်လေတော့
ကြုံနေရတဲ့ဘဝ (၂) မျိုးကိုသုံးသပ်မိတယ်

( နိုင်ငံတကာအဆင့် ) စီးပွားရေးလုပ်ဖူးသူကို
တော်ရုံလိုက်မှီလေ့မရှိဘူး၊ အခုလို ရေးချွတ်
နေနိုင်တာက... ရိုးစင်းစွာဝန်ခံရရင်
နိုင်ငံတကာစီးပွားရေးအတွေ့အကြုံကြောင့်ပဲလို့
ပြောရပါလိမ့်မယ်၊

* အမြင့်ဆုံးက စီးပွားရေး
* ဒုတိယက နိုင်ငံရေး
* တတိယအဆင့်က စစ်ရေးလို့
ယေဘူယျသတ်မှတ်လို့ရလိမ့်မယ်၊

.................

🍄 ငါးကြီးက ငါးသေးကိုမြို
The big eats the small.

စစ်ရေးအင်အားကြီးလာရင်
Flexing the muscle ဆိုတဲ့ အင်အားပြတော့တာပဲ
အင်ပါယာတည်ဆောက်တယ်
ကိုလိုနီနယ်ချဲ့တယ်ပေါ့
" စစ်တိုက်ပြီးနယ်ချဲ့လာသူတွေဟာ
နောက်ဆုံး စစ်တိုက်ပြီးပဲ ရှုံးသွားကြတယ် "

ဒါပေမဲ့
သဘာဝကလဲ အင်အားကြီးလာရင်
အင်အားငယ်သူကို အနိုင်ကျင့်လေ့ရှိတုန်း၊
စီးပွားရေးလောကမှာလည်း
ကုပ္ပဏီကြီးတွေက ကုပ္ပဏီငယ်လေးတွေကို
Big eats small ပဲ၊
ဒါကြောင့်...
Big fish eats small fish ဆိုတဲ့ အယူအဆတောင်
ဘောဂဗေဒပညာရပ်မှာ လွှမ်းမိုးခဲ့သေးတယ်၊
( အခုထက်ထိလဲ အများစုက လက်ခံထားတုန်းပါ )၊

လွန်ခဲ့တဲ့ (၁၂ ) နှစ်လောက်တုန်းက
ထိုင်ဝမ်မှာ ဘဏ်သေးတခုက ဘဏ်ကြီးတခုကို
ဝယ်လိုက်တဲ့သတင်းထွက်လာတော့
အားလုံးက အံ့သြသွားခဲ့ကြတယ်၊

အမေရိကန် ကုပ္ပဏီကြီးတွေရဲ့ အက်ဆက်တွေကို
သူ့ထက်သေးတဲ့တရုတ်ကုပ္ပဏီတွေက
တဖြည်းဖြည်း ဝယ်လာလိုက်တာ
ဘယ်လောက်ရှိပြီထင်ပါသလဲ ?

အမေရိကန်ခေတ် နေ ဝင်တော့မယ်လို့ရေးတော့
အဝေဖန်ခံရတယ်၊ အကြောင်းမဲ့ ဘယ်ရေးလိမ့်မလဲ ?
ခိုင်လုံတဲ့အကြောင်းတွေ ( အများကြီး ) ရှိထားလို့ပါ။

အမေရိကန်တွေ
လက်ညှိုးညွှန်ရာရေဖြစ်ပြီး
ဘုန်းမီးနေလ တောက်ပချိန်မှာ
တရုတ်တွေ ဆန်ပြုတ်တခွက် လူ (၃) ယောက်
မျှသောက်ခဲ့ရတယ်၊

နိုင်ငံအဆင့်မှာ ပညာနဲ့အတွေ့အကြုံမပါပဲ
ထီထိုးလို့ ဘယ်တော့မှမရပါဘူး၊
ကြုံရင် ....
* တိန့်ရှောက်ဖိန်နဲ့တရုတ်
* ပတ်ခြုံဟေးနဲ့ တောင်ကိုရီးယား
* ဆူဟာတိုနဲ့ အင်ဒိုနီးရှား
ဘယ်လို မဟာဗျူဟာတွေနဲ့ တိုးတက်အောင်
လုပ်သွားတယ်ဆိုတာရေးပါဦးမယ်၊

..............

🍄 မုဆိုးမှသားကောင်
Predator turns into prey.

မြွေအလမ္မါယ်ဆရာ မြွေထိတယ်
စစ်သူရဲကောင်းတွေ စစ်နဲ့ရှုံးတယ်
ကိုလိုနီပြည့်ရှင်တွေ ကိုလိုနီနယ်တွေရဲ့
ပြန်တော်လှန်တာကိုခံရတယ်၊
သားကောင်ပြန်ဖြစ်တဲ့မုဆိုး မရေတွက်နိုင်ပါဘူး
ပြောရရင် ....
Exit strategy မထားကြလို့
ငတ်မပြေတဲ့ အာဏာ၊ အောင်မြင်မှုတွေကို
အရှိန်မသတ်နိုင်ကြပဲ မွတ်သိပ်လွန်းလို့၊

တော်လှန်ရေးလုပ်တဲ့နပိုလီယံလဲ
အာဏာရှင်စစ်သူကြီးဖြစ်လာပြီး
ဝါတာလူးစစ်နဲ့ပဲ ကျဆုံးခဲ့ရသလို....
အာဏာရှင်ကိုရွံမုန်းလို့ တော်လှန်ရေးလုပ်လာတဲ့
ဟစ်တလာလဲ "မဲ " တွေကြားကပဲ
အာဏာရှင်အဖြစ် ပြောင်းလဲသွားခဲ့တယ်၊
အကြီးစား မုဆိုးတွေ သားကောင်ဘဝနဲ့
နိဂုံးချုပ်မကောင်းတတ်၊

စီးပွားရေးမှာ
လှပတဲ့ မဟာဗျူဟာတခုက
CEO ဘဝ အာဏာထက်ချိန်ကိုကျော်ရင်
Founder ဘဝ Founders’ rights နဲ့
အနေအစားသိပ်မပျက်ပဲ လှလှပပနဲ့
ဘဝနိဂုံးချုပ်နိုင်တာပဲ။
( ဥပမာ တခုမျှသာပါ )

..................

🍄 ပုံမှန်အခြေအနေသစ်
New normal.

Covid ကြောင့်
သဘောတရား အတော်ပြောင်းသွားတာကို
သတိထားမိတယ်၊
ဥပမာ....
ဘောဂဗေဒမှာ Economy of scale ဟာ
အခြေခံသဘောတရားတခုဖြစ်ပြီး
လိုက်နာကြလေ့ရှိတယ်၊
လေကြောင်းလိုင်း၊ သင်္ဘောလိုင်းတွေ အထိနာပြီး
Economy of scale ဆိုတဲ့ သေဘာတရားလဲ
မေးခွန်းထုတ်ခံခဲ့ရပြီ၊

နျူကလီးယားကို ဇီဝလက်နက်က
အနိုင်ယူတော့မှာလား ဆိုတဲ့
မေးခွန်းလဲပေါ်လာပြန်တယ်၊
Libra တော့မသိသေးဘူး
Bitcoin ကတော့ 1 း 1 ကနေ 1း 20,000 ကို
အချိန်တိုအတွင်းရောက်သွားတယ်၊
Zoom ကလဲ ကွက်တိ။

အားလုံးကိုလေ့လာကြည့်ရင်
Fast fish eats slow fish ဆိုတာကိုတွေ့ရလိမ့်မယ်၊
စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအားလုံးနဲ့
အကြုံးဝင်တယ်၊
လက်ဦးမှုရယူတာ....
လျင်လျင်မြန်မြန် ရွေ့လျားနိုင်သူက
မိမိထက်အင်အားကြီးသူကို အနိုင်ရတဲ့သဘောပံ၊

( အထိမ်းအကျောင်း ကင်းလွတ်နေတဲ့
မြန်မာ့နိုင်ငံရေးအတွက် စိတ်ပူမိတယ်
တရားတာ မတရားတာကို လျင်မြန်မှုက
သားကောင်ပြန်ဖြစ်စေတယ် )၊

..............

🍄 သတိမထားမိကြလို့ပါ
No awareness exists.

အစ္စရေးကိုကြည့်
သေးသေးလေး
ဒါပေမဲ့ လျင်တယ်၊ မြန်တယ်
အဆိပ်ပါတယ်၊
ဖြစ်လာလို့ ဗေထိဆိုရင်
အစ္စရေးလ်က လက်ဦးမှုရပြီးသား
သူများကို ဆော်ပြီးသား
ကိုယ်ကတော့ ဗိုက်အရင်ပွင့်မခံဘူး
နောက်မှတောင်းပန်ရ တောင်းပန်ရ
သူများဗိုက်ကို အရင်ဖွင့်ပြီးသား
အဲ့ဒီမှာကိုက
Small eats big ကပေါ်လွင်နေပါတယ်
သတိမထားမိကြလို့သာပါ။

ခေတ်သစ်မှာ
Elon Musk လဲ အိုင်ဒီယာအပေါ်
ဗဟိုပြုပြီး လျင်လျင်မြန်မြန် ရွေ့သွားနိုင်မှုကြောင့်
ကမ႓ာ့ ဒုတိယမြောက် အချမ်းသာဆုံးဘဝကို
အချိန်တိုအတွင်း ပိုင်ဆိုင်သွားခဲ့တယ်၊

..............

🍄 ပုံမှန်အခြေအနေသစ်နဲ့ သဘောတရားအသစ်
New normal and new revolutionary concept.

ကမ႓ာ့အခင်းအကျင်းသစ်ဆိုတဲ့
New world order ဟာ ဗဟိုပြုလိုက်တုန်းက
အရှေ့အလယ်ပိုင်းဖြစ်ပေမဲ့ ကြမ္မာက
အမေရိကန်ကို ဗဟိုပြုဖို့
လမ်းကြောင်းလှည့်သွားတယ်၊

အခင်းအကျင်းသစ်မှာ
Partial change
Radical change တွေကို
* စီးပွားရေးနဲ့
* နိုင်ငံရေးမှာ
အများကြီးပြောင်းသွားတာကို
အတော်များများ သတိထားမိတယ်၊
( လိုက်ပါနိုင်တဲ့ နိုင်ငံတွေ ချမ်းသာကြမှာပဲ )

.............

🍄 မြန်မာတွေ နိုးထကြတော့
Time to be awakened.

နောက်ကျတာဟာ
သေတာကလွဲလို့ ဘာမှမကောင်းဘူးလို့သာ
ပြောနေကြတယ်၊
လက်တွေ့မှာတော့
မြန်မာအများစုဟာ
စားသူများနောက်
သွားသူများနောက်ပဲ၊

Idea အားမကောင်းရင်
ဝိရိယထားသင့်တာပေါ့
ဘယ်လောက်တွန်းတွန်း
မရွေ့ချင်တာ မြန်မာတွေပဲ၊

မနေ့ တနေ့က ဖြစ်ပျက်ခဲ့တဲ့
မြန်မာ့နိုင်ငံရေးကိုကြည့်ရင်
တုန့်ပြန်မှုတွေ နှေးကွေးနေတာ တွေ့ရလိမ့်မယ်၊

Counter ဆိုရင်...
ဒိုင်းကနဲ တက်လာသင့်တယ်၊
ချက်နဲ့လက်နဲ့ မငြင်းနိုင်အောင်ဖြစ်သင့်တယ်
စာတလုံး ကျည်တတောင့်ပမာဖြစ်သင့်တယ်၊
* ဒဲ့ပစ္တာ
* ချောက်ပစ်တာ
* မသေမရှင်ပစ်တာမျိုး လုပ်သင့်တယ်။

..............

Covid ဖြစ်တယ်
ဒီမှာ လက်ဆေးပြကောင်းတုန်း
Mask တွေစျေးတက်သွားတယ်
ငွေရှိတဲ့တပည့်တယောက်က ဘာလုပ်ရမလဲ
လာမေးတော့...

" ငါတော့ အကုသိုလ်ပါမယ်ထင်လို့
အဲ့ဒီအလုပ်မလုင်ချင်ဘူး၊ mask လှောင်ရင်
အကျိုးများလိမ့်မယ်လို့ " ပြောလိုက်တယ်၊
ရက်ပိုင်းအတွင်း (၆) ဆကျော်မြတ်သွားတယ်၊

ဗီယက်နာမ်က Mask တွေချုပ်ပြီး
လက်ဦးမှုယူနိုင်လို့ ဘီလီယံချီမြတ်သွားတယ်၊
Fast eats slow ပဲ။

လာဦးမယ်
Post Covid မှာ Food security ကိစ္စ
ဗီယက်နာမ်က မွှေသွားပြီးပြီ
ဒီမှာ...
Stay at home လိုလို
lockdown လိုလို
Work from home လိုလို
အိပ်မက်မနိုးသေးခင်မှာ
ဗီယက်နာမ်က မြန်မြန်ဆန်ဆန်
ခပ်ကြမ်းကြမ်း ကိုင်ပြီး....
အခုဆ်ုရင်.... ပျော်ပျော်ပ့ါးပါးကြီး
အလုပ်ခွင်ပြန်ဝင်နေကြပြီ၊
Night club တွေတီးလုံး ညံနေကြပြီ

ကိုယ့်မြန်မာ ကိုယ်ပြန်မေးစရာဖြစ်လာပြီ

Are we big enough ?
Or, are we fast ?

မမြန်ရင်တော့ အကောင်ကြီးလိုက်လေ
မကြီးရင်လဲမြန်ပေါ့
မြန်လည်းမမြန်... ကြီးလဲမကြီးရင်တော့
စိတ်လျော့ပြီးသာ သူများနောက်ကနေရစ်တော့
နားထောင်လို့လဲ မကောင်းတဲ့
စကားလုံးတွေလောက်နဲ့တော့
ဘာမှဖြစ်လာမှာမဟုတ်ဘူး၊

( ဇနီးသည်ရဲ့မွေးနေ့အမှတ်တရ၊
နိုင်ငံရေးစာတွေရေးတာမနှစ်မြို့တဲ့
ကြင်ဖေါ်အတွက် စီးပွားရေးစာစု )

နေဇင်လတ် ( 27.11.20 ) 🍄

❤️ Nay Zin Latt We Love ❤️ admin team က ပြန်လည်တင်ပြပါသည်။ 😊

https://www.facebook.com/groups/191890793056290/


Related Posts:

  • NLD အမာခံ ဒေါက်တာထားထားလင်း လင်မယား ဖမ်းဆီးရမိထပ်ဆင့်ကူးယူဖေါ်ပြအပ်ပါသည်.♦️ပြည်သူ့ ထံမှ COVID -19  အလှူငွေ          á€€á€ťá€•် ၁၆၁ သန်း - ခိုးပြေးသော             á€‡á€ąá€Źá€şá€á€ąá€…ိုး နဲ့ အချိတ်အဆက် â™Śď¸NLD အမာခံ ဒေ… Read More
  • နိုင်ငံရေး မဂ်လာဆောင် ဧည့်ခံပွဲ           á€Šá€”္စဏ စားပြီးမှ ကိုစိုးရောက်လာလို့ လက်ဖက်ရည် သွားသောက်ကြပါတယ် ။ စားပွဲထိုးက လူသစ်လေး ဆိုတော့ ကိုစိုးအတွက် ပေါ့ကျ နဲ့ ကျနော့်အတွက် ပုံမှန် တခွက်စီ မှာလိုက်ပါတယ် ။ လက်ဖက်ရည် ဂေါက်လာတော့ … Read More
  • အနုပညာသမားဆိုတဲ့ကောင်တွေသိဖို့ မင်းဖြစ်ချင်တာက á€€á€ťá€Źá€¸á€†á€­á€Żá€œá€Šá€şá€¸ á€€á€ťá€Źá€¸á€œá€­á€Żá€œá€žá€™á€şá€¸á‹ á€”á€˝á€Źá€¸á€–á€źá€…á€şá€á€ťá€„á€şá€á€Źá€†á€­á€Żá€›á€„á€şá€œá€Šá€şá€¸ á€”á€˝á€Źá€¸á€œá€­á€Żá€‘á€™á€şá€¸ ။အခုကျတော့ á€€á€ťá€Źá€¸á€œá€­á€Żá€œá€­á€Ż နွားလိုလို နဲ့ á€™á€„á€şá€¸á€œá€­á€Żá€á€ťá€„á€şá€á€Ź အသားလား á€™á€„်းကို ကျွေးရမှာ á€™á€źá€€á€şá€á€źá€ąá€Źá€€á€şá€œá€Źá€¸á€†á€­á€Żá€â€Ś Read More
  • #ခေတ်ကိုကဂျင်းခေတ် ခေတ်ကိုက á€œá€€á€şá€–á€€á€şá€Šá€˝á€žá€”á€şá€ˇá€†á€­á€Żá€•á€źá€Žá€¸á€›á€Źá€˜á€Źá€›á€˝á€€á€şá€Ąá€Šá€˝á€žá€”á€şá€ˇá€á€˝á€ą á€á€ťá€‰á€şá€„á€śá€…á€•á€şá€œá€Żá€•á€şáŠ á€™á€•ုပ်ဆ္းတွ္ထညအ်ဆဎစိမ်၊ ပုလင်းနဲ့ပိတ်ပြီး á€á€śá€†á€­á€•á€şá€€á€•á€şá€œá€­á€Żá€€á€şá€›á€„á€şá€•á€˛á€á€†á€šá€şá€žá€Źá€¸ ၃၀၀ တန် á€›á€Źá€˜á€Źá€Šá€˝á€žá€”á€şá€ˇá€á€˝á€ąá€€á€á€•á€Żá€œá€„á€şá€¸ ၆၀၀၀ တန်နာမယ်ကြီးလက်ဖက်ညွှန့်ဖြစ်သွားတဲ့… Read More
  • အားငယ်စရာလား....?        လက်ရှိ မိမိနိုင်ရဲ့ အခင်းအကျင်း အနေအထားကိုပဲ ရှုမြင်ပြီး တို့တိုင်းပြည်ကတော့ သွားပါပြီ လို့ ယူဆပြီး စိတ်ဓာတ်ကျနေပါသလား.. ? အားငယ်နေပါသလား....?  ဆုံးအောင်ဖတ်ကြည့်ပါ ။      ကမ္ဘာပ… Read More