MHT News (Oct- 12)
ရွှေဘိုမြို့နယ်၊ ရုံးတောကျေးရွာမှ NLD အစွန်းရောက် အကြမ်းဖက်အုပ်စုများဟာ ညောင်ကိုင်းကျေးရွာဘက်ကို လာရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းအရ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာမှာ အခြေပြုထားတဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာ ၁၁ ရက်၊ ညနေပိုင်းမှာ အဆိုပါနေရာကိုသွားပြီး NLD အကြမ်းဖက်ရှင်းလင်းရေး ဆောင်ရွက်ခဲ့ပါတယ်။
ထို့သို့ ဆောင်ရွက်စဥ် အကြမ်းဖက်အင်အား ၁၅ ဦးခန့်ဟာ လက်လုပ်သေနတ်များ ကိုင်ဆောင်ရောက်ရှိ လာတဲ့အတွက် ပိတ်ဆို့ပစ်ခတ်ရှင်းလင်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ NLD အစွန်းရောက် အကြမ်းဖက်အုပ်စုမှ အမျိုးသား အလောင်း ၂ လောင်း၊ တစ်ထောင့်ထိုး လက်လုပ် သေနတ် ၃ လက်၊ သစ်သားကိုယ်ထည် လက်လုပ်သေနတ်(အတို) ၁ လက်၊ ပွိုင့် ၂၂ ကျည်နဲ့ပစ်ခတ်ရတဲ့ လက်လုပ်ပစ္စတို ၁ လက်၊ ပွိုင့် ၂၂ ကျည် ၁၁ တောင့်၊ တစ်ထောင့်ထိုးကျည် ၁၂ တောင့်၊ ဘောစိ အလုံး ၅၀ ခန့်တို့ကို တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။
အညာသားဖိုးတင်
#MHTnews