Saturday, December 4, 2021

တောင်နိုင်ငံ နဲ့ မြောက်နိုင်ငံ


ကိုလိုနီရဲ့ အကျိုးဆက်တွေပေါ့။ တောင်ကိုရီးယား
မြောက်ကိုရီးယား ကွဲခဲ့တာ။

   တောင်ဗီယပ်နမ်နဲ့ မြောက်ဗီယပ်နမ် ဆိုပြီး ကွဲအောင် လုပ်ခဲ့ကြသေးတယ်။ မရဘူး ။ ဗီယမ်ကောင်းတွေက စိတ်ဓာတ် အရမ်းခိုင်တယ်။

အနောက်အုပ်စုတွေရဲ့ အကွပ်တွေက သွေးခွဲအုပ်ချုပ်ခြင်းပါပဲ။ ဒါက ပုံသေနည်းလိုဖြစ်နေပြီ။

အနောက် ဥရောပ နိုင်ငံတွေ ကြီးစိုးခဲ့တဲ့ ကိုလိုနီခေတ်မှာ အရှေ့အနောက် ကွဲခဲ့တဲ့နိုင်ငံတွေ တောင် မြောက် ကွဲ ခဲ့တဲ့နိုင်ငံတွေမှ အများကြီးပါ။ မြန်မာနိုင်ငံကိုလဲ တောင်တန်းဒေသနဲ့ မြေပြန့်ဒေသ လွတ်လပ်ရေး ကိုအတူတူမပေးပဲ ခွဲပေးဘို့ လုပ်ခဲ့သေးတယ်။ ဦးအောင်ဆန်း ကောင်းမှူနဲ့ တောင်တန်းဒေသ မြန်မာနိုင်ငံ နဲ့ မြေပြန်ဒေသ မြန်မာနိုင်ငံ ဆိုတာ ဖြစ်မလာတာ။ ယခု ဘင်္ဂလားဒေ့ရ် နိုင်ငံဆိုတာ အရင်ကအရှေ့ ပါကစ္စတန်နိုင်ငံဖြစ်ပါတယ်။

ကျွန်ပြုပြီးနိုင်ငံတစ်နိုင်ငံကို လွပ်လပ်ရေး မဖြစ်မနေပေးရတော့မယ်ဆိုရင် နှစ်ခါ ခွဲပြီးပေးခြင်းအားဖြင့် ခေါင်းဆောင်နှစ်ယောက်ပေါ်လာမယ်။ ပြီးရင် သူတို့အချင်းချင်း သတ်ကြမယ်။ နိုင်ငံ နှစ်ပိုင်းကွဲမယ်။ ဥရောပသားတွေ ဥာဏ်ကောင်းတဲ့အချက်ပါ။ ကိုလိုနီဂျပန်တောင် မိုက်ရိုင်းပေမယ့် ရေရှည်တွေးပြီး မယုပ်မာခဲ့ဘူး။

အဲ့ဒါတွေရဲ့အစက အမေရီကန်။ 
အမေရီကန်မှာ လူမျိုးနဲ့ တိုင်းရင်းသား မရှိဘူး။
အမေရီကန်ရဲ့ မူလအစက ရပ်အင်န်ဒီယမ်း လို့ခေါ်တဲ့ လူနီရိုင်းတွေ။ 

သမတ္တ လင်ကွန်းလက်ထက်မှာ အမေရီကန်ပြည်တွင်းစစ်ကြီး ဖြစ်တယ်။ အမေရီကန် မြောက် ပိုင်းသားအရင်းရှင် တွေက တောင် ​ပိုင်းသား မြေပိုင်ရှင် ကျွန်ပိုင် ရှင်တွေကို ယန်းကီးလို့ခေါ်တယ်။ စစ်ပွဲမှာ သမတ္တ လင်ကွန်းရဲ့မြောက် ပိုင်းသား တွေက နိုင်သွားတယ်။ အဲ့ဒိ သင်္ခန်းစာကိုယူပြီး ဥရောပသားတွေက တွေ့သမျှနိုင်ငံတိုင်းကို တောင်နဲ့မြောက် ခွဲကြတော့တာ။ 

အခုလဲ ဥရောပလုပ်စီး ပျံဆယ်လိုက မြောက်မြန်မာတွေ မြောက်မြန်မာတွေ ဆိုပြီး ပြောနေခဲ့တာကြာပြီ။ ဘူမသိ ကိုးမသိနဲ့ နောက်က သံယောင်လိုက်နေတဲ့ သူတွေကလဲ များလိုက်တာ။
နီပိတ်တွေ တုံးချက်က တို့ဟူးနဲ့ပဲပြားကိုတောင် အံကျိတ်ပြီးလှီးရမယ်ဗျို့။ တောင်မြန်မာ မြောက်မြန်မာဆိုပြီး ထွင်နေတာ အဟုပ်ကြီးမှတ်နေတယ်။
ကျက်သရေ မင်္ဂလာအဖြာဖြာ တုံးပါတယ်ဗျာ။

အဲမွန် ဒယာ
Dec 3/21