Tuesday, October 5, 2021

N.L.D. ထောင်ချောက် နဲ့ တပ်မတော်


မဲကိစ္စအငြင်းပွားမှုဖြစ်နေစဉ်မှာပဲ
NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဇော်မြင့်မောင်က "တပ်မတော် အာဏာသိမ်းလည်း သူတို့အတွက် အခက်အခဲမရှိဘူး" လို့ ပြောခဲ့ဘူးပါတယ်။

NLD မရှိရင် CRPH ကို အသက်သွင်းဖို့ အစကတည်းက စီစဉ်ပြီးသားပါ။

အာဏာသိမ်းရင် တပ်ကို ဖျက်ဆီးမယ်ဆိုပြီး ကျိန်းဝါးပြီးသားပါ။

NLD ရဲ့ နောက်ဆုံးအစည်းအဝေးဆုံးဖြတ်ချက်က လူကိုရင်းပြီး တပ်မတော်ကို တိုက်ဖို့ကိစ္စပါ။

တပ်မတော်ကို တိုက်ဖို့ ပါဝါအပျော့၊ ပါဝါအမာ နှစ်မျိုးစီစဉ်ခဲ့ပါတယ်။

ပါဝါအပျော့ကတော့ မဲကိစ္စမရှင်းဘဲ ခပ်တည်တည် နဲ့ လွှတ်
တော်ခေါ်တဲ့ကိစ္စပါ။

Plan A ပေါ့။

NLD ရဲ့ အရင်းအမြစ်တွေက ဘုန်းထားတဲ့ ငွေတွေရယ်၊ လူထုထောက်ခံမှုအင်အား၊ လော်ဘီနဲ့မီဒီယာအင်အား ပါ။

တပ်မတော်မဟုတ်ဘဲ သာမန်စစ်တပ်ဆို
လစ်ဗျားနဲ့ ဆီးရီးယားလို လပိုင်းအတွင်း ဖြစ်သွားမယ့်အကွက်ပါ။

ဆယ်နှစ်လောက်စုစည်းထားတဲ့ NLD အမာခံတွေ၊ လော်ဘီတွေအပါအဝင် အနုပညာရှင်တွေလည်းရှိပါတယ်။

ထောက်ပံ့ကြေးပေးပြီး စည်းရုံးခဲ့တာတွေလည်းရှိပါတယ်။

ရွေးကောက်ပွဲကာလမှာပဲ နိုင်ငံခြားက ထောက်ပံ့ငွေအများအပြားလည်း ရရှိလာခဲ့ပါတယ်။

Plan A အလုပ်မဖြစ်တဲ့အခါ Plan B ကိုစတင်ပါတော့တယ်။

တပ်မတော်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း
NLD ရဲ့ Plan B (CDM) ကို စတင်အသက်သွင်းပါတယ်။

ဝန်ကြီးဌာနပေါင်းစုံမှာရှိတဲ့ အနီဆဲလ်တွေ၊ ဝန်ကြီးပြုတ်တွေအပြင် တပ်မတော်က အစကနေပြန်ကိုင်ရမှာ ဖြစ်တာကြောင့် CDM က အထိရောက်ဆုံးဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။

တိုင်းပြည်တည်ငြိမ်ရေးနဲ့အစိုးရယန္တယားရပ်ဆိုင်းသွားအောင် နှစ်ဘက်ကညှပ်တိုက်တဲ့ အကွက်ပါ။

ဒါပေမယ့် တပ်မတော်က ရက်ပိုင်းအတွင်း အစိုးရဖွဲ့နိုင်တဲ့အပြင် CDM ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်နိုင်လို့ CDM တိုက်ပွဲကျဆုံးခဲ့ရပါတယ်။

ပညာရေး၊ကျန်းမာ
ရေးနဲ့ မီးရထားဝန်
ထမ်းပါဝင်ခဲ့ပေမယ့် ရာနှုန်းပြည့် မအောင်
မြင်ခဲ့ပါဘူး။

Plan B CDM မအောင်မြင်တဲ့အခါ Plan C လူထုတိုက်ပွဲကို ပုံဖော်ပါတော့တယ်။

Plan C က လူထုနဲ့တပ်မတော်ကို ရန်တိုက်ပေးတဲ့အကွက်ပါ။

ပြည်သူတွေဘက်ကိုကျတော့ တပ်က မတရားပစ်ခတ်နေသယောင်၊ အကြမ်းဖက်နှိမ်နင်းသယောင် ဝါဒဖြန့်အမုန်းတရား ရိုက်သွင်းပါတယ်။

ဇာတ်နာအောင် လူငယ်၊ အမျိုးသမီးငယ်နဲ့ ကလေးငယ်တွေ ထည့်သွင်းပါတယ်။

တပ်မတော်နှိမ်နင်းပုံသီးသန့်ရိုက်ကူးပြီး ဝါဒဖြန့်ပါတယ်။

ဒီလိုနဲ့ လူထုကြားမှာ အမုန်းတရားပွားလာအောင် သတင်းမှားတွေနဲ့ Psywar လုပ်ပါတယ်။ 

တပ်မတော်ဘက်က ဒါတွေသိလို့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်၊ မဖြစ်မနေမှ ပစ်ခတ်တဲ့အခါ CRPH အနေနဲ့ လုပ်ရကိုင်ရခက်လာပါတယ်။ 

တပ်မတော် gp တွေထဲဝင်ပြီးအကြမ်းဖက်ကိုင်တွယ်ဖို့ခေါင်း
ဆောင် အရည်အချင်းညံ့ဖျင်းသယောင် ဝါဒဖြန့်လာကြပါတယ်။ 

တပ်မတော်ဘက်က သည်းမခံနိုင်လို့ ပိုပြီး အကြမ်းဖက် ဖြိုခွင်းလာရင် ပိုပြီးမျက်ရည်ချူလို့ရပါပြီ။ 

နောက်ဆုံးလူထုက လမ်းပေါ်ပြန်ထွက် လက်ရှိ Fighter တွေနဲ့ပေါင်းပြီး အီဂျစ်လို တပ်ကိုသိမ်းအောင်လုပ်တာပါ။

Plan C က ပြည်သူနဲ့တပ်မတော်ကို ရန်တိုက်ပေးတာကြောင့် နှစ်ဖက်စလုံးကြမ်းမှ အလုပ်ဖြစ်မှာပါ။ 

နောက်ပိုင်းမှာ တပ်မတော်နဲ့ရဲတွေ သည်းမခံနိုင်အောင် လုံခြုံရေးတပ်ဖွဲ့တွေကိုရွေးပြီး သတ်ဖြတ်လာတဲ့အဆင့် ရောက်
လာပါတယ်။ 

တပ်မတော်ကတော့ ပြည်သူတွေ အမြင်မမှားအောင် ခံစစ်အ
ဆင့်က မတက်သေးပါဘူး။ 

တပ်မတော်ကြမ်းမှ သူတို့အလုပ်ဖြစ်မှာပါ။ 

တပ်မတော်ဘက်က ရေရှည်စစ်ပွဲလိုသဘောထားပြီး ဖြည်းဖြည်းချင်း ချေမှုန်းနေတာတွေ့ရပါတယ်။ 

အရင်းအနှီးလည်းများပါတယ်။ 

ထောက်ပို့လမ်း
ကြောင်းတွေကို ဖြတ်တောက်နေပါတယ်။ 

CRPH ဘက်ကလည်း ဇာတ်ရှိန်တက်အောင် မီးထိုးပေးနေပါတယ်။ 

ခုလဲ ဒေါ်လာတွေ
လောင်စာတွေ ရွှေတွေ
စျေးတက်အောင်လုပ်လာပါပြီ

ပြည်သူတွေအနေနဲ့ ဒီလိုအခင်းအကျင်းမျိုးတွေကို မြင်တတ်ဖို့လိုပါတယ်။ 

တပ်မတော်ဘက်က ခြေလှမ်းမမှာရအောင် ဂရုစိုက်လုပ်နေရတဲ့ သဘောမှာရှိပါတယ်။ 

အားမလိုအားမရမဖြစ်ပါနဲ့။ 

စစ်ပွဲတစ်ပွဲရဲ့အသက်ဟာ အရင်းအမြစ်အင်အားပါ။ 

CRPH မှာအကန့်အသတ်ရှိပါတယ်။ 

တပ်မတော်မှာ လူအား၊ ငွေအင်အားအများကြီးရှိပါတယ်။ 

NLD နဲ့ သူ့ရဲ့ကိုယ်ပွား CRPH က ဘဝနဲ့ရင်းပြီး တိုက်တဲ့ စစ်ပွဲဖြစ်လို့ အချိန်ကြာနိုင်ပါတယ်။ 

အရေးအကြီးဆုံးက တပ်မတော်ဘက်မှာ ထောက်ခံသူတွေ၊ ဝန်းရံသူတွေရှိနေသမျှ ဒီစစ်ပွဲဘယ်တော့မှမရှုံးပါ..။

21.10.2021.နောက်ပိုင်း
တိုင်းပြည်ပျက်စီးအောင် လုပ်သူများ ကျရှုံးပါတော့မည် ~~~

Credit '
Kyaw Swar