Tuesday, October 5, 2021

*ဂျယ်ကောင်သတင်းဆိုး*


၂၀၂၁၊အောက်တိုဘာ(၄)    
မူဆယ်

        နယ်စပ်အသုံးချလုပ်စားနေကြသူများ၏ပါးပြင်ကိုဖြတ်ရိုက်သကဲ့သို့သော်လည်းကောင်း၊ ရင်ဝကိုဆောင့်ကန်ခံရသကဲ့သို့လည်းကောင်း၊ တရုတ်နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံထားသူများ၏ခေါင်းတဆစ်ဆစ်ကိုက်စေမည့်သေချာသောသတင်းထွက်ပေါ်လာသည်၊
     မူဆယ်မြေနှင့်ထိစပ်နေသောတရုတ်ပိုင်ဂျယ်ဂေါင်မြို့ရှိအဆောက်အဦးများဖြိုချကာ၊ ဆန်းသစ်ခေတ်မှီသော၊ စနစ်တကျရှိသော၊ အစားထိုးအဆောက်အဦးများပြန်လည်တည်ဆောက်ကာ၊ တရုတ်ယူနန်ပြည်နယ်၏၊ အထူးစီးပွားရေးဇုံ၊ အထူးကူးသန်းရောင်းဝယ်ရေးမြို့၊နှင့် စီးပွားရေးအဖွံု့ဖြိုးဆုံးနေရာဒေသအဖြစ်အသွင်ပြောင်းဖို့(ဒုတိယ)ခြေလှမ်းစလာပြီဖြစ်၏၊
(အစီစဉ်များအဖြစ်)
          မူဆယ်မြို့နယ်စပ်(ကျယ်ကောင်)အတွင်းကျံရှိနေသောတရုတ်မှ ထုတ်ကုန်ပစ္စည်းများနှင့်ပြည်တော်ပြန်များ၏အသုံးအဆောင်ပစ္စည်းများကိုယခုရက်ပိုင်းအတွင်းတရုတ်ဖက်ကသယ်ဆောင်ခွင့်ပြုပါတော့မှာဖြစ်ပါတယ်။
သယ်ဆောင်ခွင့်ပြုကာလ(၁၀)လပိုင်းလကုန်အထိဖြစ်ပါတယ်။
(၁၁)လပိုင်းမတိုင်ခင်ဂျယ်ကောင်မြို့ကိုအပြောင်ရှင်းပြီးအဆင့်မြင့်မြို့ပြစီမံကိန်းလုပ်ငန်းစတင်ဖို့ရည်ရွယ်ပုံရပါတယ်။
ခန့်မှန်းကားအစီးရေ(၇၀၀)စာသွင်းကုန်ပစ္စည်းများမြန်မာဖက်သို့အကုန်သွင်းပေးတော့မှာပါ။
မြန်မာကားများကိုယာဉ်မောင်းအစားထိုး(ရှန်တိန်)စနစ်ဖြင့်ဂျယ်ကောင်ဂိုဒေါင်များအတွင်းသို့ဝင်ရောက်တင်ဆောင်ခွင့်ပြုပါမယ်။
ကုန်သည်လုပ်ငန်းရှင်၊မော်တော်ယာဉ်များနှင့်ကုန်ဂိတ်များကြိုတင်ချိတ်ဆက်ပြင်ဆင်ထားကြရန်မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းမှနိုးဆော်စာထုတ်ပြန်ထားချက်အရသိရသည်၊

(ထိခိုက်နစ်နာသူများ)

(၁)  မြန်မာကုန်သည်ကြီး၊ငယ်၊လတ်များ
(၂) နယ်စပ်ဖြတ်ကျော်ကုန် ပစ္စည်းသွင်းထုတ်ပေးသူများ
(၃) ဂျယ်ဂေါင်၌ နှစ်ပြတ်ဖြင့် ပစ္စည်း သိုလှောင် ဂိုဒေါင်ဌားရမ်းထားသူများ
(၄) ဂျယ်ကောင်၌မရ၊ရအောက်မှီကပ်နေထိုင်ကြသူများ
(၅) ကုန်တင်ယာဉ်ကားကြီးထောင်ထားသူများ( ယာဉ်မောင်း၊နောက်လိုက်များ)
(၆) နယ်စပ်အတွင်းတိမ်းရှောင်မှီခိုနေသူများ
(၇) လိုင်စင်မဲ့ကုန်တင်ကားကြီးဝယ်ထားသူများ
(၈) မူဆယ်/ဂျယ်ကောင်၌ကုန်ဂိတ်ထောင်ထားသူများ
(၉) မူဆယ်ရှိနယ်စပ်ထွက်ပေါက်များဖြစ်သောတရားဝင်၊နယ်စပ်ထွက်ပေါက်တံခါးအနီး၌ ဌားရမ်းခစျေးမြင့်စွာဖြင့်ဌားရမ်းနေထိုင်ကြသူများနှင့်
(၁၀) မူဆယ်/ဂျယ်ကောင်နယ်စပ်တဝိုက်အမှီပြုကာ၊ လိမ်စား၊ခိုးစား၊တိုက်စား၊မိုက်စား၊ ပေါင်းစား၊ကပ်စား၊ ညစ်စား၊လောင်းစား၊ လုပ်စား၊ပြစား၊  ခံစား နေကြသူမှန်သမျှအတွက်(၂၀၂၁) အောက်တိုဘာ လအတွင်း ပစ္စည်း အဟောင်းများ ရွှေ့ပြောင်းသယ်ထုတ်ခြင်းအပြီးလုပ်ဆောင်ကြ၍တနည်း၊ (၂၀၂၁) နိူဝင်ဘာလအတွင်း၊ သူတောင်းစား ခွက်ပျောက်သကဲ့သို့တဖုံနှင့် (၂၀၂၁) ဒီဇင်ဘာ လအတွင်း စားကျက်နေရာအသစ်၊ မြက်ခင်းစိမ်းအသစ်ရှာဖွေကြရင်းတဖုံ၊ ရေကြည်ရာမြက်နုရာ၊ ထပ်မံတွေ့ရှိနိူက်ကြပါစေကြောင်း မေတ္တာ ပို့သပေးလိုက်ရ၏
(၇)ရက်သားသမီးအပေါင်းစား၊ဝတ်၊နေရေး၊ ပြေလည်ကာ၊ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေလို့ဆုတောင်းပေးရုံမှတပါးတခြားမရှိပြီ၊

International Jai Tai.(Mu-sel)
4 October, 2021.(7:00)am
ရေးသားပေးလိုက်၏၊

credit
မူဆယ်နယ်စပ် သတင်းများ