Monday, August 16, 2021

သူတို့ထောက်ခံတဲ့ပါတီသာ နိုင်သွားခဲ့ရင်


စီးပွါးရေးက ဂျက်လေယာဉ်လို တစ်ဟုန်ထိုးတက်မယ်လို့ ပြောတာတွေ ကြားရမယ်။

ဂေါ်ဇီလာနိုင်ငံဖြစ်မယ်လို့ပြောတာတွေ ကြားရမယ်။

မိုးပျံတံတား၊မြေအောက်မြို့တော် ဆောက်မယ်ဆိုတဲ့စကားတွေ ကြားရမယ်။

ကျူးတွေအကုန် တိုက်ပေါ်ရောက်မယ်လို့ ပြောတာတွေ ကြားရမယ်။

ဒရိုင်ဘာ၊ အသားခုတ်သမား မြန်မာနိုင်ငံရဲ့သမ္မတ၊ဒုသမ္မတ ဖြစ်ပြီလို့ သတင်းဌာနတွေက ရေးတာမြင်ရမယ်။ 

မကြာမကြာမှ ထထမြင်ရမယ့် ဘာအလုပ်လုပ်ခဲ့မှန်းမသိတဲ့ သမ္မတအသစ် ၂ ယောက် ထပ်မြင်ရမယ်။

ကြေညာချက်တစ်ခါထုတ်ရင် ဘာသာပြန်ကြပါအုံးလို့ ပြောနေကြတာတွေကို မြင်ရမယ်။

၅ နှစ်အတွင်းငြိမ်းချမ်းရေးရမယ်လို့ ထပ်ပြောတာတွေ ကြားရမယ်။

ဗိုလ်ချုပ်ရုပ်တုတွေ ထပ်စိုက်တာ မြင်ရမယ်။

အလုပ်လက်မဲ့တွေများလာတာ မြင်ရမယ်။

အခွန်အခတွေ အားရပါးရတက်တာတွေ မြင်ရမယ်။

ဘယ်သူမှမသုံးတဲ့ ခပ်ညံ့ညံ့ပြည်ပအကြံပေးတွေကို ဒေါ်လာနဲ့လခပေးခန့်တာမျိုးတွေ မြင်ရမယ်။

အကြံပေးကိုအကြံပေးတဲ့ အကြံပေးတွေအများကြီးအတွက် နိုင်ငံတော်က လစာပိုပေးရတာတွေ ကြုံရမယ်။

ကိုဖီအာနန်လို အနောက်ကလူတစ်ယောက်ထပ်ခေါ်ပြီး သူချမှတ်တဲ့ ဘင်အရေးမူဝါဒတွေအတိုင်း လိုက်လုပ်ပေးရတာမျိုးတွေ ကြုံရမယ်။

ခု ဘင်တွေ သိပ်ကြိုက်ကြတဲ့ ကလေးမွေးစားခွင့် ဥပဒေမျိုးတွေ ထပ်အတည်ပြုတာမျိုး မြင်ရမယ်။

ဂျောင်ဂလောင်နိုင်ငံတစ်ခုခုက ထပ်တရားစွဲရင်  we stand with တွေ ထပ်လုပ်ရမယ်။

အရင်လို တရုတ်ကိုဆက်ကြောက်ရတဲ့အပြင် အနောက်နိုင်ငံတွေကိုလဲ ကြောက်ရမယ်။

 ပြီးရင် ဘယ်မှာရှိမှန်းမသိတဲ့နိုင်ငံကိုလဲ ထပ်ကြောက်ရမယ်။

ဆရာမတွေ ရွာသားတွေနဲ့ပေးစားခံရမယ်။

အိပ်ရာပေါ်က လိင်ကိစ္စတွေကို ကလေးတွေ တစ်တစ်ခွခွသင်ရမယ်။

တရားပွဲတွေထက် ဘာသာပေါင်းစုံဆုတောင်းပွဲတွေ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲတွေ ပိုမြင်ရမယ်။

စစ်သားတွေဟာ စစ်ခွေးဖြစ်ပြီး သူပုန်တွေက လက်အုပ်ချီလေးစားပေးရတဲ့ သူရဲကောင်းတွေဖြစ်မယ်။

တစ်ချို့လူတွေက ခိုး၊လိမ်၊တောင်း၊လာဘ်ယူတာတွေ လုပ်ကြလိမ့်မယ်။

တစ်ချို့လူတွေက လူမသိသူမသိ ကြိတ်စားလိမ့်မယ်။

တံတားစိမ်းတွေ အနီပြောင်းမယ်။

တံဆိပ်အစိမ်းတွေ အနီပြောင်းမယ်။

အမိန့်အမျိုးမျိုးထုတ်ပြီး မူဝါဒအမျိုးမျိုးချမယ်။

အစောပိုင်းမှာ ဖက်နဲ့စားပြမယ်၊ စက်ဘီးစီးပြမယ်။ 

ရှေ့ ၄ နှစ်မှာ လူခဏခဏလဲမယ်။

လိုအပ်ရင် ခြေဥအရလို့ပြောပြီး အဆင်မပြေရင် ခြေဥကို လက်ညှိုးထိုးမယ်။

ရွေးကောက်ပွဲနီးလာရင် ပြင်လို့ရမှာမဟုတ်တဲ့ခြေဥကို ပြင်ဖို့အဆိုတင်မယ်။

ဆင်းခါနီးရင် စီနီယာအလိုက်မြေကွက်တွေ ယူသွားကြမယ်။

၅ နှစ်အတွင်း..၊
ကြက်သားတွေရောင်းမကုန်ရင် ကြက်သားစားပွဲတော် လုပ်ပေးမယ်။

ပဲတွေရောင်းလို့မရရင် ပဲစားပွဲတော်လုပ်ပေးမယ်။

အပျိုကြီးတွေအရမ်းပေါလာရင် အပျိုကြီးစားပွဲတော် လုပ်ပေးလိမ့်မယ်။

Crd