တပ်နဲ့ရဲဆီက ငွေတွေကို
သဲ့ယူ စီးပွားရှာပြီး အောင်မြင်တော့မှ
NUG NLD R2Pကို စုံလုံးပစ်ထောက်ခံကူညီ
နေတာကို ဖေါ်ထုတ်ပေးလိုက်ပါတယ်။
ဒါကတော့
အခြားမဟုတ်ပါ အများသိကြတဲ့
Alpha Shoe ကုမ္ပဏီပဲ ဖြစ်ပါတယ်။
Alpha Shoe ကုမ္ပဏီရဲ့
ပဲ့ကိုင်ရှင်ကတော့ Winnie Wen ခေါ်
ဒေါ်ထက်ထက်ခိုင်ပဲ ဖြစ်ပါတယ်။
Alpha Shoe ထုတ်လုပ်ရေးဟာ
လုပ်ငန်းစတင်ချိန်မှာ ထင်သလောက်
ခရီးမပေါက်ခဲ့ပါဘူး။ သို့ပေမဲ့ စီးပွားရေး
အကွက်မြင်တဲ့ တရုတ်မြန်မာနွယ်ဖွား
မိသားစုသည် ၀ယ်လိုအားအများအပြားရှိတဲ့
တပ်မတော်သုံး ရှူးဖိနပ်ထုတ်လုပ်ရေးကို
စတင်ခြေလှမ်းခဲ့ပြီးတော့ တပ်မတော်ရဲ့
ပုံစံအသစ် ထုတ်လုပ်လာတဲ့ Shoe ဖိနပ်နဲ့
တစ်ထည်ရာတည်း ကော်ပီပွား
ထုတ်လုပ်နိုင်ခဲ့ပါတယ်။
အဒီအချိန်မှာ
တပ်မတော်တွင်း
ယူနီဖောင်းအသစ်တွေ
စတင်ကူးပြောင်းနေချိန်ဖြစ်ပြီး
စစ်တပ်ပစ္စည်း ရောင်းချရေးက
အလင်မှီအောင် မရောင်းချနိုင်သေးခင်
Alpha က အကွက်တွေ့သွားပြီးတော့
တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ စစ်တပ်သုံး
Shoe ဖိနပ်များ ရောင်းချနိုင်ခဲ့ကာ
ရောင်းအား အမြတ် အစွန်ျးတာင်မှ
ထောင်တက်သွားခဲ့ပါတယ်။
တပ်မတော်ရဲ့ ပုံစံအသစ်နဲ့
ထုတ်လာတဲ့ ရှူးတွေကို ရဲတပ်ဖွဲ့ပါ
အဆင်ပြေတာရယ် အဲ အချိန်က
ရဲမေတွေအတွက် အမျိုးသမီးပုံစံ
ရှူးဖိနပ်လိုအပ်နေချိန်ဖြစ်တာနဲ့အညီ
တပ်နဲ့ရဲတို့ရဲ့ ဝိုင်းအားပေးတာကြောင့်
ကုမ္ပဏီသည် ကာလတိုအတွင်းရောင်းအား
ကြောက်ခမန်းလိလိ ရရှိလာခဲ့ပါတယ်။
တပ်နဲ့ ရဲ အသိုင်းအဝိုင်းရဲ့
အပြိုင်ဆိုင်အားပေးလာမှုနဲ့ မိတ်ရလာတဲ့
Alpha ဖိနပ်သည် ထပ်မံ၍ ဂေါက်ရိုက်ရှူး
ဖိနပ်ထုတ်လုပ်ရေးကို အကြီးအကျယ်
လုပ်ပါတော့တယ်။
ဂေါက်ကို မြန်မာမှာ
ဘယ်သူတွေ အများဆုံးရိုက်လဲ မေးရင်
အဲဒီ တပ်နဲ့ ရဲ နှစ်ဖွဲ့ပါပဲ။
ဒါကြောင့်
ဂေါက်ရှူးဖိနပ်တွေ လည်း
ရောင်းမလောက်ဖြစ်ခဲ့ရသလို
တပ်မတော်ရဲ့ အရာရှိကြီးသင်တန်းတွေကနေ
သင်တန်းအပတ်စဉ်လိုက် အားပေးဝယ်ယူ
ခဲ့တာမျိုးတွေ ရှိတယ်လို့ ကြားသိရပါတယ်။
စစ်တပ် ထုတ်လုပ်ရေးက
မိမိစစ်တပ်ရဲ့ စစ်ဝတ်ပစ္စည်းပုံစံ
လုံခြုံရေးကျိုးပေါက်ခဲ့တာကို သိခဲ့ပုံမရပါဘူး
ဖိနပ်ကော်ပီ ခွာကော်ပီတွေနဲ့
ကောင်းစားလာတဲ့ Alpha သည်
တိုက်ခိုက်ရေး လည်ရှည်ဖိနပ်ကိုပါ
ထုတ်လုပ်ပါတယ်။
ရင်နာစရာအကောင်းဆုံးက
ယခုဆိုရင် စစ်တပ်က ဒီဇိုင်းဆွဲခဲ့တဲ့
တပ်ပိုင် ဖိနပ်တွေကို
ကော်ပီ တစ်ထည်ရာတည်း ပွားသုံးပြီး
နွေဦး တော်လှန်ရေးမှာ
အကြမ်းဖက်သမားများအသုံးပြနိုင်အောင်
စစ်တပ်ကို ပြန်လည်တိုက်ခိုက်နိုင်အောင်
ထုတ်လုပ်ရောင်းချနေပါတော့တယ်..။
ယခုထပ်မံထုတ်လုပ်မယ့်
တိုက်ခိုက်ရေး ဖိနပ်တွေအားလုံးဟာ
စစ်တပ်ပုံစံ မဟုတ်တော့ဘဲ
အခြားအဖွဲ့များအတွက်
ရည်ရွယ်ထုတ်လုပ်ကာ ပျောက်ကျားကို
အရောင်ပြောင်းထားပြီး ခွာမှာကတော့
တပ်မတော်ထုတ်ကို အသုံးချထားတာ
တွေ့နေရတာပဲ ဖြစ်ပါတယ်။
ဘယ်လောက်များ
ရင်နာစရာကောင်းလဲ စဉ်းစားကြည့်ပါ။
စစ်နဲ့ ရဲက အားပေးလို့
ကြီးပွားခဲ့တဲ့ ငွေတွေနဲ့နေပြီးတော့
စစ်သားနဲ့ ရဲကို ပြန်သတ်မယ့်
PDF အကြမ်းဖက်သများတွေ အတွက်
ဖြစ်လာနေတာကို တွေ့ရလို့ပါပဲလေ။
ဒါကို တပ်နဲ့ ရဲကပဲ
သတိမပြုမိတာလား
မျက်ကွယ်ပြုနေတာလား ဆိုတာက
သူတို့တွေပဲ သိကြမှာ ပေါ့လေ ။
စစ်ဝတ်ပစ္စည်း လုံခြုံမှုကို
ချိုးဖောက်တဲ့အပြင် စစ်တပ်ပစ္စည်းကို
ကော်ပီပွား အကြမ်းဖက်သမားတွေကိုမှ
ထုတ်ပေးတာ လှူဒါန်းတာ …
ဒါတင်မကသေးဘဲ
NUG နဲ့ We need R2P တွေတောင်မှပဲ
သူကနေ ထောက်ခံလိုက်ပါသေးတယ်။
စစ်တပ်နဲ့ ရဲက အားပေးလို့
ကြေညာတွေတောင် ယူနီဖောင်းပုံတွေနဲ့
မင်းသားမင်းသမီးတွေ ငှားရိုက်ခဲ့တဲ့
Alpha ပိုင်ရှင်မိသားစုမှ ပဲ့ကိုင်ရှင်
ဒေါ်ထက်ထက်ခိုင်သည်
ပြည်ပရောက်နေတယ်လို့ သိရသလို
NUG PDF အဖွဲ့ကိုလည်း
အလှူငွေဘယ်လောက်တောင်
ထောက်ပံ့နေလဲ ဆိုတာက မပြောနိုင်ပါ။
လက်ရှိ ဒီကိစ္စကို
တပ်နဲ့ ရဲ အဖွဲ့ဖတ်ပြီးရင်
ဘာလုပ်သင့်တယ်
ဘယ်လို ဖြစ်သင့်တယ် ကတော့
ကိုယ်တိုင်ပဲ စဉ်းစားတော့ပေါ့လေ။
ခုလို အစအဆုံး
မဖော်ပြရင် နစအ အစိုးရတောင်
သိမှာ မဟုတ်လောက်ပါဘူးလေ။
ဒီကိစ္စသည်
သူများစီးပွားရေးကို
တုတ်နဲ့ ထိုးခြင်းမျိုး မဟုတ်ပါ ။
NUG PDF R2P CRPH ထောက်ခံသူ၏ Crime ပြစ်မှုများကို ဖော်ထုတ်ပြပေးခြင်း
နစက အား အသိပေးခြင်းသာ ဖြစ်ပါတယ်။
ကဲ နစက
(အိမ်စောင့်အစိုးရ)ကြီးရေ
စစ်တပ်နဲ့ စစ်ပစ္စည်းထုတ်လုပ်ရေး
Alpha Shoe ကုမ္ပဏီနဲ့ ပက်သက်ပြီး
အကြမ်းဘက် ဥပဒေအရ အရေးယူနိုင်ဖို့
ကျုပ်တို့ကတော့ တာဝန်ကျေ
တင်ပြပေးလိုက်ပါပြီ။
ဆက်လက်စုံစမ်း ဖေါ်ထုတ်
အရေးယူနိုင်ဖို့ကတော့ ခင်ဗျားတို့ ရဲ့
တာဝန်သာ ဖြစ်ပါကြောင်း…
……………………………………………
20210807:Thuya Crd;