Saturday, December 4, 2021

ချစ်ခြင်းမေတ္တာဖြင့် အရာရာကို အကောင်းအတိုင်းဖြစ်စေမည်။


ဒီဇင်ဘာ(၆)ရက်နေ့တွင် ၅၀၅(ခ)အမှု အပြီးသတ်အမိန့်ချသောအခါ ထောင်ဒဏ်အပြစ်ပေးခံရပါလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းသားအဖြစ် ရောက်ရှိပါမည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းသားဖြစ်လျှင် ဥပဒေနှင့်အညီ အကျဉ်းထောင်သို့ အပို့ခံရပါမည်။အကျဥ်းသားသည် အပြင်တရားရုံးထုတ်လျှင် ဥပဒေနှင့်အညီ သံခြေကျင်းခတ်ခံရပါမည်။

မိုက်ကယ်ကျော်မြင့်ကို ဒေါ်အောင်ဆန်းစုကြည်အစိုးရက ၅၀၅(ခ)ဖြင့်စွဲပြီး ထောင်ဒဏ်အပြစ်ပေးခဲ့သည်။ထောင်ဒဏ်အပြစ်ပေးပြီး နောက်တစ်မှုထပ်စွဲပြန်သည်။မိုက်ကယ်ကျော်မြင့် ရုံးချိန်းသွားတိုင်း သံခြေကျင်းခတ်ခံရသည်။ဒါကိုမြင်တွေ့ပြီး ကျွန်တော်အလွန်စိတ်ထိခိုက်ခဲ့ရသည်။

ကျွန်တော့်ကို သာယာဝတီထောင်သို့ ပြောင်းသောအခါကလည်း ခြေကျင်းခတ်ခံရသည်။သာယာဝတီထောင်ထဲရောက်ပြီး လေးနာရီလောက်ကြာသည်အထိ ခြေကျင်းမဖြုတ်ပေးပါ။ခြေကျင်းဖြုတ်ပေးရန်ပြောသဖြင့် ခေါင်းအရိုက်ခံရသည်။

ဒီမိုကရေစီပါတီဖြစ်သည်ဟုဆိုသော NLDပါတီအစိုးရလက်ထက်တွင် နိုင်ငံရေးပြစ်မှုဖြင့် အကျဉ်းကျသူများကို သက်ညှာစွာဆက်ဆံရန် ‌‌ေဒါ်အောင်ဆန်းစုကြည် ညွန်ကြားခြင်းမပြုခဲ့ပါ။ထောင်အာဏာပိုင် ဖရဲသီးများကလည်း လည်မျိုညှစ်ခြင်း ခေါင်းရိုက်ခြင်းကဲ့သို့ သေနိုင်လောက်သည့် နှိပ်စက်မှုများ ကျွန်တော်ငါးမင်းဆွေအပေါ် ပြုလုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသားဘဝရောက်ခဲ့ပါလျှင် အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည် အပြင်တရားရုံးထုတ်သောအခါ သံခြေကျင်းခတ်မည်ဟု ကျွန်တော်မထင်ပါ။ချစ်ခြင်းမေတ္တာဖြင့် အရာရာကို အကောင်းအတိုင်း ဖြစ်စေပါမည်။

ငါးမင်းဆွေ
၄-၁၂-၂၀၂၁

Related Posts:

  • သူတို့ စောင့်ရှောက်ပေးထားသော တောင်ကုန်းများ ဘာသယံဇာတမှ မရှိဘူး၊ ဘယ်နိုင်ငံရေးသမားမှလဲ စိတ်မဝင်စားဘူး။အဲဒီတောင်ကုန်းတွေ ဘယ်နားမှာရှိနေမှန်း နိုင်ငံသားတစ်ဝက်လောက်က မသိကြဘူး။ဒါပေမယ့် အဲဒီတောင်ကုန်းတွေကို သူတို့ ၂၄ နာရီ စောင့်ရှောက်ထားရတယ်..။ပြည်ပလက်နက်ကိုင်တွေလဲ နေရာဝင်ယူ… Read More
  • နီပိန်း တသိုက် အတွက်(18+ ပုံပြင်)တစ်ခါက လင်မယား၂ယောက်နေတဲ့ အိမ်တစ်အိမ်ကို ဓါးပြဝင်တိုက်တာခံရတယ်။ဓါးပြတွေက ရှိသမျှပစ္စည်းတွေယူ၊ လင်မယား၂ယောက်ကို ရိုက်နှက်တဲ့အပြင် မယားဖြစ်သူကိုပါ အဓမ္မပြုကျင့်သွားလေရဲ့။အဲ့ဒီနောက်ပိုင်း လင်ဖြစ်သူက တမှိုင်မှိုင်တထွ… Read More
  • ဗဟိုဘဏ် နဲ့ အစိုးရ       တပ်ချုပ်ကြီး မင်း​အောင်လှိုင်ရဲ့ အိမ်စောင့်အစိုးရသည် ၂၀၀၈ ခြေ / ဥ နဲ့ အညီ အပြ်ချုပ်နေကြောင်း ပြည်သူအများ နားလည်ကြပါတယ် ။        ၂၀၀၈ ခြေ / ဥ အရ ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်များ အပေါ် အစိုးရမှ ဝင်ရောက်စွတ်ဖက်ဖို့ ခဲယဥ်းလှပါ… Read More
  • မသိတဲ့ဖုန်းနံပါတ် တစ်ခုက ညဉ့်နက်သန်းခေါင် အကြိမ်ကြိမ်ခေါ်နေလို့ ထ ကိုင်လိုက်မိတယ် .....စစချင်းကြားတဲ့အသံကသူငယ်ချင်းနေကောင်းလားတဲ့မင်း သိပ်အဆင်မပြေဘူး ဆိုလို့မင်း လက်ရှိ ဖုန်းနံပါတ်ကို မရ ရအောင် စုံစမ်းလာတာကွ တဲ့.....မတွေ့တာ ဆယ်စုနှစ် တစ်ခုခွဲ လောက်ရှိပြီဖြစ်တဲ့တစ်ပတ်စဉ်တည်း သူငယ်ချင်း တပ်ရင်းမှူး တစ်ယောက်ရဲ့အသံ… Read More
  • 👮တပ်မတော်သားတစ်ဦးရဲ့သမီး 🙆 တပ်မတော်ကြီးကိုချစ်တတ်တာ မဆန်းပါဘူးကျွန်မကိုမွေးဖွားခဲ့တာစစ်ဆေးရုံမှာ 🏥 ကျွန်မစားခဲ့ဖူးတာတပ်မတော်ကပေးတဲ့ ရိက္ခ🥚🍆🌶ကျွန်မပညာသင်ခဲ့ဖူးတာ တပ်မတော်ကျောင်း 🏫 (သူငယ်တန်းကနေ ၁၀တန်းထိ) ကျွန်မကြီးပြင်းလာခဲ့တာတပ်ရင်းရဲ့ အိမ်ထောင်သည်လိုင်း 🏘️ကျွန်မကိုထိန်းကျောင်းပေး… Read More