Sunday, August 8, 2021

အသတ်ခံလိုက်ရသော ဆရာတော်များ ကိုယ်စား ရင်နာနာဖြင့် တင်ပြလိုက်ရခြင်းဖြစ်သည်


ဆက်လက်တင်ပြခြင်း

နိုင်ငံရေးအကူးအပြောင်းဖြစ်ပြီး ၄ လကျော်အတွင်း
မြင်းခြံ က ဆရာတော်တစ်ပါး
အမရပူရကဆရာတော်တစ်ပါး
ချင်းပြည်နယ်က ဆရာတော်တစ်ပါး
ပုလဲုမြို့နယ်က ဆရာတော်တစ်ပါး
စုစုပေါင်း လေးပါးဟာ အစွန်းရောက်မိစ္ဆာဝါဒီတို့ရဲ့
ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

ခေတ်ကိုပြောင်းချင် ခေါင်းကိုပစ်ဆိုတဲ့
မသေချာ မရေရာတဲ့ စွပ်စွဲမှု နဲ့
သက်သေသာဓကထင်ရှားမပြနိုင်ဘဲ
အစွန်းရောက် NLDတို့ရဲ့ ဝါဒဖြန့်မှု ကြောင့်
ဝစီပိတ်ဆရာတော်ပုံကို ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်
ရန်ကုန်သူ ရန်ကုန်သားတွေကပဲ ထမီတန်းမှာ ချိတ်ဆွဲကာ
အသုံးပြု မိုက်ရိုင်းစော်ကားစွာ သာသနာတော် ညှိုးနွမ်းအောင် ပြုလုပ်ခဲ့ကြပါတယ်။

ဗုဒ္ဓဘာသာကို တန်ဖိုးထားလေးစားပါတယ်ဆိုတဲ့
တောင်တန်းဒေသနေ ရှမ်းပြည်နယ်တောင်ပိုင်းက
လိုဏ်ဂူတစ်ခုအတွင်းမှာ ရှိတဲ့ ဗုဒ္ဓမြတ်စွာရုပ်ပွား
ဆင်းတုတော်များကို ခေါင်းဖြတ်ကာ ဖျက်စီးပစ်ပြကြ
တာလည်း အစွန်းရောက်မိစ္ဆာတွေပါပဲ။

ကမ္ဘာ့အသိအမှတ်ပြု ယူနက်စကိုစာရင်းဝင်
ပုဂံရှေးဟောင်းယဉ်ကျေးမှု မြို့တော်ရှိ
ရှေးဟောင်းစေတီတော်တစ်ဆူကို အစွန်းရောက်
Gzအဖွဲ့က မီးပုလင်းနဲ့ပစ်ပေါက်ကာ မိုက်ရိုင်းစော်ကား
ပြပါတယ်။

ပုဂံရှေးဟောင်းစေတီတော် နောက်ထပ်တစ်ဆူကိုလည်း
ပုဂံအလှပျက်စေဖို့နိုင်ငံရေးကြွေးကြော်စာတမ်းပါ
စာရွက်များစွာကိုလည်း အကပ်ခံရပြန်ပါတယ်။

ဝဋ်ကြွေးတော်ပြေဆရာတော်ကို
ကိုယ်ထိလက်ရောက်စော်ကားခြင်း

ရန်ကုန်မြို့ကေသရာရာမကျောင်းတိုက်ကို
အစွန်းရောက်မိစ္ဆာဒိဋ္ဌိ NLDဝန်းရံသူ ၁၆၀လောက်က
တစ်ကျောင်းလုံးကို လူအင်အားနဲ့ဝိုင်းကာ
တွေ့သမျှအရာမှန်သမျှ ဖျက်စီးခြင်း ကားကိုဖျက်စီးခြင်း
ထိုင်ခုံများကို ရိုက်ချိုးခြင်း ဆရာတော်ကို ထုတ်ပေးခိုင်း
ခြင်းစတဲ့ အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြပြန်ပါ
တယ်။

မျိုးချစ်ရဟန်းတော်များသမဂ္ဂအဖွဲ့သီတင်းသုံးရာ
ဗဟန်းမြို့နယ်ထဲက ကျောင်းတစ်ကျောင်းကို
မိစ္ဆာများက ရရာလက်နက်စွဲကိုင်ပြီး ချေမှုန်းဖို့
တစ်နေကုန် ဝိုင်းဝန်းပစ်ခတ်ခံရပြန်ပါသေးတယ်။

မော်လမြိုင် မြစေတီရဲကျောင်းကို
မဟုတ်မတရားလုပ်ဇာတ်တွေနဲ့အပြစ်တင်
စော်ကားပုတ်ခတ်ခဲ့တာတွေ

မုံရွာမြို့ပဇ္ဇောတာရုံကျောင်းက စာချဆရာတော်
တစ်ပါးကို ဒလန်လို့စွပ်စွဲတာတွေ အစရှိတဲ့
စွဲချက်တွေ တင်တာလည်း မိစ္ဆာအစွန်းရောက်
NLDတွေပါပဲ။

သီတဂူဆရာတော် အင်းစိန်ရွာမဆရာတော်
ပါချုပ်ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ
ရန်ကုန်မဟောသဓာကျောင်းဆရာတော်
ဓမ္မဒုတအရှင်ပညာဝရ အစရှိတဲ့
သာသနာပြုဆရာတော်များရဲ့ပုံရိပ်ကိုချနင်းကာ
ဆဲဆိုခြင်း စွပ်စွဲခြင်း ပစ်မှားစော်ကားခြင်းတို့ကို
ပယ်ပယ်နယ်နယ်လွန်ကျူ းခဲ့တာလည်း
အစွန်းရောက်မိစ္ဆာပါတီရဲ့ လက်ပါးစေတွေပဲ
ဖြစ်ပါတယ်။

အထက်ပါ အကြောင်းအရာအားလုံးအတွက်
သာသနာရေးဝန်ကြီးဟာ တစ်စုံတစ်ရာ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း အလျဉ်း မရှိသလို
ဘုရားသားတော်အချင်းချင်းလည်း ထိထိရောက်ရောက်
ကာကွယ်ပေးနိုင်စွမ်းခြင်း မရှိခဲ့ပါ။

အသတ်ခံရတဲ့ဆရာတော်များရဲ့ ရုပ်ကလာပ်ကိုတောင်
ကောင်းမွန်စွာ သဂြိုဟ်ပေးနိူင်ခြင်းရှိ မရှိ မသိရပါ။

လူသတ်တရားခံများကို ဖမ်းမိတယ်လို့လည်း
မိမိ မကွားမိပါ။

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတော်မှာ
ရဟန်းတော်များအတွက်
ဥပဒေကလည်း အကာအကွယ်
မပေးနိုင် လုံခြုံမှုကလည်းမရှိတဲ့
အနေအထားမှာ နောက်ထပ်
နောက်ထပ် ဘယ်လောက်များ
အသက်တွေပေးပြီး စတေးရဦးမလဲ
တွေးနေမိပါ၏ ။

အများနဲ့အကြိုက်မတူကာမျှဖြင့်
အသက်ပေးသွားရသူတွေ
စွပ်စွဲခံရပြီး အသက်ပေးသွားရသူတွေ
လည်း မနည်းမနောရှိလှပါပြီ။

ရဟန်းတော်များလည်း လူသားထဲက
လူသားများပင်ဖြစ်၍ လူသားအခွင့်အရေး
နိုင်ငံသားအခွင့်အရေးလိုချင်လှပါသည်။

အရှင်သီလာစာရ (မန္တလေး)

မှတ်ချက်-အသတ်ခံလိုက်ရသော ဆရာတော်များ
ကိုယ်စား ရင်နာနာဖြင့် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

(လောက ဓမ္မ မည်သည့်ဥပဒေကိုမှ မကျော်လွန်ပါဘဲ
စတေးလိုက်ရသူများအတွက်သာ ရည်ညွန်းပါသည်)

လက်နက်ခဲယမ်းများမိ၍ လူဝတ်လဲဖမ်းစီးခံရခြင်း
ဆူပူဆန္ဒပြမှု တွင်ပါဝင်၍ ဖမ်းစီးခံရသော ရဟန်းတော်
များအတွက် ဥပဒေလမ်းကြောင်းအတိုင်းသာ
ရှိပါစေ။

Crd-


Related Posts:

  • 🦠 သိမှတ်ဖွယ်ရာ( ခရက်ဒစ်- မူရင်း )ကိုဗစ်က အဆုတ်ကို အင်နဲ့အားနဲ့တိုက်ခိုက်ထားလို့အိမ်ပြန်ရောက်နေတယ်ဆိုပြီး မပေါ့ကြပါနဲ့နော်**၁၀ရက်ပြည်တာနဲ့ ပိုးမရှိတော့လို့ ပြန်လွှတ်တာ လုံး၀မဟုတ်ပါဘူးနော် နောက်ထပ်အပြင်ကိုမကူးနိုင်တော့လို့ ပြန်ခိုင်းတာပါ အပြ… Read More
  • မျှော်ရတဲ့ မောင် ဆိုတဲ့လ       ညနေစောင်းမှ ကိုကြီးစိုး နဲ့ လူတယောက် ရောက်လာလို့ စကားလက်ဆုံကြရပြန်ပါတယ် ။ပါလာတဲ့သူက တပ်မတော် အလားဂျစ်သမား ၊ NLD ကိုလည်း လက်မခံနိုင်တဲ့ ပရဟိတ သမား သူ့ရပ်တည်ချက်အတွက် ဇဝေဇဝါ ဖြစ်နေတဲ့ သူပါ ။ နာမည်က ကိ… Read More
  • ဖက်ဆစ်ဗုံး ပမာ         ဗုဒ္ဓဘာသာ နိုင်ငံတော်ကြီးမှာ မမြင်အပ် မသိအပ်တဲ့ အကြောင်းတွေ အများကြီး ရှိခဲ့ဖူးပါတယ် ။ ဥာဏ်မမှီနိုင်သော တနည်း လက်ရှိသိပ္ပံပညာအနေအထားအရ ဖြေရှင်းရန် မတတ်နိုင်သော ထူးခြားဖြစ်စဥ်များစွာ ရှိခဲ့ဖူး… Read More
  • 🍄 ဘယ်သူအဆင့် (၁) လဲ ?တဖွဲ့နဲ့တဖွဲ့တွက်ချက်ပုံမတူကြပါဘယ်လိုပဲဖြစ်ဖြစ်အမေရိကန်နဲ့တရုတ်တို့ နီးနီးကပ်ကပ်ပြိုင်ဖက်ဖြစ်လာကြတာကိုတော့ဘယ်သူကမှ ငြင်းချက်မထုတ်ကြဘူး၊GDP (ppp) အရတရုတ်က အမေရိကန်ကိုကျော်ဖြတ်ပြီးတဲ့အပေါ်မှာလဲ ငြင်းချက်မထုတ်ကြဘူးSize of econom… Read More
  • ဘုရားအားလုံးက သိ​နေတဲ့သူများ         တခါတုန်းက ငယ်သူငယ်ချင်း နှစ်ယောက်ရှိပါတယ် ။ တယောက်က ခရစ်ယမ် ဘုန်းကြီးဖြစ်ရမယ် သာသနာပြုမယ် ၊ တယောက်က ဆရာဝန်ဖြစ်ရမယ် လူနာတွေကို ဝေဒနာသက်သာအောင် ကုသပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်ကိုယ်စီ နဲ့ပေါ့ ။&nbs… Read More