Sunday, October 17, 2021

PDF ၃၀၀၀ ကျော်၏ လွတ်မြောက်နယ်မြေ (သို့မဟုတ်) စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်၏ အနောက်ဘက်ခြမ်း။


ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းရှိ ရှမ်းကုန်း၊ လိပ်စင်းတောင်၊ ပေပင်ချောင်၊ ကျွဲတဲ၊ ဝေလမူ၊ ကိုင်းဝန်း၊ အိမ်ခြေ..  အစရှိသော ရွာများ အပါအဝင် ရွာတော်တော်များများ၌ နယ်မြေခံ ရွာသား PDF များ တိုးပွားလာကာ 
နီးစပ်ရာ အခြား မြို့နယ်များရှိ pdf များမှလည်း လာရောက် အခြေချလျက်ရှိသည်။

KIA ထောက်ပံ့မှု့ဖြင့် လက်လုပ်မိုင်း၊ လက်လုပ် သေနတ်များအားလည်း ရွာများ အပြိုင်အဆိုင် ကိုယ်တိုင် ထုတ်လုပ်နေကြပြီး သင်တန်းများလည်း အဆက်မပြတ် ပေးလျက်ရှိတယ်။

လက်လုပ်ဗုံး ထုတ်လုပ်ရာမှာ မြေပြင်သုံးသာမက ရေအောက်သုံးများပါ ပြုလုပ်နေကြတယ်။ ဖောက်ခွဲရေး၌ တစစနှင့် အင်အားပြင်း ဖောက်ခွဲရေးများ လုပ်ဆောင်လာနိုင်တာ တွေ့ရှိရသည်။

ဆည်အနောက်ခြမ်း နယ်မြေတစ်ခုတည်း၌ပင် PDF အင်အား ၃၀၀၀ ကျော်ရှိနေပြီး ဖြန့်ကျက် နေထိုင်ကြလျက်ရှိတယ်။ မော်ကယ်ချောင်းဖျား PDF စခန်းတစ်ခုတည်း၌ပင် အမျိုးသမီး PDF ၁၀၀ ကျော်ရှိနေတယ်။ အချို့ PDF စခန်းတွေဆိုရင် အထိုင်အင်အား ၄၀၀ ကျော်ထိ ရှိနေပြန်သေးကာ မောင်းပြန် သေနတ်များထိပါ ကိုင်ဆောင်ထားလျက် 
ရှိကြသည်။

ရွာထဲ ရွာကူး၌ ပေါ်ပေါ်တင်တင်ပင် PDF များမှ သေနတ်ကိုင်ကာ သွားလာနေကြကာ အချို့ လမ်းကူး တံတားကူးနေရာများတွင် အထိုင်ဂိတ် စခန်းချ ပြီးတော့ကို ဆက်ကြေးကောက် 
စစ်ဆေးရေးဆိုပြီး လုပ်နေကြတယ်။

ယခုချိန်ထိ နစက၏ ခြေမှုန်း စစ်ဆင်ရေး (လုံးဝ) 
မရှိသေးသော PDF လွတ်မြောက် နယ်မြေဖြစ်နေသော ကျွန်းလှ ဆည်အနောက်ဘက် ရေနံမှော်များသည် ဘဏ္ဍာရေးနှင့် Logistics Command Centre ဘဏ္ဏာတိုက်များသဖွယ် PDF များအား ထောက်ပံ့လျက် ရှိသည်။

တစ်လအတွင်း မနှိမ်နှင်းရင်ဖြင့် PDF ၅၀၀၀ ကျော် အတွက် လွတ်မြောက်နယ်မြေ ဖြစ်လာတော့မည်မှာ မလွဲဧကန်ပင် ဖြစ်တော့၏။

#KoHteinLin

မြန်မာ့ခရီးသည်
14.10.2021


Related Posts: