မင်းကိုနိုင်နဲ့ ဒေါတ်တာဇော်ဝေစိုးက
PDF တွေကို အိမ်ပြန်ခိုင်းနေတယ်။
နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်လို့ဆိုတယ်။
ဒါက တရုတ်နဲ့ အာဆီယံရဲ့ တွေ့ဆုံဆွေးနွေးရေး
လမ်းကြောင်းအပေါ်အခြေခံတဲ့ ပုံစံပါ။
ခက်တာက
တရုတ်က မြန်မာကို ငယ်နိုင်ပုံစံနဲ့
အနိုင်ကျင့်နေသလို
အာဆီယံကလည်း သူတို့တောင်းဆိုချက်ကို
မလိုက်နာရင်ပဲ မြန်မာပြည်ကို အာဆီယံကနေ
ချပ်ချင်းမောင်းထုတ်မဲ့သဘော။
အဆိုးဆုံးက
အာဆီယံကိုယ်စားလှယ်က မြန်မာနိုင်ငံကပါတီတွေ
နဲ့တွေ့မယ်လုပ်ပြီးမှ ရက်ရွှေ့လိုက်တာ။
ဒါဟာ မြန်မာအစိုးရနဲ့ USDP ပါတီအပါအဝင်အခြား
ပါတီတွေကို အလေးမထားဘူးဆိုတဲ့သဘောကိုပြတာ။
တရုတ်ကလည်း နယ်စပ်ဂိတ်၁၇ဂိတ်ကိုပိတ်လိုက်တယ်။
စီးပွားရေးအရ ဖိအားပေးတဲ့သဘော။
နစက အစိုးရ ဘယ်လိုဖြေရှင်းမလဲ?
ရုရှားက မြန်မာကို ကူညီမယ်ဆိုပေမဲ့
မြန်မာပြည်က သီးနှံကုန်ကြမ်းတွေကို သယ်သွားမှာ
မဟုတ်ဘူး။စက်ရုံဆောက် ၊ ကုန်ချောလုပ်ပြီးမှ
ပြည်ပကိုတင်ပို့မှာဆိုတော့ အချိန်ယူရအုံးမယ်။
ကြားကာလမှာ တရုတ်ကို ကုန်မပို့ရရင် ဘယ်ကို
ပို့ရမလဲ ဆိုတဲ့ ဖြေရှင်းနည်း အမြန်ဆုံးလိုပါတယ်။
အာဆီယံကိုယ်စားလှယ်ရဲ့နိုင်ငံကြီးသား မပီသမှုကို
လည်း နစကနဲ့ပါတီတွေ ပူးပေါင်းဖြေရှင်းဘို့လိုမယ်။
PDF တွေက မင်းကိုနိုင်တို့ အိမ်ပြန်ခိုင်းသလို ပြန်ကြမလား?
မထင်ဘူး။
Gz တွေအတွက် အိမ်ပြန်လမ်းမရှိတော့ဘူး။
သူတို့ကတော့ လူငယ်ပီပီ လမ်းဆက်လျှောက်ကြမှာပဲ။
ဆီမီးအိမ်