Tuesday, October 5, 2021

ခြေဥကိစ္စ ဦးကိုနီကို ထိုကျွေးခဲ့သူ.....


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့/အသစ်ရေးဆွဲဖို့ကို အမှန်တစ်ကယ်
လုပ်ဆောင်ဖို့ စီစဥ်ခဲ့သူဟာ
အမျိုးသားဒီမိုကရေအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး
မဲဆန္ဒနယ်(၄)၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးအောင်ကြည်ညွန့်ပဲဖြစ်ပါတယ်။

အခြေခံဥပဒေပြင်ဆင်ဖို့ ရှေ့နေ ဦးကိုနီကို ရှေ့တန်းတင်ပြီး နောက်ကွယ်ကနေ စီစဥ်ကြိုးကိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူကိုယ်တိုင်ကလည်း ဥပဒေကို နားလည်ကျွမ်းကျင်သူ အထက်တန်းရှေ့နေတစ်ဦးလည်းဖြစ်ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ထိလွယ်ရှလွယ်ပြီး အလွန်လည်း အန္တရာယ်များလွန်းတာကြောင့် သူကိုယ်တိုင်ရှေ့တန်းကနေ ဦးမဆောင်ပဲ ဘာသာခြား လူမျိုးခြား ဦးကိုနီကို ရှေ့တန်းကနေ လူမုန်းခံခိုင်းခဲ့တာဟာ အလွန်ကောက်ကျစ်တဲ့လုပ်ရပ်လည်းဖြစ်ပါတယ်။

အမှန်တစ်ကယ်ဆိုရင် NLD ပါတီဝင်ထဲက ဥပဒေကျွမ်းကျင်သူတွေကပဲ ရှေ့တန်းထွက်ပြီး လုပ်ဆောင်ရမှာပါ၊ အခြေခံ
ဥပဒေကို သူတို့က ပြင်ဆင်ချင်တာလေ၊ သူတို့က ဖျက်ပစ်ချင်တာ ဒါကို သူတို့မလုပ်ပဲ ဦးကိုနီကို ထိုးကျွေးခဲ့တာကတော့ ရက်စက်လွန်းပါတယ်။

နောက်တစ်ချက်က ဦးကိုနီသေသွားခဲ့ရင် တပ်မတော်ကို
အပြစ်ပုံချပြီး အစ္စလာမ်ဘာသာဝင်တွေ တပ်မတော်အပေါ်အမုန်းပွားဖို့လည်း
ရည်ရွယ်ခဲ့ကြပါတယ်။

တပ်မတော်ကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်တဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။

ဘာသာခြား ဦးကိုနီကို ရှေ့တန်းကနေမတင်ခဲ့ရင်
ဦးကိုနီသေဆုံးမှာမဟုတ်သလို အစ္စလာမ်ဘာသာဝင်
တွေကလည်း တပ်မတော်ကို
အထင်အမြင်လွဲကြမှာမဟုတ်ပါဘူး။

နောက်တစ်ချက်က အခြေခံဥပဒေပြင်ဆင်ရေးကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ
ကတည်းက ဦးကိုနီ တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပေမယ့် အသက်အန္တရာယ်တစ်စုံ
တစ်ရာ မရှိခဲ့ပါဘူး။

NLD ပါတီအနိုင်ရလို့ အစိုးရဖြစ်ပြီးချိန်မှ လုပ်ကြံခံရတာ
ဟာလည်း သဘာဝမကျလှပါဘူး။

အခြားသောသတင်းရင်းမြစ်တွေအရ NLD ပါတီရွေးကောက်ပွဲမှာအနိုင်ရဖို့အတွက် OIC ရဲ့ ငွေကြေးအထောက်အပံ့နဲ့ အစ္စလာမ်
ဘာသာဝင်တို့အတွက် အခွင့်အလမ်း အပေးအယူကိစ္စတွေကို ၏သည်မရွေး သိရှိ
သူဟာ ဦးကိုနီပဲဖြစ်တယ်
ဆိုတဲ့အကြောင်းပါ။

ဒါကြောင့်မို့ ဦးကိုနီသေဆုံးရခြင်းဟာ NLD ပါတီရဲ့ စနက်
ကင်းမှ ကင်းရဲ့လားလို့လည်း
မေးခွန်းထုတ်စရာတွေ ရှိလာ
ပါတယ်။

#KoKoNyan