Saturday, October 23, 2021

* Mine Clear Up ပေးပါ *


ဒီနေ့ မရန်းကုန်းမြို့နယ် လျှပ်စစ်
မီတာရုံးသို့ နေ့လည် ၁နာရီ ၁၀မိနစ်
ချိန်ရောက်ရှိပြီး မီတာဆောင်ရန်
တန်းစီနေစဉ် EPCမှဝန်ထမ်းတစ်ဦး
မှ ဝင်ပေါက်ရှိ လက်ဆေးဘေစင်
အောက်တွင် လက်ဆွဲအိပ်(အဝါရောင်) 
၁လုံးထားရှိသည်ကို တွေ့ရသဖြင့် 
မီတာခလာရောက်ပေးသွင်းနေသည့် 
လူများအား လိုက်လံမေးမြန်းရာ 
မည်သူမျှထားရှိခြင်း မရှိကြောင်း 
ဖြေကြားခဲ့ကြ။

(ထိုအိပ်မှာမည်သည့်အချိန်က 
ထားသွားသည်မသိပါ)
          
ထိုအချိန်တွင်ဝင်ပေါက်မှ ကောင်တာ
အထိ တန်းစီထားသူများမှာ၂၀ဦးခန့်
ရှိ။ 

မိမိတို့မှာ မီတာရုံးရှေ့ပလက်ဖောင်း
တွင်တန်းစီနေပြီး လူ ၁၅ဦးခန့်ရှိနေ
ကွ။ 
         
မည်သူကိုမျှမေးမရ၍ ထိုအချိန် နေ့
လည် ၁နာရီ ၁၅မိနစ်ခန့်တွင် လုံခြုံ
ရေးကားတစ်စီးတံတားအောက်လျှပ်
စစ်ရုံးရှေ့လာရပ်ချိန်နှင့်တိုက်ဆိုင်
နေ၍ ပြည်သူများမှ လျှပ်စစ်ဝန်ထမ်း
များအားသွားရောက်သတင်းပို့ခိုင်းခဲ့
ကွ။
           
လျှပ်စစ်ရုံးအတွင်းမှ ပြည်သူများ
အား အပြင်ထွက်ရှောင်ခိုင်းပြီး အင်
ဂျင်နီယာစစ်သည်မှ အဝေးထိန်း
စနစ်ဖြင့် ဖောက်ခွဲခဲ့ရာ မိုင်း ၂လုံး
ပေါက်ကွဲခဲ့သည်။ 

မိုင်း၏ပြင်းအားမှာ သံဖရိန်ဖြင့်
ပြုလုပ်ထားသည့် လက်ဆေးဘေစင် 
၁၅ပေခန့်လွင့်စင်ခဲ့သဖြင့် လူများ
သာရှိမည်ဆိုပါက ကပ်လျှက်တန်းစီ
နေသည့် ပြည်သူမည်မျှ ထိခိုက်သေ
ကြေမည်ကို တာဝန်ရှိသူများ ခန့်မှန်း
ကြရန် ဖြစ်ပါသည်။
         
ကျွန်တော်တို့တာဝန်သိပြည်သူများမှ  
နိုင်ငံတော်အတွက်ပေးဆောင်ရမည့် 
မီတာခများ ပေးသွင်းပါသည်။ 

သို့ရာတွင် ယခုကဲ့သိုဖြစ်စဉ်များ 
မဖြစ်ပေါ်စေရေးမှာ အိမ်စောင့်
အစိုးရနှင့် တိုင်းဒေသအစိုးရမှ 
တာဝန်ယူပေးရပါမည်။ 
          
သို့မဟုတ်ပါက ကျွန်တော်တို့တွင်
အသက်အပိုမပါသဖြင့် မီတာခများ 
တာဝန်သိသိဖြင့် ပေးဆောင်ရန် အ
ခက်အခဲရှိပါသည်။ 

လူကြီးမင်းများ ကျွန်တော်တို့နေရာမှ
နေ၍ ယခုကဲ့သို့ လုံခြုံမှုမရှိဘဲ မီတာ
ခများပေးဆောင်ကြပါမည်လားခင်ဗျာ။
         
ယခင်ကလည်း ယခုကဲ့မီတာရုံးများ
တွင် မိုင်းကွဲသည့်ဖြစ်စဉ်များကြောင့် 
ပြည်သူများ သေကြေထိခိုက်ဒဏ်ရာ
ရမှုများရှိသော်လည်း မဖြစ်တန်ကောင်း
ရဲ့လို့ အရဲစွန့်ပြီး မီတာခများသွား
ရောက်ပေးသွင်းလျှက်ရှိပါသည်။
           
ယခုအခြေအနေမျိုးတွင် မီတာခ
များ ပေးသွင်းရန်အခက်အခဲရှိပါ
သည်။

သို့ဖြစ်ပါ၍ တာဝန်ရှိလူကြီးမင်းများ 
" မီတာရုံးများတွင် Mine Clear Up 
ဖြစ်အောင်လုပ်ပေးပါ။ 

မလုပ်ပေးဘဲ မီတာခမပေးသွင်း၍ 
မီးဖြတ်ခြင်းမလုပ်ပါနှင့် " သို့တည်း
မဟုတ် တခြားနည်းဖြင့် ပြည်သူ
အများ အလွယ်တကူမီတာဆောင်
နိုင်ရန် လုပ်ပေးပါရန် တင်ပြအပ်
ပါသည်။
          
ဘဏ်များမှပေးဆောင်လို့ရသည်ဟု 
လွယ်လွယ်မပြောပါနှင့် ဘဏ်များ
တွင်အကောင့်တစ်ခုရရန် မလွယ်ပါ။ 

ပုဂ္ဂလိကဘဏ်ခွဲအတော်များများ
ပိတ်ထားကြပါသည်။

(မျက်မြင်လက်တွေ့ ကိုယ်တိုင်တွေ့ကြုံလိုက်ရသူတစ်ဦး)

                   
#ဦးတင့်ဆွေ
#PhoeKyaw