Thursday, August 12, 2021

မည်သူမဆို မိမိ face book Profile ဖြင့် ဝါခေါင်လဆန်း (၈)ရက်နေ့မှစ၍ ကြိုဆိုဂုဏ်ပြုပူဇော်ကြပါစို့...


နှစ်(၆၀) ပြည့် နိုင်ငံတော်ဘာသာနေ့ နှိုးဆော်လွှာ
🔹🙏🔹✳🔹🙏🔹✳🔹🙏

မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် နှစ်စဉ် နှစ်တိုင်း မေတ္တာအခါတော်နေ့ ( ဝါ )
နိုင်ငံတော်ဘာသာနေ့ အခါသမယရောက်တိုင်း အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်လေ့ရှိပါသည်။

ယခုနှစ်တွင် ကျရောက်သော
( ၆၀) နှစ်မြောက် နိုင်ငံတော်ဘာသာနေ့သည် ဝါခေါင်လပြည့် ( ၂၂.၈.၂၀၂၁ )ရက်နေ့တွင် ဖြစ်ပါသည်။

သာသနာ့အောင်လံတော်ကို လွှင့်ထူပူဇော်ရာတွင် ...

ဝါခေါင်လပြည့်နေ့က ဦးစွာကျရောက်လျှင် ဝါခေါင်လဆန်း ၁၄ ရက်မှသည်
သြဂုတ်လ ၂၇ ရက်အထိ
လည်းကောင်း ~

သြဂုတ်လ ၂၆ ရက်က
ဦးစွာကျရောက်လျှင်
သြဂုတ်လ ၂၅ ရက်မှသည်
ဝါခေါင်လပြည့်ကျော် ၁ ရက်အထိ လည်းကောင်း ~

ဗုဒ္ဓသာသနာဝင်တို့၏ နေအိမ်၊ စျေးဆိုင်၊ အဆောက်အဦး ၊ ယာဉ် စသည်တို့တွင် သာသနာ့အောင်လံတော်များကို
လွှင့်ထူ ပူဇော်ကြပါသည်။

ထိုသို့ သတ်မှတ်ပူဇော်ရခြင်းမှာ
၁၃၂၃ ခုနှစ်၊ ဝါခေါင်လပြည့် (၂၆.၈.၁၉၆၁) ရက်နေ့က
အတည်ပြုပြဋ္ဌာန်းခဲ့သော ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ သာသနာအဖြစ် အတည်ပြုခဲ့သည်ကို
ရည်မှန်းကာ ကြိုဆိုဂုဏ်ပြု ပူဇော်ကြခြင်း ဖြစ်ပါသည်။

ယခုနှစ်တွင်ကျရောက်သော
(၆၀) နှစ်မြောက် နိုင်ငံတော်ဘာသာနေ့သည် ဝါခေါင်လပြည့်နေ့က
ဦးစွာကျရောက်ပါသောကြောင့်
ဝါခေါင်လဆန်း ၁၄ ရက်မှသည်
သြဂုတ်လ ၂၇ ရက်အထိ သာသနာ့အောင်လံတော်များကို လွှင့်ထူပူဇော်ခြင်းဖြင့် ဗုဒ္ဓသာသနာဝင်တို့၏ ညီညွတ်မှုကိုပြသကာ ကြိုဆိုဂုဏ်ပြုကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

TRMH
10.8.2021

#Credit မူရင်း