Saturday, August 7, 2021

တချို့သော နိုင်ငံရေးတွေက…. နိုင်ငံ အရေးနဲ့လည်း ပတ်သက်နေကြတယ်ဆိုတာ


မကြာသေးတဲ့ကာလတုန်းက  
ဖိလစ်ပိုင် သမ္မတ ဒူတာတေးကနေ  
သူ့နိုင်ငံမှာ  အမေရိကန်စစ်တပ်ကို 
တပ်စွဲခွင့် ပြုလိုက်တဲ့ အမိန့်ထုတ်ပြန်ခဲ့သလို
ဒီရက်ပိုင်းအတွင်းမှာလည်း
အင်ဒိုနဲ့ US ပေါင်းပြီး 
စစ်ရေးလေ့ကျင့်မှုလုပ်နေတာ
တွေ့လိုက်ရတယ်………
----------------
ဆရာဦးကိုကိုလှိုင်ရေးတဲ့ဆောင်းပါးထဲကလိုပဲ
အင်ဒို ပစိဖိတ်ဒေသအရေးဟာ
ကမ္ဘာ့ဇာတ်ခုံပေါ်မှာ 
အတော်လေးနေရာယူနေတာတွေ့လာရတယ်….
ပိုဆိုးတာက   အင်ဒိုပစိဖိတ်ဒေသဟာ 
ကမ္ဘာ့လူဦးရေရဲ့ထက်ဝက်ကျော်နေထိုင်သလို
ကမ္ဘာ့စီးပွားရေးရဲ့ ၃၀ ရာခိုင်နှုန်း၊ 
ကမ္ဘာ့စီးပွားရေးအင်အားကြီး(၁၀)နိုင်ငံထဲက
(၃)နိုင်ငံ ရှိနေတဲ့နေရာတစ်ခု၊ 
ကမ္ဘာ့စစ်အင်အားအကြီးဆုံး(၁၀)နိုင်ငံထဲမှာ
(၇)နိုင်ငံ ရှိနေတဲ့ ဒေသတစ်ခုမို့…..
အရေးပါ အရာရောက်နေတာလို့လည်း
သတ်မှတ်လို့ဖြစ်တယ်…
-------------
ဒီကြားထဲ  လာအိုနိုင်ငံမှာ 
ရုရှားကလည်း 
လေတပ်အခြေစိုက်စခန်းဖွင့်ထားသလို
တရုတ်နိုင်ငံအနေနဲ့လည်း 
တောင်တရုတ်ပင်လယ်မှာ 
ကျွန်းတုတွေဆောက်ပြီး
အနောက်ပစိဖိတ်ဒေသရဲ့ကျွန်းတန်းကြီး(၃)ခုကို
ရှေ့ခံစစ်စည်းအနေနဲ့ ကာကွယ်ထားပြန်တယ်
-----------------
ဒီအခြေအနေကို သိတဲ့ ဂျပန်နိုင်ငံကလည်း
မတ်လကတည်းက ကျင်းပဖို့ရှိနေတဲ့
(၁၄)ကြိမ်မြောက်ဖြစ်တဲ့  မဲခေါင်-ဂျပန် 
ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို 
ဒီလ ၆ ရက်နေ့မှာပဲ 
အမြန်ပြန်ပြီးကျင်းပခဲ့တာတွေ့ရတယ်……
-----------------
ဆိုလိုချင်တာက…….
ကမ္ဘာ့ကြီးကို 
လွှမ်းမိုးချုပ်ကိုင်ချင်တဲ့နိုင်ငံတိုင်းအတွက်
အာဆီယံဒေသနဲ့ အင်ဒို-ပစိဖိတ်ဒေသဟာ
လက်လွှတ်ထားလို့ မဖြစ်တဲ့ 
အခြေအနေတစ်ခုဖြစ်တယ်ဆိုတာ
သိပ်ထင်ရှားတယ်……….
-------------
ဒီလိုပဲ…..
တရုတ်နဲ့ အမေရိကန် နိုင်ငံတို့ရဲ့ 
အားပြိုင်မှုအခန်းကဏ္ဍထဲမှာမှ…..
မြန်မာနိုင်ငံကြီးကို….
လက်ဝေခံ အစိုးရအဖြစ်နဲ့ သိမ်းသွင်းနိုင်ဖို့…..
အမေရိကန်အနေနဲ့ 
NLD ကိုဘယ်လိုကြိုးကိုင်စေခိုင်းခဲ့လဲဆိုတာ…
ပန်ဆယ်လိုနဲ့မျိုးရန်နောင်သိန်းတို့ 
ဘယ်လို ပြည်ပရောက်သွားလဲဆိုတာ
တချက်တည်းနဲ့တင် ခန့်မှန်းလို့ရပါတယ်…..
----------------
လူတွေပါးစပ်ဖျားမှာ…
နိုင်ငံရေးလို့သာ လွယ်လွယ်ပြောကြတာ….
တချို့သော နိုင်ငံရေးတွေက….
နိုင်ငံ အရေးနဲ့လည်း ပတ်သက်နေကြတယ်ဆိုတာ
သတိချပ်ဖို့ လိုတယ်မဟုတ်လား….
ဒါတွေကို တပ်မတော်က 
မျက်ခြေမပျက်စောင့်ကြည့်နေခဲ့လိုသာ…
မဟုတ်ရင်…..

#ဖိုးစီ