Tuesday, October 5, 2021

ရုရှား TPE နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) တို့ ပူးပေါင်းဆောင်ရွက်နေသည့် သံမဏိစက်ရုံ (ပင်းပက်)ကို လာမယ့် ၂၀၂၃ တွင် စတင်လည်ပတ်မည်


ရုရှားအစိုးရပိုင် Tyazhpromexport (TPE) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အမှတ် (၂) သံမဏီစက်ရုံ (ပင်းပက်) ကို လာမယ့် ၂၀၂၃ ခုနှစ်မှာ စတင်လည်ပတ်သွားမယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ပင်းပက်ဒေသမှာ တည်ရှိတဲ့ အဆိုပါသံမဏိစက်ရုံက မြန်မာနိုင်ငံမှာ ပထမဦးဆုံး စတင်အကောင်အထည်ဖော်ခဲ့တဲ့ သံနှင့် သံမဏိစက်ရုံစီမံကိန်းဖြစ်ပြီး ၂၀၀၆ ခုနှစ်၊ စက်တင်ဘာမှာ ရုရှားအခြေစိုက် TPE နဲ့ MEC တို့ ပူးပေါင်းပြီး တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။

စီမံကိန်းတစ်ခုလုံးရဲ့ ပြီးစီးမှု (၉၈)ရာခိုင်နှုန်းကျော်ရှိတဲ့ အခြေအနေမှာ NLD အစိုးရလက်ထက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးရဲ့ မဆင်မခြင် ဆုံးဖြတ်မှုများကြောင့် စီမံကိန်းတည်ဆောက်မှုကို ရပ်ဆိုင်းခဲ့ရပြီး နိုင်ငံအတွက် များစွာထိခိုက်ဆုံးရှုံးမှု ဖြစ်စေခဲ့တယ်လို့ န.စ.က ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ထို့နောက် တပ်မတော်က အာဏာလွှဲပြောင်းရယူပြီးနောက် စီမံကိန်းကို ပြန်လည်စတင်ဖို့ ပြင်ဆင်လာခဲ့ပြီး စီမံကိန်းစတင်ဖို့ လျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကုန်ကြမ်းနဲ့ သယ်ယူပို့ဆောင်ရေးစနစ်တို့ကို အသင့်ကြိုတင် ပြင်ဆင်ထားဖို့ သူက မှာကြားထားပါတယ်။

စက်ရုံကို သတ်မှတ်ရက်အတွင်း စတင်လည်ပတ်ပြီး သံမဏိထုတ်လုပ်မှုကို အမြန်ဆုံး ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မယ်လို့ ပြောကြားခဲ့ပြီး ထွက်ရှိလာတဲ့ သံရိုင်းနဲ့ သံမဏိတို့ကို သယ်ယူဖို့အတွက်လည်း လျှပ်စစ်ရထားပြေးဆွဲနိုင်ရန် ရထားလမ်းများ တည်ဆောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ပင်းပက်သံမဏိစက်ရုံစီမံကိန်း စတင်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လမှာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနဲ့ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းတို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ထိုစီမံကိန်းကနေ သံတန်ချိန် (၂)သိန်းနဲ့ သံသတ္တုရိုင်းတန်ချိန် (၇)သိန်း (၂)သောင်း ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး ထိုစက်ရုံက ထွက်ရှိတဲ့ သံသတ္တုရိုင်းတွေကို အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)မှာ သံမဏိထုတ်လုပ်ဖို့ ကုန်ကြမ်းအဖြစ် အသုံးပြုမယ်လို့ သိရပါတယ်။

BETV Business


Related Posts:

  • ထိုင်းမှာလဲ အသည်းအသန်မြန်မာပုံစံမျိုး ထိုင်းမှာလဲဖြစ်နေတယ်မြန်မာမှာ ထိုးဖေါက်ကြည့်တာမဟန်မှန်းသိလို့လားတော့မသိထိုင်းဖက်တော့ကူးသွားလေရဲ့#ဘမောင်… Read More
  • ငိုးမ ကိုကြီးစိုး        ငမျိုးရေ ငမျိုး နဲ့ အိမ်ရှေ့က အသံဆိုးကြီးနဲ့ အော်ခေါ်နေတဲ့ ကိုစိုးကြောင့် ဖုန်းပွတ်နေရာက ထသွားပြီး ဝန်းတံခါး ဖွင့်ပေးရပါတယ် ။ "မင်းကလည်း ခေါ်လိုက်ရတာ ကွာ ''"အမလေးဗျာ နှစ်ခွန်းခေါ်ရပါသေးတယ် ဘာကိစ္စအရေးကြီးလာလို့တုန်း '… Read More
  • မြန်မာနိုင်ငံမှာရှိတဲ့ ရေလယ်ဘုရား (၇) ဆူကို တပြိုင်တည်းဖူးရအောင် တင်ပေးလိုက်ပါတယ်🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏#credit… Read More
  • အဘ ဒို့က ဘာလုပ်လုပ် ဥပဒေနဲ့ အညီပဲ လုပ်ဒယ်😂😂နိုင်ငံတော်ရဲ့ ရိက္ခာနဲ့ လစာ ပဲစားပြီးဥပဒေ နဲ့အညီ ချမ်းသာလာကြတာကွသဘောပေါက်😆🤪🤪😛🤪တစ်ခါတစ်လေ အဲ့အကြောင်းစဉ်းစားရင်း ကိုတောင်ဥပဒေ နဲ့အညီ ခေါင်းဒေတောင်မူးလာဒယ်😂😂တော်ယုံဘဲ ကောင်းဒယ်နော်အဘဒို့ဥပဒေ ဂ😜😜နိုင်ငံကို ပြန်ကြည့်ကြအ… Read More
  • အဆုတ် မကျန်းမာတော့ဘူးဆိုရင် သင့်ကို ဒီလိုလက္ခဏာတွေက ပြနေပါလိမ့်မယ်။၁/ ကျောနဲ့ ပုခုန်း နာကျင်ခြင်း။ချောင်းဆိုးခြင်း ခဏတာမဟုတ်ဘဲဖြစ်လိုက်ပျောက်လိုက်ဆိုရင် ဆရာဝန်နှင့်ပြသင့်ပါတယ်။ ချောင်းဆိုးရင်းသွေးပါရင် ပိုသတိထားပါ။၂/ အသက်ရှုမဝခြင်း။ ထိုသို့ဖြစ်တာဟာ နှလုံးနဲ့အဆုတ်ရဲ့အပြအများဆုံးပါဘဲ။ လေကောင်း… Read More