ပွဲဆူနေတဲ့ ဦးဌေးအောင် ကိစ္စကို မေးကြမြန်းကြ ကာကြ ဖာကြ ဝေဖန်ကြနဲ့ ပေါ့ ဗျာ ။
လိုအပ်လို့ ထည့်ထားတာ ဆိုတဲ့ ဘောပိတွေကတဖက် လူမျိုးသား ဘာသာခြားဆိုရင် နောပ်ဖေးပေါက်ကလည်း ထပ်မံ အဝင်မခံလိုတဲ့ မျိုးချစ်တွေက တဖက် ဖြစ်နေကြတာပါ ။
ဒေါစုကြည်ကို ဝေဖန်တိုက်ခိုက်တာ တခုတည်းနဲ့ လက်ခံလိုသူ အုပ်စု ရှိနေတာလို့ ကောက်ချက်ချမိပါတယ် ။ ကျနော့်အမြင် မေးကြသူတွေ ရှိပါတယ် ။ ယခင်ကလည်း ရေးခဲ့ဖူးပါတယ် ။ ဦးဌေးအောင် NLD ကို တိုက်ခိုက်တဲ့ အကြောင်းက နန်းမြိုင်ဟိုတယ် နဲ့ ပတ်သက်ပြီး တိုက်ခိုက်တာပါ ။
၁ ။ နန်းမြိုင်ဟိုတယ် ရရှိရေး
၂ ။ ဒေါ်စုကြည် နဲ့ တွေ့ဆုံရေး
တောင်းဆို တိုက်ခိုက်ခဲ့တာပါ ။ တကယ့် အဓိကအချက်တွေကို ပွင့်လင်းမြင်သာစွာ တကြိမ်တခါမှ ဖွင့်မပြောခဲ့ပါဖူး ၊ တောပြော တောင်ပြော နဲ့ ရူးချင်ယောင် ဆောင်ခဲ့တာ အားလုံးအသိပါပဲ ။
ကော့မှူးမှာ ပြိုင်မယ် ဘာညာ နဲ့ နိုင်ငံရေးစင်မြင့်မှာ နေရာယူဖို့ ကျိုးစားခဲ့ရင်း အဖမ်းခံခဲ့ရတာပါ ။ သူသိထားတဲ့ NLD ရဲ့ သစ္စာဖောက်မှုတွေကို သူ့ကိုယ်ကျိုးနဲ့ ယှဉ်လာမှ သက်သေမပါတဲ့ အပြောတွေနဲ့ တိုက်ခိုက်လာတာ တိုင်းပြည်ကို သစ္စာရှိတယ်လို့ မဆိုနိုင်ပါဘူး ။
ယခုလို ရတဲ့အပေါက်က ရတဲ့နေရာ ယူအုံးမယ်ဆိုတဲ့ စိတ်နဲ့ ဆောင်ရွက်နေခြင်းဟာ အချိန်အခါ အရ မသင့်တော်သေးပါဘူး ၊ တပ်မတော်ထောက်ခံသူခြင်း သွေးကွဲအောင် လုပ်နေသလို ဖြစ်နေပါတယ် ။ ဦးဌေးအောင် ငြိမ်ငြိမ်လေး ထိုင်နေတာ အကျိုးများမယ် ထင်ပါတယ် ။
နစက ဘာလုပ်လုပ် မှန်တယ် ၊ မင်းတို့ နားမလည်ပဲ ဝင်မပြောကြနဲ့ ဆိုတဲ့ လော်ဘီဆရာတွေကို ကြိမ်ဖန်များစွာ မြင်နေရပါတယ် ။
၇ လတာ အုပ်ချုပ်မှု စွမ်းရည် မြင်ပြီးတဲ့ ပြည်သူတွေဟာ အစိုးရရဲ့ ယုံကြည်ဖွယ်ရာ မရှိတဲ့ စွမ်းဆောင်ရည်ကို သံသယတွေ နဲ့ ဆုံးဖြတ်လာကြပါပြီ ။
နောက်ကနေ ဘာလုပ်လုပ် အကွက်လှတယ် ၊ ဒါလုပ်တာ ဒါ့ကြောင့်ဆိုပြီး ဇွတ်လော်နေကြရင်းနဲ့ ပြည်သူတွေကတော့ မွဲသထက် မွဲ ၊ ငတ် သထက် ငတ် ၊ သေ သထက် သေ နေကြရတာ ငြင်းမရတဲ့ အရှိတရားပါပဲ ။
တဖက်ပိတ်လော်သတင်းတွေ ဖတ်မိတိုင်း ရှေးတုန်းက မြှားပစ် ဝိဇ္ဇာကြီးကို မျက်စိထဲ ပြန်မြင်လာရပါတယ် ။
တခါတုန်းက မြှားပစ်ဝိဇ္ဇာကြီး တယောက်ဟာ အင်မတန်နာမည်ကြီးပါတယ် ။ ဘိုးဘေးတို့ရဲ့ နာမည်ကျော် အမွေခံ ဆရာကြီးအလှည့်မှာ တိုင်းနိုင်ငံ အသီးသီးက တပည့်တွေကို မြှားပစ် တက္ကသိုလ်ကြီး ဖွင့်ပြီး စနစ်တကျ သင်ကြားပေးပါတယ် ။
လေးကိုင်း အမျိုးအစား ၊ ညှို့ကြိုး အမျိုးအစား အတင်းအလျှော့ အနေအထား ၊ မြှားတံအမျိုးမျိုး ရဲ့ မြှားတံခေါင်း ၊ ငှက်မြှီး ကွဲပြားမှု အခြေအနေ ၊ လေစုန် ၊ လေဆန် ၊ လေကန့်လန့် ၊ လေညှင်း ၊ လေပြင်း အစရှိတဲ့ အနေအထားအမျိုးမျိုး ၊ အနိမ့်မှ အမြင့် အမြင့်မှ အနိမ့် ပစ်ခတ်နည်း စသည်ဖြင့် လေးမြှားလက်နက်ရဲ့ လျှို့ဝှက်ချက်တွေကို အင်မတန် စနစ်ကျတဲ့ သီအိုရီတွေနဲ့ ဦးစွာ စာတွေ သင်ကြားပါတယ် ။
နောက်တဆင့် လက်တွေ့ ပစ်ခတ်မှု လေ့ကျင့်တော့ ဆရာကြီးက ပြောပါတယ် ၊ စက်ဝိုင်း ဗဟို အမှတ် ၁၀၀ ၊ အတွင်းစည်း အမှတ် ၅၀ ၊ အပြင်စည်း အမှတ် ၂၅ ဆိုပြီး သတ်မှတ်ပါတယ် ။
စက်ဝိုင်းကြီးကို အပင်ကြီးတပင်အောက်မှာ ကျကျနန နေရာချထားပြီး ပစ်ခတ်ဖို့ ပြင်ဆင်အပြီး တပည့်တွေက ဆရာကြီးကို နမူနာ ပစ်ပြဖို့ တောင်းဆိုကြပါတယ် ။
ဆရာကြီးလည်း မနေသာပဲ ဟန်ပါပါ နဲ့ လေးကိုင်းကို ကွေးညွှတ်သွားအောင် အားထည့်ဆွဲပြီး မြှားတံကို ဝှစ်ကနဲ ပစ်လိုက်တာ လှစ်ကနဲ ပြေးသွားတဲ့ မြှားတံက စက်ဝိုင်းနောက်က သစ်ပင်ကြီးကို ဒေါက်ကနဲ မှန်ပါရော ။ ဆရာကြီးကတော့ လုံးဝ အိနြေ္ဒမပျက်ပဲ တခွန်းထဲ ဆက်ပြောလိုက်ပါတယ်.....
"နောက်က သစ်ပင် မှန်ရင် အမှန် ၂၀၀ ''
ကဲ ကြည့်ပြီး လော်ကြအုံးဗျ ၊ ခင်ဗျားတို့ ဆရာကြီး ပစ်ပြတာ ပစ်မှတ်မထိပဲ သောက်တလွဲ မှန်နေတာနော် ခပ်တည်တည် နဲ့ အမှတ် ၂၀၀ လုပ်မနေကြနဲ့ ၊ ပြည်သူအားလုံး ငတုန်းတွေ မဟုတ်ဖူး ဗျ ။
ကိုရွှေမျိုးဝင်း