Saturday, August 7, 2021

စစ်အာဏာရှင် စနစ်ပြန်မသွားဖို့ဆိုရင်….


စစ်အာဏာရှင် စနစ်ကို ပြန်မသွားဖို့ဆိုရင် 
လူငယ်တွေ လုပ်ရမဲ့ အချက်(၂)ချက်ရှိတယ်….
နံပါတ်(၁) အချက်က ….
လက်ရှိ စစ်အာဏာရှင်ကျရှုံးရေးဆိုပြီး
လက်နက်ကိုင် အကြမ်းဖက်နေတာတွေ ရပ်လိုက်၊
နောက်တချက်က 
အိမ်စောင့်အစိုးရလုပ်နေတဲ့ 
စီမံခန့်ခွဲမှုအမှားတွေကို ဘောင်ထဲကနေ  
တွန်းအားပေး…..
ဒီ(၂)ချက်ကို အကောင်အထည်ဖော်နိုင်ရင်
သူတို့ပြောတဲ့နွေဦးတော်လှန်ရေးက နိုင်လိမ့်မယ်…..

တပ်မတော်က အကြောင်းပြပြီး 
လက်ရှိ အရေးပေါ်ကြေညာထားတာက
မဲစာရင်း ကြောင့်ဖြစ်ပါတယ်…..
မဲစာရင်း ရလဒ်ကလည်း 
နောက်ဆုံးစစ်ဆေးချက်အပြီးသတ်ထွက်နေပြီဖြစ်လို့
တကယ်တမ်း တိုင်းပြည်တည်ငြိမ်နေရင်….
တနှစ်အတွင်းနဲ့တောင် 
ရွေးကောက်ပွဲ ပြန်လုပ်လို့ရပါတယ်…..
ခုတော့ လက်နက်ကိုင်ပြီး 
စစ်အာဏာရှင် ကျရှုံးရေးဆိုတဲ့ခေါင်းစဉ်နဲ့
အကြမ်းဖက်တာတွေ ဘာတွေထလုပ်တော့…
တနှစ်အတွင်းပြီးပြတ်ရမဲ့ကိစ္စတွေက
ခန့်မှန်းရ အကုန်ခက်စေပါတယ်……….

တပ်မတော်ကို 
တိုက်ခိုက်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့
လက်ရှိတောထဲကနေ စစ်သင်တန်းတက်နေတဲ့
လူငယ်တွေအနေနဲ့ 
ကိုယ်လုပ်နေတဲ့အခြေအနေတွေကို
ပြန်ပြီးသုံးသပ်စေချင်ပါပြီ……..
ဒီလို လက်နက်ကိုင်ပြီးတိုက်တိုင်းသာ 
အောင်မြင်ခဲ့ရင်……
တပ်မတော်ထက် သာလွန်အင်အားရှိခဲ့တဲ့
ဗကပ ဆိုတာ ဒီနေ့ဒီချိန်ထိ ရှင်သန်နေဦးမှာပေါ့…
နှစ်ပေါင်း (၇၀)ကျော်တိုက်ခဲ့တဲ့ KNU ၊ 
လက်နက်ကိုင်အဖွဲ့အစည်းပေါင်း
များစွာရှိတဲ့နိုင်ငံမှာ  တပ်မတော်ဆိုတာ
အင်အားချိနဲ့နေလောက်ပြီပေါ့……

ခုလည်း တောတွင်းက 
သင်တန်းတက်နေသူတွေကိုအကြောင်းပြပြီး
အလှူခံနေတဲ့ ပြသနာတွေ
တောက်လျှောက်တက်နေတယ်…..
လက်နက်ကိုင်တွေကို 
ကျောထောက်နောက်ခံထားမိလို့
NUG ကိုလည်းနိုင်ငံတကာက လက်မခံဘူး…..
တော်လှန်းရေးခေါင်းစဉ်ပြပြီး
အကြီးစားလော်ပေးခဲ့တဲ့ မျိုးရန်နောင်သိန်း၊
ပန်ဆယ်လိုနဲ့ခေါကြီးတို့ကလည်း 
လုံခြုံတဲ့နေရာတွေမှာရောက်နေသလို…..
ရုပ်ရှင်ဆယ်လီတွေက လည်း 
ကိုယ်ဝမ်းစာပျောက်လောက်အောင်အထိ
ဆက်မိုက်ကြမယ်မထင်ဘူး………..

အဲ့တော့ 
မအောင်မြင်နိုင်မဲ့ တော်လှန်ရေးကြီးမှာ
ဘာလို့ ဘဝတွေ အပျက်ခံ၊ 
မိသားစုတွေ အကွဲခံ ၊အချိန်တွေအကုန်ခံပြီး 
ဆက်လျှောက်နေဦးမလဲ?
လက်တွေ့ကျမဲ့နည်းလမ်းကိုသာရွေးချယ်ပြီး 
အသိဥာဏ်ရှိရှိ ဆောင်ရွက်သင့်ပါပြီ…..

တကယ်လို့သာ…..
ဒီ၂ နှစ်အတွင်း မှာ 
အကြမ်းဖက်မှုတွေဆိုးနေဦးမယ်ဆိုရင်….
လက်နက်ကိုင်ပြီး ဒီမိုကရေစီတောင်းဆိုနေမယ်ဆိုရင်
ဥပဒေမှာက  (၂)နှစ်သာပေးထားတာဖြစ်ပါတယ်…
ရွေးချယ်စရာမရှိတဲ့ လမ်းမှာ
ခြေဥဖျက်ပြစ်လိုက်တာကလွဲလို့
နောက်ထပ်ရွေးချယ်စရာမရှိတော့ပါဘူး…..
၂၀၀၈ ခြေဥဆွဲတာ (၁၆)နှစ်ကြာပါတယ်….
လက်နက်ကိုင်ပြီး စစ်အစိုးရတော်လှန်ရာကနေ
ABSDF လိုပဲ သောင်းကျန်းသူအဖွဲ့တစ်ခု
ထပ်တိုးလာတာကလွဲရင်…..
တပ်မတော်အနေနဲ့ ဗိုလ်နေမြဲ၊ကျားနေမြဲဆိုတာ
တွေးကြည့်ကြဖို့ ကောင်းပါတယ်………

#ဖိုးစီ



Related Posts:

  • ဒီနေ့ကျောင်းတွေစဖွင့်တဲ့နေ့ဖြစ်ပါတယ်။1-11-2021ကျောင်းနေအရွယ်ကလေးငယ်များအနယ်နယ်အရပ်ရပ်မှယနေ့ကျောင်းတက်ရောက်မှုစာသင်ကြားမှု မြင်ကွင်းပုံရိပ်အချို့ဖြစ်ပါတယ်။အားလုံးမြင်ကွင်းပုံရိပ် ပီတိခံစားနိုင်ပါရန်တင်ပေးလိုက်ပါတယ်။Bo Aung Dan… Read More
  • ဇာတ်တူသား.....ဂျင်မီကိုဖမ်းမိပြီးနောက်ဇာတ်တူသားစားကြပြီဆိုတဲ့စကားကိုသုံးနှုံးဖော်ပြကြသည်ကိုတွေ့ရသည်။ဒီစကားကိုသုံးနှုန်းရမှာအင်မတန်ကြောက်ပါတယ်။ဘာကြောင့်လဲ?ဇာတ်တူသားစားကြတာနေရာတိုင်း/အဖွဲ့အစည်းတိုင်းမှာရှိတတ်ကြပါတယ်။(မစားလို့မရတော့ဒါကြောင့်လ… Read More
  • အဲ့လိုနည်းနဲ့ အစိုးရအချင်းချင်းကြားရန်မီးမွှေးခဲ့တယ်---–---------------------------“ဝေဂါအထူးတရားရုံး” ဆိုသည်မှာ “မုသားစကားထုတ်လုပ်မှု” စစ်စစ်ပင်ဖြစ်သည်==========“Wang Leizhan (လုပ်အားခ) က ဘာလို့ဒီလောက်မြင့်တာလဲ။ တရားရုံးက ဖြေရှင်းချက်တစ်ခုပေးသင့်တယ်။”“ဝေဂါလူမျိုး လူသက်သေက Wang… Read More
  • သနားစရာ××× များ××× သတ္တဝါ           တနေ့က ကျနော် တက္ကစီစီးတော့ ကားဆရာက လူငယ်တယောက်ပါပဲ ။ လမ်းမှာ လုံခြုံရေးကား ကင်းလှည့်နေတာ မြင်ရတော့ ....  "တွေ့လား ဗျ ဒီကောင်တွေ ကြောက်နေပြီ ကျီးကန်းတောမှောက် သလို ဟိုကြည့်ဒီကြည့် နဲ့ လန့်နေကြတာ ဒါကိုကြည့်ရင် PDF တွ… Read More
  • " CDM " မလုပ်ခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် " Social Punishment " ခံနေရသူများအတွက် "ဤဆောင်းပါးကို ရေးရခြင်းအကြောင်းမှာ " CDM " မလုပ်ခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် " Social Punishment " ခံနေရသူများအတွက် ဖြစ်ပါသည်။ သူတို့သည် အမှားနှင့်အမှန်ကိုခွဲခြားသိသော်လဲ ဘေးပတ်ဝန်းကျင်မှပြောသော စကားများနှင့် Facebook ပို့… Read More