Tuesday, October 5, 2021

KNU လှုပ်ရှားနယ်မြေ၌ စစ်ရေးလှုပ်ရှားမှုမပြုလုပ်ရန် NUG နှင့် PDF ထံ KNU က အသိပေးစာ ပေးပို့


EPN
နေပြည်တော်၊ အောက်တိုဘာ ၄ 

KNU လှုပ်ရှားနယ်မြေ၌ စစ်ရေးလှုပ်ရှားမှုမပြုလုပ်ရန် NUG နှင့် PDF ထံ KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ စောရွှေမောင်းက အသိပေးစာ ပေးပို့ထားသည်။

၎င်းအသိပေးစာတွင် -

သို့
PDF - တာဝန်ခံ
NUG - အစိုးရအဖွဲ့

အကြောင်းအရာ။ ။ အသိပေးခြင်း။

နေ့စွဲ - ၄.၁ဝ.၂ဝ၂၁

ယခုလက်ရှိကာလ၌ လူကြီးမင်းများတို့၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကျွန်ုပ်တို့၏ K.N.U လှုပ်ရှားဒေသအတွင်း၌ K.N.U ၏ မူဝါဒသဘောထားရပ်တည်ချက်နှင့်
ဆန့်ကျင်သော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ထင်ရာမြင်ရာ လုပ်ဆောင်လာနေသည်ကို တွေ့ မြင် နေရပါသည်။

ဤသို့ အကြမ်းဖက်ဆောင်ရွက်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူဆုံးရှုံးနစ်နာမှ များဖြစ်ပေါ်စေသည်။ ကျွန်ုပ်တို့အနေဖြင့် K.N.U ဒေသတွင်း၌ မည်သည့်အဖွဲ့အစည်းမှ K.N.U ၏ မူဝါဒသဘောထားနှင့် ဆန့်ကျင်သော အကြမ်းဖက်လှုပ်ရှားဆောင်ရွက်ခြင်းများ မပြုလုပ်ရန်
အသိပေး အကြောင်းကြား အပ်ပါသည်။

စောရွှေမောင်း
ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး
ဒူးပလာယာခရိုင်

- ဟု ဖော်ပြပါရှိသည်။

ထို့အတူ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး
ဒူးပလာယာခရိုင်မှ ယနေ့ အောက်တိုဘာလ ၄ ရက် ‌ရက်စွဲနှင့်ပင် တိုက်တွန်းနှိုးဆော်ချက်ဟုဆိုကာ "NCA သည်ယနေ့အထိ မပျက်မယွင်းတည်ရှိနေသေးသည်။ မည်သည့်အဖွဲ့အစည်းမှ NCA စာချုပ်ကို ပယ်ဖျက်ခြင်း မပြုသေးပါ။ NCA စာချုပ် လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်းများသည် တစ်ဖက်နှင့်တစ်ဖက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ သစ္စာရှိရှိ ကတိကဝတ်ပြုထားကြသည့်အတိုင်း တည်ကြည်စွာဖြင့် ရှေ့ဆက်ရပ်တည်ဆောင်ရွက်သွားကြပါရန် အထူးလိုအပ်ပါသည်။ ဤ (၆) နှစ်ပြည့်မြောက်မည့် နှစ်ပတ်လည် အကြိုနေ့ရက်များမှစ၍ NCA ပါ လုပ်ငန်း လမ်းညွှန်ချက်နှင့်အညီဆက်လက် ဆောင်ရွက်ကြပါရန် ရဲဘော်ရဲဘက် လုပ်ဖော်ကိုင်ဖက်များကို ကြိုတင် တိုက်တွန်း နှိုးဆော်အပ်ပါသည်။" ဟု ထုတ်ပြန်ခဲ့သေးသည်။

မှတ်ချက် - ကရင်အမျိုးသားအစည်းအရုံး
ဒူးပလာယာခရိုင်၏ အောက်တိုဘာလ ၄ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် တိုက်တွန်း နှိုးဆော်ချက်နှင့် အအသိပေးအကြောင်းကြားစာကို မူရင်းအတိုင်းဖော်ပြခြင်းဖြစ်သည်။

https://www.facebook.com/830359613985250/posts/1527689710918900/

#Credit