Friday, October 15, 2021

ဖတ်ကြည့်ကြပါ OIC ရဲ့ ယုတ်မာမှူ


"တပ်မတော်သည်အမျိုး သားရေးကိုဘယ်တော့မှသစ္စာမဖေါက်"
ယ္ခု Post သည်မိမိတာ ဝန်ထမ်းဆောင်ခဲ့မှုနှင့်မိမိ၏ခံယူချက်ကိုတင်ပြခြင်းသာဖြစ်ပြီး မြန်မာ့သ မိုင်းတွင်သိထားသင့်သော
အချက်အလက်အချို့ကိုသိမြင်နိုင်စေရန်
ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။

       စာရေးသူသည် ၂၀၀၈
ခုနှစ်မှ ၂၀၁၃ထိ ၅နှစ်တိုင်
ဆော်ဒီအာရေးဗီးယားနိုင် ငံဆိုင်ရာအထူးအာဏာ ကုန်လွှဲအပ်ခြင်းခံရသော
မြန်မာသံအမတ်ကြီးဖြစ်
ပြီးဆော်ဒီနှင့်မြန်မာသံတ
မန်ဆက်ဆံရေးထူထောင်ပြီးနောက် ပထမဆုံးမြန်မာသံအမတ်ကြီးအဖြစ်
ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။
     တာဝန်ထမ်းဆောင်၍
၂ နှစ်ခန့်ကြာပြီးနောက်ဆော်ဒီအစိုးရက ၎င်းတို့အကျဉ်းထောင်များတွင် မြန်မာနိုင်ငံသားများကို
ထိန်းသိမ်းထားရာ(၃၀၀၀)
ခန့်ရှိကြောင်း၊ သံရုံးကလာ
ရောက်စိစစ်ပေးစေလိုကြောင်းညှိနိုင်း
အကြောင်း
ကြားလာခဲ့သဖြင့် မိမိနိုင်ငံ
အကြီးအကဲနှင့်ဝန်ကြီးဌာန
သို့တင်ပြခွင့်ပြုချက်တောင်းခံပြီး (၁)ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနမှ
ကိုယ်စားလှယ်၊(၂)လူဝင်
မှုကြီးကြပ်ရေးမှကိုယ်စား
လှယ်၊(၃)အကျဉ်းဦးစီးဌာ
နမှကိုယ်စားလှယ်၊(၄)မြို့ တော်ဝန်ရုံးမှကိုယ်စား လှယ်တို့ပါဝင်စေပြီးသံရုံး
ကဦးဆောင်လျက် နိုင်ငံ သားစိစစ်ခြင်းလုပ်ငန်းကို
အကျဉ်းထေါင်များအ တွင်းသွားရောက်ဆောင်
ရွက်ခဲ့ရာအောက်ပါအ တိုင်းဖေါ်ထုတ်တွေ့ရှိနိုင်ခဲ့ပါ
သည်-

(၁)မြန်မာနိုင်ငံကထုတ်ပေး
သောမှတ်ပုံတင်/နိုင်ငံသား
စိစစ်ရေးကဒ်/သန်းခေါင်
စာရင်း/ တစ်ခုမျှမရှိ။
(၂)ဆော်ဒီနိုင်ငံတွင်မွေးဖွားသူများသာဖြစ်။
(၃)မြန်မာစကားမပြောတတ်။
(၄)မြန်မာနိုင်ငံသို့မရောက်ဖူး။
(၅)မြန်မာနိုင်ငံသို့မသွားလို
(၆)ဆော်ဒီယာယီမှတ်ပုံ တင်သဘောဆောင်သည့်
ကဒ်ပြားရှိ။
     အထက်ပါအတိုင်းစစ် ဆေးတွေ့ရှိလာခဲ့ရာ(၇) ရက်ခန့်ကြာပြီးနောက်စစ် ဆေးမှုများပြီးဆုံးခဲ့ပါသည်၊ စစ်ဆေးတွေ့ရှိ
ချက်များကိုနိုင်ငံတော်နှင့်ဝန်ကြီးဌာနသို့အသေးစိတ်
အစီရင်ခံခဲ့ပါသည်။
     (၁/၂)လခန့်ကြာပြီးနောက်ဆော်ဒီဖက်ကအ ကျဉ်းသားများကိစ္စကိုမေး မြန်းလာသည့်အတွက် နိုင်
ငံသားဖြစ်မှုအထောက်အ ထားတစ်စုံတစ်ရာတင်ပြ
နိုင်ခြင်းမရှိသူများအတွက်
မိမိတို့နိုင်ငံကပြန်လည်လက္ခံရန်မဖြစ်နိုင်ပါကြောင်း
အကြောင်းပြန်ကြားခဲ့ပါ သည်။
     (၂)လခန့်ကြာပြီးနောက်
ဆော်ဒီဖက်ကမိမိအားခေါ်ယူတွေ့ဆုံပြီး
အောက်ပါအ တိုင်းညှိနှိုင်းပြောကြားခဲ့ပါ
သည်-
(၁)အကျဉ်းသားများအပါ အဝင်ဆော်ဒီနိုင်ငံရှိဘင်ဂါလီ(၅)သိန်းခန့်ကိုမြန်မာနိုင်
ငံဖက်ကပြန်လည်လက္ခံပေးပါရန်။
(၂)၎င်းလူများကိုပြန်ပို့ရာ တွင်သယ်ယူပို့ဆောင်ရေးနှင့်ကုန်ကျ
စရိတ်အားလုံး
ကိုဆော်ဒီကကျခံပါမည်။
(၃)ထိုသူများမြန်မာနိုင်ငံရောက်လျင်
နေစရာ၊ အ သက်မွေးဝမ်းကြောင်းလုပ် ငန်းများနှင့်ပြန်လည်ထူထေါင်ရေးလုပ်
ငန်းများအ
တွက်ဆော်ဒီဖက်ကကျခံဆောင်ရွက်ပေးသွားပါမည်။
(၄)မြန်မာနိုင်ငံကအထက်
ပါအချက်များကူညီဆောင်
ရွက်‌ပေးမည်ဆိုပါကငွေ ကြေးထောက်ပံ့မှုများအပါ အဝင်အခြားထောက် ပံ့မှုများကိုဆော်ဒီဖက်ကဆောင်ရွက်ပေးသွားပါမည်။
     ထိုအခါမိမိကနိုင်ငံတစ်
နိုင်ငံအနေဖြင့်နိုင်ငံတကာ ဥပဒေများကိုလေးစားလိုက်နာရပြီး၎င်း
ဥပဒေများအတိုင်းသာဆောင် ရွက်ကြရသဖြင့်မိမိနိုင်ငံ
သားမဟုတ်သူများကိုလက္ခံနိုင်မည်မဟုတ်ပါကြောင်း၊ နိုင်ငံတော်အကြီး
အကဲထံသို့တင်ပြပေးသွားမည်ဟု‌
ဖြေကြားခဲ့ပါသည်၊
     နိုင်ငံတော်ကလည်းလက်မခံခဲ့ပါ။
     ၎င်းတို့ကြံရွယ်သကဲ့သို့
မဖြစ်လာသေါအခါဆော်ဒီ
ကကြီးမှူးကွပ်ကဲနေသော
(OIC)က ဥရောပသမဂ္ဂနှင့်ပူးပေါင်း၍ဘင်ဂါလီ
ကိစ္စကိုစတင်အကေါင်အထည်ဖေါ်လှုပ်
ရှားလာခဲ့ပါသည်၊
ယ္ခုPost တွင်OIC နှင့်ဥရောပသမဂ္ဂတို့ထုတ်ပြန်ခဲ့သော STATEMENT ကိုဖေါ်ပြထားပါသည်၊ ၎င်း
မှတ်တမ်းတွင်(ဟန်ယေါင်ဝေ)က EU ဘက်မှပွဲစားအဖြစ်ပါဝင်လက်မှတ်ရေး
ထိုးထားသည်ကိုတွေ့နိုင်ပါ
သည်၊ ထိုအထဲတွင်( ဝါကာလူဒင်) လည်းပါဝင်နေ
သည်ကိုတွေ့နိုင်ပါသည်၊ ၎င်းအချိန်မှ
စ၍ OIC ရဲ့ဘင်ဂါလီအရေးလှုပ်ရှားမှု
များစတင်ခဲ့သည်ဟုဆိုနိုင်
ပါသည်။
     ၎င်းအစည်းအဝေးအ ပြီးညဖက်အခန်းအနားတစ်ခုတွင်ဆော်
ဒီနိုင်ငံခြား
ရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိကြီးတစ်ကဆော်ဒီမှာတာလီဘန်၊ အယ်ခိုင်ဒါနဲ့ဘင်းဂလားဒေ့ရ်ှဘက်က RSO အဖွဲ့ဝင်တွေပါလှုပ်ရှားမှုတွေအမြဲရှိနေ
ပြီးမြန်မာနိုင်ငံအပေါ်မကြေနပ်မှုတွေ
ရှိနေနိုင်တဲ့အတွက် သံအမတ်ကြီး
သွားတာလာတာတွေကို
ဂရုစိုက်ဖို့ခင်မင်စွာအသိ ပေးခြင်းဖြစ်ကြောင်းပြော
ကြားခဲ့ပါတယ်။
     မိမိကယခုကဲ့သို့သတိ
ပေးပြောကြားမှုကိုအထူး
ကျေးဇူးတင်ရှိပါကြောင်း၊
မိမိအနေနဲ့တပ်မတော်တွင်
နှစ်ပေါင်း(၃၀) ကျော်တာဝနထမ်းဆေါင်ခဲ့ရာတိုက်ပွဲ
ပေါင်းများစွာပါဝင်ဆင်နွှဲ
ခဲ့ဖူးပါကြောင်း၊ အသက်မသေခဲ့၍သာယခုလိုတာဝန်
ထမ်းဆေါင်နေနိုင်ခြင်းဖြစ်ပါကြောင်း၊ မိမိအကြမ်း ဖက်ခံရပြီးလုပ်ကြံခံရပါကနိုင်ငံအတွက်အသက်ပေးရခြင်းဖြစ်လို့ဂုဏ်ရှိပါ
ကြောင်း၊နိုင်ငံတကာသံတမန်တစ်ဦးလုပ်ကြံခံရလို့ဂုဏ်သိက္ခာထိခိုက်ခံရမှာကဆော်ဒီနိုင်ငံပင်ဖြစ်ပါကြောင်း၊မည်သို့ဆိုစေ ခင်မင်စွာအသိပေးတဲ့အတွက်ကျေးဇူးတင်ပါကြောင်းပြောကြားခဲ့ပါတယ်။
     မကြာမီမိမိလုံခြုံရေးကို
အကြောင်းပြပြီး သံရုံးရှေ့မှာ ရဲကင်းရုံလာဆောက်ပြီး(၂၄)နာရီပတ်လုံးကင်းစောင့်ခဲ့ကြပါတယ်၊

တကယ်ကမိမိရဲ့သွားလာမှုကိုစောင့်ကြည့်တဲ့သ ဘောပါဘဲ။
     ဒါပေမဲ့ရတနာ(၃)ပါးရဲ့
ဂုဏ်ကျေးဇူးကြောင့်မိမိနဲ့
သံရုံးမိသားစုတွေအားလုံး
ဘေးကင်းခဲ့ကြပါတယ်။
     မိမိတာဝန်ထမ်းဆောင် ခဲ့တဲ့ကာလတစ်လျောက်
လုံး ဘယ် ဘင်ဂါလီ တစ်ဦးတစ်ယေါက်ကိုမျှမြန်မာပြည်ကိုပြန်လည်လက္ခံခြင်းမရှိခဲ့ပါဘူး။ တစ်နည်းပြောရရင်"တပ်မတော်တော်
သည်အမျိုးသားရေးကိုဘယ်တေါ့မှသစ္စာမဖေါက်" ဘူးလို့ဆိုလိုချင်ပါတယ်။
     ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်(၁၉၇၅)ခုနှစ်မှာတပ်မတော်ထဲကိုဝင်တေါ့
ကတိသစ္စာခံယူတဲ့အခန်းအနားမှာနိုင်ငံတော်အလံကိုထိကိုင်ပြီး- 
(၁) ငါတို့သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏သစ္စာကိုစောင့်သိရိုသေပါမည်။
(၂) ငါတို့သည် ကျဆုံးလေပြီးသောတပ်မတော်သားတို့၏သစ္စာကိုစောင့်သိရိုသေပါမည်။
(၃) ငါ့အားအထက်မှပေး အပ်သော အမိန့်နှင့်တာ
ဝန်ကိုကျေပွန်စွာထမ်း ဆေါင်ပါမည်။
(၄) ငါ့နိုင်ငံတော် ငါ့နိုင်ငံသါး ငါ့တပ်မတော်အတွက်
ငါ၏အသက်ကို စွန်လွှတ်ရန် အဓိဌန်ပြုပါ၏ လို့သစ္စာအဓိဌန်ပြုခဲ့လို့ပါဘဲ၊
ကျွန်တော်နိုင်ငံတော်အပေါ်
သစ္စာစောင့်သိခဲ့ပါတယ်။
ပေးတာယူ၊ ကျွေးတာစားပြီး ဘင်ဂါလီတွေကိုလက်မခံခဲ့ပါဘူး။ သမိုင်းတစစ်ကိုသိနိုင်စေဖို့ပါ။
ကပ်ရောဂါဘေးမှကင်းဝေးကြပါစေ။
(သံရုံးရှေ့ကရဲကင်းရုံပုံကိုလည်း
ဖေါ်ပြထားပါတယ်)
Copy