Monday, August 16, 2021

NUGမှ သူတို့နဲ့ပူးပေါင်းဖို့ တပ်မတော်သားတွေကို စည်းရုံးနေတဲ့ပို့စ်အောက်က စစ်သားတစ်ယောက်ရဲ့ကွန်မန့်


© မင်းတို့အစိုးရမဖြစ်ခင်ကတည်းကတပ်မတော်တစ်ရပ်လုံးက 
ငါတို့ရဲဘော်တွေအပါအဝင် တပ်မိသားစုတစ်ခုလုံးကို
ပြည်သူနဲ့သွေးခွဲလာတာ
ငါတို့မမေ့သေးဘူး

© မင်းတို့အနီတွေ အာဏာရှိစဉ်က
ရှေ့တန်း မှာအသက်နဲ့ရင်းပြီး
ပြည်နယ်အေးချမ်းရေးဆောင်ရွက်နေတဲ့ရဲဘော်တွေကို 
စစ် ခွေး တွေလို့ခေါ်တာတွေ
ငါတို့မမေ့သေးဘူး

© ရှေ့တန်းမှာ ကျသွားတဲ့ရဲဘော်ရဲဘက်တွေကို
သွယ်ဝိုက်ပြီးတော့ရော ဒဲ့ရောလှောင်ပြောင်ပြီး
မင်းတို့အနီတွေပျော်မြူးခဲ့တာတွေလည်း
ငါတို့မမေ့သေးဘူး

© သောင်းကျန်းသူလက်နက်ကိုင်အဖွဲ့က ကျဆုံးတဲ့
သူတွေကိုကျ ဝမ်းနည်းကြောင်း သဝဏ် လွှာ ပေး ပို့ပြီး
ကျဆုံးသွားတဲ့ ငါတို့ညီအစ်ကိုရဲဘော်တွေအတွက်
နည်းနည်းလေးမှ စကားမဟခဲ့လို့ ငါတို့ရင်နာနာနဲ့ 
သည်းခံခဲ့ရတာကို
ငါတို့မမေ့သေးဘူး

© အရင်ခေတ်ကဖြစ်ခဲ့တာတွေကို
ချေးခြောက်ရေးနှူးပြီး ပြည်သူမုန်းအောင်
မှိုင်းတိုက်နေခဲ့တာတွေကို
ငါတို့မမေ့သေးဘူး

© မင်းတို့အနီတွေကို မုန်းတိုင်းတပ်မတော်အကြီး
အကဲအချို့က မင်းတို့ဘက်ကနေ ဖြောင့်ဖျ နှစ်သိမ့်ခဲ့လို့တောင်
သူတို့ကို စိတ်ထဲကစော်ကားမိခဲ့တာတွေလည်းငါတို့မမေ့သေးဘူး

© ငါတို့မမေ့သေးဘူး
© ငါတို့မမေ့သေးဘူး
© ငါတို့မမေ့သေးဘူး

© မင်းတို့အဲ့လိုသွေးဆောင်ဖြားယောင်းတိုင်း
မင်းတို့ဘက် ပါရအောင် တပ်မတော်က
မင်းတို့လို ပရမ်းပတာအောက်တန်းစားတွေမဟုတ်ဘူး

© ရဲဘော်တွေကို မစည်းရုံးနဲ့
အရွယ်ရောက်နေပြီဖြစ်တဲ့
တပ်ထဲက သူတို့သားသမီးတွေရဲ့
သဘောထားကို အရင်လေ့လာကြည့်
သူတို့အဖေတွေကို စော်ကားလှောင်ပြောင်ခဲ့တဲ့
မင်းတို့လိုအနီတွေကို အခွင့်ရရင်
လက်စားချေချင်တဲ့စိတ်တွေ 
စစ်သားတွေရဲ့သားသမီးတော်တော်များများမှာ
ရှိနေတယ် အဲ့ဒါဘယ်သူမှရိုက်သွင်းထားတာမဟုတ်ဘူး 
© သူတို့ရင်ထဲမှာကိုမင်းတို့ ကိုယ်တိုင် ထည့်ပေးခဲ့တဲ့ 
နာကျည်းချက်တွေ

© မင်းတို့တွေ ဆန္ဒပြနေတဲ့အချိန်အထိ
မင်းတို့ကိုငါတို့ရန်သူလို့မသတ်မှတ်သေးဘူး
မင်းတို့ဘာသာ လက်နက်ကိုင်ကိုင် 
ဘာကိုင်ကိုင် မင်းတို့ဦးရင် ငါတို့ကိုသတ်သွား
© အများနဲ့ဆိုင်တဲ့နေရာတွေမှာ ပြည်သူလူထုကိုထိခိုက်အောင်
လုပ်လာရင် အဲနေရာမှာတင်ပစ်သတ်ပြီးမှ
အထက်ဌာနကိုတင်ပြမယ်။

Crd#



Related Posts:

  • အတိတ် ပစ္စုပ္ပန် အနာဂါတ် နဲ့ ယုံကြည်ချက်      အတိတ်ကာလက ၈၈ အရေးအခင်း ပြီးတော့ ရပ်ရွာတွေထဲမှာ အစိမ်းဝတ်ကြီးတွေနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ကြမ်းကြမ်းတမ်းတမ်း ဆုံးမနေတာတွေ တွေ့ခဲ့ရတော့ အတော် ရက်စက်တဲ့ လူတွေလို့ မြင်ခဲ့မိတယ် ။     ပစ္စုပ… Read More
  • ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ အပိုင်း ၂ ~ အခန်းဆက်လူငယ်နှင့် ဘာသာ‌ရေးအသိအမြင်ကြွယ်ဝမှု ~အပိုင်း ၁ ~ အခန်းဆက်နှင့် အဆက်အစပ်မိအောင်ရေးထားပါတယ် - အပိုင်းလိုက် အပိုင်းလိုက် ဖတ်ရှုမှသာလျှင်သဘောပေါက်၍ ဆိုလိုရင်းကို ထိထိမိမိနားလည်ကြမှာဖြစ်ပါတယ်ဗျ ~ယနေ့ခေတ်ကာလ လူငယ် လူရွယ်တို့အနေနှင… Read More
  • ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ အပိုင်း ~ ၃အပိုင်း ( ၂ ) နဲ့ အချိတ်အဆက်မိမိ ရေးသားထားပါတယ်လူငယ် ကဏ္ဍ ဖွံ့ဖြိုးဖို့ ဘက်စုံလွှမ်းခြုံသင်ယူစို့ ~ယနေ့ ၂၁ ~ ရာစုခေတ်ဟာ သတင်းအချက်အလက်စီး ~ဆင်းမှု သွပ်လက်မြန်ဆန်လာသလို ပညာရေး စီးပွားရေးလူမှုရေး နှင့် စစ်ရေးဆိုင်ရာ သတင်းများ သ… Read More
  • ငွေကို ငွေနဲ့ တိုက်         အကြမ်းဖက်တဲ့ လူယုတ်မာတွေ အတော်လေး ဖမ်းမိနေပြီ ။ လွတ်မြောက်နေသူတွေလည်း အများအပြား ရှိနေအုံးမှာ သေချာပါတယ် ။ ဒီနေရာမှာ အောက်ခြေက အဓိကကျတဲ့ ရဲ ၊ SB နဲ့ စရဖ တွေ ရဲ့ အနေအထားကို ပြန်ကြည့်ကြပါစို့ ။… Read More
  • အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (23)         နာမည်ကျော် သန္တိသုခ ကျောင်းတိုက်ကြီးရဲ့ ရာဇဝင်က ဦးခင်ညွှန့်က စတာပါပဲ ။ ကမ္ဘာပတ်ပြီး သာသနာပြုနေတဲ့ ပီနန်ဆရာတော်ကြီး အတွက် ကျောင်းမြေနေရာ ဦးခင်ညွှန့် လှူပေးတယ် ။ နောက် ခရိုနီတွေဆီက အလှူခံပေးပြီ… Read More