Thursday, August 12, 2021

ဟလိုရန်ကုန်...ကံကောင်းပါစေ


NLD အစိုးရဟောင်းလက်ထက်က
ရန်ကုန်တိုင်းရဲတပ်ဖွဲ့အသုံးပြုနေတဲ့
ရဲလုံခြုံရေးရေဒီယိုလိုင်းတွေကိုNLD
အမာခံလူငယ်တွေနဲ့အတူတူချိတ်ဆက်
သုံးစွဲကြတယ်။အထူးသဖြင့်ရန်ကုန်တိုင်းရဲ၊
ခရိုင်ရဲနဲ့ယာဥ်ထိန်းရဲတွေသည်ရန်ကုန်လုံခြုံ
ရေးနဲ့သတင်းရရှိရေးခေါင်းစဥ်နဲ့လုံခြုံရေး
ရေဒီယိုလိုင်းတွေကိုNLDအမာခံလူငယ်တွေ
နဲ့တွဲသုံးခဲ့ကြခြင်းဖြစ်တယ်။ရန်ကုန်ဝန်ချုပ်
ဖြိုးမင်းသိန်းနဲ့NLDပါတီကNLDအမာခံလူ
ငယ်တွေစားဝတ်နေရေးနဲ့ပါတီစည်းရုံးရေးအ
တွက်တက္ကစီအငှားယာဥ်တွေထောင်ပေးထား
တယ်။အဲ့ဒီ့တက္ကစီအငှားယာဥ်မောင်းNLDအမာ
ခံတွေကတစ်ဆင့်ရဲတွေနဲ့ချိတ်ဆက်ပြီးရာဇ
ဝတ်မှုခင်းသတင်းတွေ၊တည်နေရာတွေကိုနေရာဒေသအသီးသီးကနေသတင်းပေးပို့ကြ
တာဖြစ်တယ်။အထူးသဖြင့်အမျိုးသားရေး၊
နိုင်ငံရေးလှုပ်ရှားမှုသတင်းတွေကိုအချိန်နဲ့
တစ်​ပြေးညီရန်ကုန်တစ်မြို့လုံးမှာရှိနေတဲ့
အဲ့ဒီ့တက္ကစီယာဥ်မောင်းNLDအမာခံတွေက
ရဲတွေကိုချိတ်ဆက်သတင်းပေးပြီးချုပ်ကိုင်
ခဲ့ကြတာဖြစ်ပါတယ်။
ယနေ့အဲ့ဒီလုံခြုံရေးလိုင်းတွေကိုပြန်လည်
ပြောင်းလဲ ​ြပင် ဆင်ပြီးပါပြီလား။ရဲလုံခြုံရေး
လိုင်းတွေပေါ်မှာအမြဲရှိနေတဲ့NLDအမာခံတက္က
စီယာဥ်မောင်းတွေလက်ထဲကရဲလုံခြုံရေးရေဒီ
ယိုလိုင်းတွေနဲ့ချိတ်ဆက်ထားတဲ့စကားပြော
စက်တွေကိုပြန်လည်ဖြုတ်သိမ်းပြီးပြီလား။
အဲ့ဒီ့တက္ကစီယာဥ်တွေမှာတပ်ထားတဲ့အသံလွှင့်၊
အသံဖမ်းအထိုင်စက်တွေကိုပြန်ဖြုတ်ခိုင်းပြီး
ပြီလား။(အများအမြင်မှာ Zello အင်တာနက်နဲ့
အချင်းချင်းချိတ်ဆက်တယ်ဆိုတဲ့စက်တွေ)၊
ဒါတွေသည်ယနေ့ရန်ကုန်လုံခြုံရေးအတွက်
အထူးမေးရမယ့်မေးခွန်းတွေဖြစ်လာပြီ။၄၄
လမ်းဖြစ်စဥ်မှာလိုင်းပေါ်ပြန့်နေတဲ့ရဲရေဒီယို
လိုင်းကရဲလုံခြုံရေးသတင်းတွေဆိုတာအဲ့ဒီ
NLD အမာခံတွေလက်ထဲမှာကျန်ရှိနေတဲ့စက်
တွေကတစ်ဆင့်ပေါ်ထွက်လာခဲ့တာဖြစ်တယ်။
ခင်ဗျားတို့စဥ်းစားကြည့်ပေါ့ဗျာ။ရန်ကုန်ရဲတွေ
နေ့စဥ်အသုံးပြုချိတ်ဆက်နေတဲ့လုံခြုံရေးသတင်းတွေကိုအချိန်နဲ့တစ်ပြေးညီ NLDအမာခံအကြမ်းဖက်တွေကကြိုသိနေတယ်ဆို
ရင်ဘယ်လောက်အန္တရာယ်များသလဲဆိုတာ
တွေးကြည့်ကြပေါ့ဗျာ။သတင်းအခြေအနေ
ကြည့်ပြီးရဲတွေကိုထောင်ချောက်ဆင်ပြီးဗုံးခွဲ
ရင်ရန်ကုန်ရဲတွေအပြုံလိုက်အန္တရာယ်မရှိနိုင်
ဘူးလား။ဒီသတင်းအတွက်ကျုပ်မိုက်ကယ်
ကျော်မြင့်ကသက်သေခိုင်ခိုင်မာမာနဲ့တာဝန်
ယူတင်ပြနေခြင်းဖြစ်တယ်။
ဒီသတင်းကိုရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ရန်ကုန်
တိုင်းအစိုးရအဖွဲ့ကတာဝန်ရှိလူကြီးမင်းတွေ
မြင်ပါစေ၊သိပါစေ၊ကြားပါစေ။ကံကောင်းပါ
စေရန်ကုန်။

( အလွန်အန္တရာယ်ကြီးတဲ့လုံခြုံရေး ကျိုး
ေပါက် မှု ဖြစ်လို့မိတ္တူယူပြီးပြန်တင်ပေး
စေလိုပါတယ်အမျိုးတို့....)

            မိုက်ကယ်ကျော်မြင့်