Saturday, October 9, 2021

▪️NUG ကိုဒဲ့ ကမ္ဘာကြီးကဒဲ့ တရားဝင်အစိုးရအဖြစ်ဒဲ့ အသိအမှတ်ပြုတော့မယ်ဒဲ့။ ဒီသတင်းကို အကြမ်းဖက်အားပေးတွေက ပျော်နေကြလေရဲ့။


▪️ဒါဟာမဖြစ်နိုင်ပါဘူးလို့ သွားပြောကြည့်
     ကိုယ်တွေကိုသူတို့ကဆဲမှာလေ။
     ဒီတော့ကာ ဖြစ်နိုင်တဲ့ဘက်ကပဲ
     ပြောပေးပါ့မယ်နော်။🥴

▪️ဟုတ်ပါပြီ အသိအမှတ်ပြုပါပြီတဲ့။
     ဘာဆက်လုပ်ကြမလဲပြောပါဦး။

▪️မြန်မာပြည်က ကိုယ်ပိုင်အချုပ်အခြာအာဏာ
     ပိုင်ဆိုင်တဲ့တိုင်းပြည်တစ်ခုလေ။
     ကိုယ့်တိုင်းပြည်ရဲ့အာဏာကို 
     ကမ္ဘာကြီးနဲ့ UN ကိုအပ်ထားရတာမှ မဟုတ်တာ။
     အဘမဲလုံးလေးကတောင် သတင်းစာရှင်းလင်းပွဲမှာ
     UN ကိုမခန့်ကြောင်းတွေ 
     ပေါ်တင်ပြောသွားတာကြားမှာပေါ့။

▪️NUG ကို မြန်မာ့အစိုးရအဖြစ် ကမ္ဘာကြီးက
     အသိအမှတ်ပြုပြီးနောက် 
     ဘာတွေဆက်လုပ်ကြမလဲဆိုတာကို
     ငါတို့တကယ်ကို ဉာဏ်မမှီလို့
     တစ်ချက်လောက်ရှင်းပြစမ်းပါဦးလား
     ဉာဏ်ကြီးရှင်တို့ရဲ့။🥴

▪️ကမ္ဘာကြီးက အသိအမှတ်ပြုပြီဆိုရင်
     သူတို့ကပြန်လာမှာလား။
     ဒါဆို မြန်မြန်အသိအမှတ်ပြုပါစေနော်။
     ဒီကလည်း သူတို့ပြည်တော်ပြန်ဝင်မှာကို
     စောင့်နေတာပါ။🤣

▪️စိတ်ကူးနဲ့တွေးကြည့်ရင်
     NUG ကိုကမ္ဘာကြီးကအသိအမှတ်ပြု
     ပြည်ပြေးတွေကပြန်လာ စစ်တပ်က ခရီးဦးကြိုပြု
     အာဏာပြန်အပ် အဂတိမှုနဲ့ကွိုင်နေတဲ့
     အန်တီစုနဲ့ အမတ်ပြုတ်တစ်သိုက်ကပြန်လွတ်
     လူသတ်မှု၊ ဗုံးထောင်မှု၊ မုဒိမ်းမှုနဲ့ အဖမ်းခံထားရတဲ့
     အနီဘက်တော်သားအပေါင်းက အကုန်ပြန်လွတ်။
     အားလုံးက ဟေးလို့အော်ကြ။အဲ့သလိုလား။🤣 
     ပြောတော့မြန်မာကားမကြိုက်ဘူးဆို
     တွေးတောတာတွေက မြန်မာကားအတိုင်းပဲနော်။

▪️ကမ္ဘာကအသိအမှတ်ပြုတာနဲ့ အစီအစဉ်လိုက်လေး
     အဆင်တပြေ အာဏာပြန်ရမယ်ထင်လို့
     ဒီလို false hopes တွေကိုလိုက်ပျော်နေကြတာလားဟင်။

▪️နင်တို့ရှေ့က အစိုးရဖြစ်တဲ့ အဝေးရောက်အစိုးရဆိုတဲ့
     အဖွဲ့ကိုလည်း မေးမြန်းကြည့်ကြပါဦးဟယ်။🥴
     မြန်မာပြည်အပြင်ဘက်ရောက်သွားပြီးရင်
     မြန်မာ့မြေကို သစ္စာဖောက်သွားပြီးရင်
     ဘယ်တုန်းကများ ပြန်လာပါ 
     အာဏာပြန်ယူလှည့်ပါလို့ အဖိတ်ခေါ်ခံခဲ့ရသလဲလို့လေ။
     မြန်မာပြည်ပြင်ပမှာပဲ တစ်သက်လုံးအစိုးရလုပ်နေလိုက်။🥴

▪️နင်တို့ဖာသာ ပြည်ပမှာ ကမ္ဘာကြီးက 
     အသိအမှတ်ပြုတာမကလို့
     စကြာဝဠာတိုက်တစ်သောင်းကပဲ အသိအမှတ်ပြုပြု
     မြန်မာပြည်မှာ အစိုးရတော့ပြန်လုပ်လို့မရဘူးဆိုတာသိ။🥴

▪️အလှူခံစားလို့ကောင်းရုံသက်သက်နဲ့
     အကြီးကြီးတွေလျှောက်ပြောနေကြတာ 
     ယုံတဲ့သူကလည်းယုံတယ် အံ့ယော။

▪️ကမ္ဘာကြီးကအသိအမှတ်ပြုအောင်
     လုပ်ပေးမယ်ဆိုတဲ့လူတွေကိုပဲမေးကြည့်ပါဦး။
     အသိအမှတ်ပြုခံရရင် ဘာဆက်လုပ်ရမလဲလို့လေ။🥴

▪️ဒီစာလေးက မျှော်လင့်ချက်တွေကို
     ရိုက်ချိုးသလိုဖြစ်သွားရင် ဆောတီးနော်။
     ပကတိအရှိတရားက စိတ်ကူးနဲ့ကွာဟတယ်ဆိုတာကို
     သိစေချင်ရုံသက်သက်ပဲ။

▪️ရင်ထဲက စေတနာနဲ့ပါ။😁

#SniperSu