Thursday, August 12, 2021

😪 တန်ဘိုးမဲ့ အသုံးချခံများ


တကယ်တော့...
လူ၊ တိရစ္ဆာန်အားလုံးဟာ
လောကကြီးရဲ့ အသုံးချခံတွေသာပါ
တန်ဘိုးရှိ အသုံးချခံနဲ့
တန်ဘိုးမဲ့အသုံးချချခံရယ်လို့သာကွာကြတယ်
အကုသိုလ်မကင်းတဲ့ 
တန်ဘိုးမဲ့အသုံးချခံဆိုရင်တော့
ပြောဖွယ်ရာမရှိတော့။

ကုသိုလ်နဲ့ယှဉ်တဲ့
ကူလီ၊ ပြာတာတယောက်ရဲ့တန်ဘိုးက
အကုသိုလ်ပြွန်းတဲ့ မန်နေဂျာထက်
အများကြီး 'တာ' ပါတယ်
သံသရာလဲပါတယ်။

.............

မုန့်ဟင်းခါးဆိုင်မှာ
ဆိုင်ကယ်စီးလာပြီး
" မုန့်ဟင်းခါးရမလား" မေးတယ်
" ရပါတယ် " ပြောတော့
" ရရင်.. ရော့ကွာ " ဆိုပြီး
သေနတ်နဲ့ပစ်သွားတယ်၊
လူငယ်တယောက်လက်မောင်း ကျည်မှန်ပြီး
အပြစ်မဲ့စွာ လောကထဲရောက်လာတဲ့
"၈" လသားခလေးဆုံးရှာတယ်၊

#တောက်.... မင်းတို့ကွာ

................

ကိုဗစ်ဆေးထိုးရာမှာ
လူ့စိတ်နဲ့ လူသားဆန်စွာ
ပရဟိတ ကူညီကြတယ်
အဲ့ဒီထဲ...
ဗုံးပစ်သွင်းသွားတယ်

#တောက်.... မင်းတို့ကွာ

...............

ဖုတ်လှိုက် ဖုတ်လှိုက်နဲ့
သေမင်းနဲ့ လွန်ဆွဲနေရတဲ့ 
ကိုဗစ်သားကောင် လူမမာတွေအတွက်
အောက်ဆီဂျင် မျှဝေပေးတဲ့
ကိုယ်တိုင် ပိုးကူးခံ ပရဟိတသမားတွေကို
ပစ်သွားပြန်တယ်၊

#တောက်... မင်းတို့ကွာ။

..............

(၇) ကြိမ်ဗုံခွဲပြီး အောင်ပွဲခံနေတဲ့
အကြမ်းဖက်တွေကိုဝင်ဖမ်းတော့
တိုက်ပေါ်ကခုန်ချရင် သေမယ်မှန်းတောင်
မသိတော့တာ ... ဆေးပေါက်နေလို့။
သူတို့ကို ကျတော့ " အာဇာနည်ကြယ်ပွင့်များ" တဲ့

#တောက်.... မင်းတို့ကွာ။

................

#တောက်...
မင်းတို့အစား ရင်နာတယ်
ကုသိုလ်နဲ့ယှဉ်တဲ့ ကူလီအဖြစ်
လောကရဲ့အသုံးချခံဖြစ်လိုက်ကြစမ်းပါ၊

အကုသိုလ်ကြီးတဲ့
တဦးတယောက်၊ တဖွဲ့ရဲ့
အသုံးချခံတွေအဖြစ်နဲ့
လူသတ်သမား၊ အကြမ်းဖက်သမားတွေအဖြစ်
ဘဝကို အဆုံးခံကြတော့မှာလား။

#BaMaung. (12.8.21) 😪





Related Posts: