မိုင်းနောင် ခလရ( ၂၈၆ )
SSPP/SSA ဝမ်ဟိုင်းအဖွဲ့
လာရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်
လောက်ကိုင် ခရလ (၁၂၉) ညံခွမ်း
MNDAA အဖွဲ့လာတိုက်တဲ့ဖြစ်စဉ်
နမ့်ပေါင်တပ် ခလရ(၂၉၁) တပ်
TNLA MNDAA. ပူးပေါင်းအဖွဲ့
လာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်
ရှဒူဇွပ် ခလရ (၂၉၇) တပ်ရင်း
KIA သောင်းကျန်းသူအဖွဲ့တွေ
လာရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်
မံစီမြို့ ခမရ ၆၀၁ တပ်ကရဲမေတွေ
KIA လာတိုက်တော့ပြန်တိုက်တဲ့ဖြစ်စဉ်
ခမရ (၅၈)ဝိုင်းမော် KIA အဖွဲ့တွေ
လာရောက်တိုက်ခိုက်တဲ့ဖြစ်စဉ် စတဲ့
စစ်ဆင်ရေးနယ်မြေ နယ်ခံတပ်တွေရဲ့
နောက်တန်းဌာနချုပ်တပ်တွေကို
သောင်းကျန်းသူတွေအလုံးအရင်းနဲ့
ဝင်တိုက်တဲ့အချိန် ကလေးတစ်ဖက်
သေနတ်တစ်လက်နဲ့တပ်ရင်းဌာနချုပ်ကို
ရန်သူလက်ထဲအကျမခံအောင်တိုက်ခဲ့တာ
နောက်ချန်စစ်သည်တွေရဲ့အကူဖြစ်တဲ့
အိမ်ထောင်သည်ရဲမေတွေရဲ့ပစ်အား
လူအားတွေလို့ဆိုရပါမယ်
နောက်တန်းဌာနချုပ်ဆိုတာက တပ်တွေ
စစ်ဆင်ရေးထွက်သွားရင် ဌာနဆိုင်ရာနဲ့
စစ်သည်အင်အားနည်းပြီးကျန်တဲ့
ဌာနဆိုင်ရာအရာရှိစစ်သည်တွေနဲ့ရဲမေတွေ
တပ်ဂိတ်လုံခြုံေရးတွေမှာကင်းစောင့်ကြတယ်
စစ်ရေးပြလက်နတ်ကြီးလက်နတ်ငယ်
စတဲ့ပညာရပ်တွေပါသင်ယူထားကြတယ်
တွေ့ကြုံရတဲ့ပြသနာတွေပြောပြရရင်
တပ်တွေကအိမ်ထောင်သည်အတော်များ
လစာတစ်ခုတည်းနဲ့အဆင်မပြေကြဘူး
ယောက်ျားရှိလို့သံယောဇဉ်ကြောင့်သာ
မိသားစုရှိနေလို့သာမှီခိုနေနေရတာ
စစ်ရေးပြနောက်တန်းဌာနချုပ်လုံခြုံရေး
စတဲ့တာဝန်တွေပါထမ်းဆောင်ကြရတယ်
ဒါကြောင့် နယ်စပ်ဒေသမှာရှိတဲ့
လိုင်းခန်းနေရဲမေတွေအတွက်ပါ
လစဉ်လိုလို တော့
ထောက်ပံ့ကြေးတွေပေးသင့်ပါတယ်
အကုန်လုံးကိုမထောက်ပံ့ပေးနိုင်ရင်တောင်
စစ်ဆင်ရေးတိုင်းတွေဖြစ်ကြတဲ့
(မပခ )ရဲမေ( ရမခ ) ရဲမေတွေအတွက်တော့
ထောက်ပံ့ပေးစေခြင်တယ်လစဉ်အလိုက်
ဒါတွေကအစဉ်လာတခုဖြစ်နေပြီ
ဗဟိုကင်းကသံချောင်းခေါက်သံနဲ့
စစ်ခရာသံအလန့်ပေးပြီးမှုတ်ပြီဆိုတာနဲ့
ထုတ်ထားတဲ့သေနတ်ကိုဆွဲပြီးကလေးတစ်ဖက်နဲ့
မိမိတာဝန်ပေးထားတဲ့ဘန်ကာကို
ပြေးပြီးတော့နေရာယူကြရတယ်
နယ်စပ်ဒေသကတာဝန် ထမ်းနေရသလို
နေရတဲ့ ရဲမေတွေအတွက်တော့
ထည့်စဉ်းစားပေးသင့်တယ်လို့မြင်မိတယ်
ရဲမေချင်းတူတာတောင်စိတ်ဓာတ်ချင်းကွာတယ်
ယူနီဖောင်းဝတ်ရခြင်းလည်းမတူပေမဲ့
ကိုယ်ပိုင်နံပါတ်မရှိတဲ့ရဲမေတွေ
ယောက်ျားကိုယ်ပိုင်နံပါတ်နဲ့မှီခိုပြီး
ကျရာအခန်းကနေပြီးတော့တိုက်ပွဲဝင်ကြတယ်
ယူနီဖောင်းကြီးဝတ် TikTok ဆော့လိုက်
ဆယ်ဖီလ်ဆွဲ ဖို့အတွက်သူတို့မှာအချိန်မရှိဘူး
အိမ်မှုကိစ္စဓမ္မစကြ်ာ ဖက်ထိပ်ဆိုလုပ်ရ
စစ်ရေးပြလက်နတ်ကြီးလက်နတ်ငယ်
စတဲ့အလုပ်တွေနဲ့ရဲမေဆိုတာတကယ်တော့
တပ်ရင်းတစ်ရင်းရဲ့အမာခံအင်အားတစ်ခုပါ
အဓီကကျတဲ့တပ်တွေနေရာဒေသတွေမှာ
အိမ်ထောင်သည်ရဲမေတွေအတွက်
လစဉ် ထောက်ပံ့ကြေးတွေပေးသင့်တယ်
ကြက်ဥတွေ ဆပ်ပြာတွေ ယမ်ယမ်တွေ
အဲ့ဒါတွေကိုပြောတာမဟုတ်ပါဘူး
တစ်လ ကိုတစ်ယောက် ၃၀၀၀၀ လောက်
ထောက်ပံ့ပေးရင်တောင်ဟင်းဖိုးရတယ်
လုပ်ခြင်ကိုင်ခြင်စိတ်ဖြစ်အောင်
တပ်နေပျော်အောင်လုပ်ပေးသင့်ပါတယ်
လေးစားပါတယ်
ပုခက်လွဲသော လက်ပိုင်ရှင်များ
KWM.