Tuesday, October 5, 2021

ရုရှားနိုင်ငံက မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း လာရောက်လုပ်ကိုင်ဖို့ စီစဉ်နေ


အောက်တိုဘာ ၄-၂၀၂၁

ရုရှားအစိုးရနဲ့ ရုရှားပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်အချို့က မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေ လာရောက် လုပ်ဆောင်ဖို့ စီစဉ်နေပြီလို့ ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

ရုရှားဟာ မြန်မာနဲ့ ကုန်သွယ်ဘက်အဖြစ် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၃-၂၀၁၄ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး နှစ်စဥ် ကုန်သွယ်မှုတွေ ပိုမိုလုပ်ဆောင်ခဲ့ရာ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ မြန်မာက ရုရှားကို အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၅ သန်းဖိုးတင်ပို့ခဲ့ကာ ရုရှားဘက်က မြန်မာကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၉ သန်း တင်သွင်းထားတယ်လို့ သိရပါတယ်။

ရာဇာမင်းနိုင်