Sunday, August 8, 2021

ခက်လွန်းလို့ ကွာ


       USA က ကိုချိုကြီး ၊ သန့်နေစိုး ၊ နောင်တော်လေး တို့ အပါအဝင် UN မှာ နီပေါတွေ နဲ့ အတူ သူ့ဖက် ကိုယ့်ဖက် ထောက်ခံမှု လက်မှတ် ကောက်ယူနေကြတယ် ။ 

        စာရင်းပေးကြဖို့ ဟိုလူကအော်လိုက် ၊ ဒီလူက လှုံ့ဆော်လိုက်နဲ့ ပျာယာခတ်နေကြတယ် ။ 

     ဘာတဲ့ လက်မှတ် နှစ်သိန်း ဟုတ်သလား... ?

       လခွမ်းတဲ့မှပဲ ငါ့ညီတို့က စပါးဂိုဒေါင်တွေ ဖင်ခုထိုင်ပြီး ရိတ်ပြီးသား လယ်ကွက်ထဲ ကောက်သင်းကောက်နေကြတာကိုး ကွ ။ 

      သန့်နေစိုးတယောက်ကတော့ ပါတီတွေကို မေတ္တာရပ်ခံနေတာ တွေ့ရပါတယ် ။ 

     ညီလေးတို့ရေ မေတ္တာရပ်ခံမနေကြနဲ့ ။ ဒီနေရာမှာ နီပိန်း နည်း က ပိုပြီး အသုံးတည့်ထိရောက်တယ် ကွ ။ 

      မင်းတို့ လက်မှတ် အတွက် လိုနေကြတာ ဘာမှ ခက်ခဲတာ မပါဖူး ။ 

 - အမည် 

  - ဖုန်းနံပါတ် (သို့) gmail 

  - နေရပ်လိပ်စာ 

          ဒါပဲ လိုတာ မဟုတ်လား ။ ကြံ့ခိုင်ရေး ပါတီက လူစာရင်း ဘယ် နှစ်သိန်း ပေးမလဲ ၊

      PPP ဘယ်လောက်ပေးမလဲ ၊

    တစည ဘယ်ခေါက်ပေးမလဲ ၊

       ဥပမာပြောတာ အခြားပါတီတွေရောပေါ့ ၊ အဲဒီ မေးသင့်တဲ့ ပါတီတွေရဲ့ တာဝန်ရှိသူ ပါတီဥက္ကဌ တွေဆီ ပေါ်တင် တောင်းကြစမ်းပါ ။ 

     အိညှောင့်ညှောင့် တုန့်ပြန်သလား ၊ ဟေ့ ညီလေးတို့ ပေါ်တင် ရေးကြစမ်းကွာ ကိုယ်တောင်းတဲ့ စာရင်းလေးတောင် မပေးနိုင်တဲ့ ပါတီကို ဝိုင်းဖဲ့ကြစမ်း ။

       ဘယ်ပါတီက စာရင်း ဘယ်လောက်ဆိုတာ ကြေညာပြီး ဖိုက်ကြစမ်းပါကွာ ။ စာရင်းမှ မပေးတဲ့ ပါတီ လပြွတ်မှ အားကိုးစရာ မရှိဘူး ။ 

     အချိန်ကုန်တယ် ဘေလ်ကုန်တယ် ၊ ပါတီတွေဆီမှာ လူစာရင်း ဂိုဒေါင်ကြီးတွေ ရှိနေတယ် ။ ကောက်သင်းကောက်မနေကြနဲ့ ။

     မပူးပေါင်းကြဖူးလား...?

      ငါ့လူတွေ မှတ်ထား အကိုကြီးပြောမယ် ရိုင်းတယ် မထင်နဲ့

   "ကောင်းတော့ လချောင်း အောင့်တော့ လဥ ''

     မဖြစ်စေနဲ့ ။ မင်းတို့ထဲမှာ ဝန်ကြီးဖြစ်မယ့်လူ တယောက် မှ မပါဘူး ။ 

      ဒီလက်မှတ်ကောက်နေတဲ့ ပွဲက UN ဆုံးဖြတ်ချက် အတွက် ဘာတခုမှ အထောက်အကူ မရနိုင်ဖူး ။ ဒါပေမယ့် ပြည်သူဆိုတာ NLD ထောက်ခံသူတွေချည်း မဟုတ်ဖူး တပ်မတော် ထောက်ခံသူတွေလည်း အများကြီးဆိုတာ ချပြချင်လို့ ငါ့ညီတို့ လုပ်နေကြတာ သဘောပေါက်ပါတယ် ။ 

      မင်းတို့ ပင်ပန်းကြီးစွာ အားထုတ်နေကြတာကို ဘေးကကြည့်ရင်း အကြံပေးကြည့်တာပါ ။ လူဂိုဒေါင် ဖောက်ကြပါ ၊ အချောင်သမား ပါတီတွေကို အလုပ်ပေးကြစမ်းပါ ။ 

      ကိုရွှေမျိုးဝင်း
Myo Win

Related Posts:

  • ရုရှားရေနံမရှိဘဲ အနောက်နိုင်ငံတွေ ရှင်သန်နိုင်ပါ့မလား။ရုရှားရေနံအား ပိတ်ဆို့အရေးယူမှုကို တွန်းအားပေးသည့် နိုင်ငံများသည် အစားထိုး ရေနံရောင်းချသူများကို ရှာဖွေနေဆဲဖြစ်ပါတယ်။ယူကရိန်းမှာ ရုရှားရဲ့ စစ်ရေးစစ်ဆင်ရေးကို တုံ့ပြန်တဲ့အနေနဲ့ EU နဲ့ UKတို့ဟာ ရုရှားရေနံဝယ်ယူမှုအားလုံးကို ဒီနှ… Read More
  • ကမ္ဘာကျော်ဆရာတော်အား ဆပ်ကပ်လှူဒါန်းအမျိုးဘာသာ သာသနာအား အသက်ထက်မြတ်နိုးကြသည့် မစိုးရိမ်တိုက်သစ်မှ ကမ္ဘာကျော်ဆရာတော်အပါအဝင် ဆွမ်းအလှူခံမကြွရောက်နိုင်သော ဆရာတော်များအား ကျောင်းတိုက်အရောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မှ တာဝန်ရှိသူများက ကဆုန်လပြည့် ဗုဒ္ဓနေ့တွင… Read More
  • WYသုံးစွဲထားရင်၂၄နာရီအတွင်း ဆီးစစ်ရင်ပေါ်ပါတယ် ။၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။၂နှစ်အတွင်း ဆံပင်ကို ဓါတ်ခွဲ စစ်ရင် ပေါ်ပါတယ် ။----WYကို လူငယ်တွေက ကြယ်သီး လို့အလွယ်ခေါ် ကြပါတယ် ။အရောင် အလိုက် ပုံစံအလိုက်အမျိုးအစား ခွဲ ကြတယ် ။-နောက် အရောင်အမျ… Read More
  • အနီတွေ အရမ်းမုန်းခဲ့တာ 👉 အဲ့ဒီလူကြီး ... တော်ရုံမင်းတွေ မတင်ရဲတဲ့  ရွှေတိဂုံဘုရားကို သက်သတ်လွတ်စားပြီး ထီးတင်သွားခဲ့တာ 👉 အဲ့ဒီလူကြီး ... ရန်ကုန်မြို့ မင်းဓမ္မတောင်ကုန်းက ကျောက်တော်ကြီးဘုရားကို အများပြည်သူ ဖူးရအောင် … Read More
  • မနက်ဖြန် သတင်းစာရှင်းလင်းပွဲရှိတယ်!ဒီလို နိုင်ငံအဆင့်သတင်းစာရှင်းလင်းပွဲမျိုးမှာ လမ်းဘေးdogဖျင်ပူးတဲ့ ကိစ္စလောက်ကိုမေးခွန်းထုတ်တတ်ကြတဲ့ သတင်းသမားတွေကြောင့်သတင်းစာရှင်းလင်းပွဲရဲ့ အနှစ်သာရတွေ ပျက်ခဲ့ရတယ်။ဒီတော့ဗျာ...မနက်ဖြန်မှာသတင်းစာရှင်းလင်ပွဲတတ်ကြမယ့်သတင်းထော… Read More