Thursday, August 19, 2021

NLD ပါတီ မဲခိုးခဲ့ပုံအဆင့်ဆင့် ငါတို့ပြည်သူတွေမဲမခိုးဘူး


ကျွန်တော် NLD အမာခံပါ။ NLD ကိုပဲ အစဉ်တစိုက် မဲပေးခဲ့တဲ့သူတစ်ယောက်ပါ။ အိမ်ကမိန်းမထက် NLD ကို ပိုချစ်တယ်လို့ပြောရင် ပိုတယ်မထင်ပါနဲ့။ သို့ပေမယ့် NLD က ကျွန်တော်တို့လူထုရဲ့ထောက်ခံမှုကို အလွဲသုံးစားလုပ်သွားတဲ့ ကိစ္စကိုတော့ လက်မခံနိုင်ပါဘူး။ ပြည်သူလူထုထက်တော့ NLD ကို ပိုမချစ်နိုင်ပါ။ ဖော်ကောင်မလုပ်ချင်ပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဒီလိုမတရားမှုလုပ်တာကိုတော့ လက်မခံနိုင်ဘူး။ အဲ့ဒီ့တော့ NLD မဲဘယ်လိုခိုးခဲ့တယ်ဆိုတာကို ကျွန်တော်ရှင်းရှင်းလင်းလင်းချပြပါ့မယ်။

ဘယ်လိုကြိုတင်ပြင်ဆင်ခဲ့သလဲ?

ဒီအဆင့်မှာ NLD အစိုးရက သူ့ကိုထောက်ခံသူတွေနဲ့ အမာခံတွေကို ရပ်/ကျေး ဥက္ကဋ္ဌတွေအဖြစ်၊ ရွေးကော်အဖွဲ့ဝင်တွေအဖြစ် ကြိုတင်အစားထိုးတာပါ။ တိုင်း/ပြည်နယ် ဝကခတွေက ဦးစီးလုပ်တာပေါ့။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီကိစ္စကိုသိနေတာပဲ။ ဒါပေမယ့် ကိုယ့်လူတွေ ရပ်/ကျေးဥက္ကဋ္ဌတွေ၊ ရွေးကော်အဖွဲ့ဝင်တွေ ဖြစ်လာတော့ ကျေနပ်တာပေါ့။ ကျွန်တော်တို့ကတော့ မသိချင်ယောင်ဆောင်နေခဲ့တာ။ ထင်ထင်ရှားရှားဖြစ်သွားတာက ပဲခူးဝန်ကြီးချုပ် ဦးဝင်းသိန်းက သူ့တူမ စန်းစန်းမြတ်ကို UEC မှာထည့်ဖွဲ့ထားသလိုပေါ့။ 

အစိုးရက ပြည်နယ်နဲ့တိုင်းတွေမှာ လဝက ဝန်ကြီးတွေတိုးချဲ့ခန့်အပ်ပြီး UEC မဲစာရင်းနဲ့ လဝကရဲ့ စာရင်းကို သိပ်မကွာအောင်ညှိဖို့ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့်လည်း စာရင်းပေါင်းချုပ်က ပြည်ထောင်စုအဆင့်မှာရှိပြီးဖြစ်လို့ ဒီကိစ္စမအောင်မြင်ခဲ့ဘူး။ ဒါက NLD အတွက်ကံဆိုးတာပဲ။ UEC ရဲ့မဲစာရင်းတွေ ဖောင်းပွအောင်လုပ်ထားတာကို မဖုံးဖိနိုင်ခဲ့ကြဘူး။ စစ်တပ်က သတိထားမိသွားပြီး ဝင်စစ်တဲ့အဆင့်ကို ရောက်ခဲ့တာပေါ့။

မဲစာရင်းဖောင်းပွတော့ ဘာလုပ်လို့ရပါသလဲ? 

မဲလက်မှတ်တွေအပိုရိုက်ထုတ်လို့ရပါတယ်။ မဲလက်မှတ်ဆိုတာက မဲပေးပိုင်ခွင့်ရှိသူအရေအတွက်ပေါ်မှာမူတည်ပြီး ရိုက်ထုတ်ရတာပါ။ ဒီလို မဲလက်မှတ်အပိုတွေရိုက်ထုတ်ပြီး ကြိုတင်မဲတွေနဲ့ လိုအပ်တဲ့နေရာတွေမှာ လိုသလို ဖြည့်လို့ လှည့်လို့ရအောင် လုပ်ထားတာပါ။ တစ်ချို့နေရာတွေမှာ NLD ပါတီရုံးတွေကနေ ပါတီကိုမဲပေးတဲ့ မဲလက်မှတ်တွေကို ချိတ်ဆက်ပြီး ပို့ပေးတာပေါ့။ ဒါကလည်း အောက်ကလုပ်တဲ့လူတွေ မပိရိတော့ ပါတီတံဆိပ်နဲ့ ချိတ်ပိတ်ထားတဲ့ မဲလက်မှတ်စာလာအိပ်တွေ အထုပ်လိုက်တွေ့နေရတာပေါ့။

မဲခိုးတာကို ဘာကြောင့် မဖုံးဖိနိုင်ခဲ့သလဲ?

မဲစာရင်းဖောင်းပွအောင်လုပ်ထားတော့  မှတ်ပုံတင်တစ်ခုတည်းနဲ့ နှစ်ကြိမ်ထပ်နေတဲ့မဲစာရင်းက ၃၅ သိန်းကျော်၊ သုံးကြိမ်ထပ်နေတာက ၃ သိန်းနီးပါး ရှိတယ်ဆိုတာ ပေါ်လာတယ်။ မှတ်ပုံတင်မရှိဘဲ မဲပေးထားတာက ၄၉ သိန်းကျော်ရှိတယ်။ ရပ်/ကျေးဥက္ကဋ္ဌတွေက မြို့နယ်ရွေးကော်နဲ့ လက်ဝါးချင်းရိုက်ပြီး ထောက်ခံချက်တွေ လိုသလိုရိုက်ထုတ်ပေးခဲ့ကြတာပါ။ မဲရုံမှာ ပျောက်နေတဲ့ ဆန္ဒမဲပေးထားတဲ့ မဲလက်မှတ်ပေါင်း ၁၄ သိန်းကျော်ရှိပါတယ်။ 

NLD ပါတီမဟုတ်တဲ့ အခြားပါတီကိုပေးတဲ့မဲလက်မှတ်တွေကို ဖျောက်ဖျက်ခဲ့တာပါ။ မဲရုံတွေမှာ ပိုနေတဲ့ မဲလက်မှတ်တွေက ၄ သိန်းကျော် ရှိတယ်။ မဲလက်မှတ်အပိုတွေနဲ့ NLD ထောက်ခံမဲတွေရအောင် ဖြည့်ခဲ့ကြတာပါ။ မဲလက်မှတ်ဆိုတာ လက်ခံဖြတ်ပိုင်းနဲ့ကိုက်ညီနေရပါတယ်။ လက်ခံဖြတ်ပိုင်းမှာရှိရမယ့်အရေအတွက် ၁၅ သန်းကျော်ရှိပေမယ့်၊ မဲပေးထားတဲ့လက်မှတ်တွေက ၂၆ သန်းကျော်ဖြစ်နေတယ်။ 

NLD အမတ် ဇေယျာသော်တို့ ဝမ်းသာအားရနဲ့ ဖေ့စ်ဘုတ်ပေါ်တင်လိုက်တဲ့ မဲရလာဒ်တွေက မဲပေးခွင့်ရှိသူအရေအတွက်ထက်များနေတဲ့ ကိစ္စမျိုးတွေ၊ ဦးကျော်ဇေယျတို့ဆိုရင် သူ့မိသားစုပေးတဲ့မဲတောင်မပါတော့ပဲ သုညမဲဖြစ်နေတာမျိုးတွေ၊ သဲကုန်းမှာ စာအုပ်နံပါတ်တပ်မထားတဲ့ မဲစာအုပ်အသစ် ၉ အုပ်တွေ့တယ်ဆိုတဲ့ကိစ္စလိုမျိုးပေါ့။ NLD အစိုးရဟာ ပိပိရိရိ မလုပ်နိုင်ခဲ့ပါဘူး။ ဖုံးမရဖိမရကိစ္စတွေ များခဲ့တယ်ဆိုပါတော့။

မဲပိုရအောင် ဘယ်လိုလုပ်ခဲ့သလဲ?

ကျွန်တော်တို့ NLD အမာခံတွေ၊ ပါတီဝင်တွေက ရပ်/ကျေးဥက္ကဋ္ဌတွေနဲ့ပေါင်းပြီး ရွေးကောက်ပွဲကိစ္စမှန်သမျှဝင်ရောက်လုပ်ကိုင်ပါတယ်။ ပါတီအလံတွေ၊ တံဆိပ်တွေသုံးပြီး ကြိုတင်မဲကောက်တဲ့ကိစ္စတွေလိုပေါ့။ သက်ကြီးရွယ်အိုတွေက မျက်စိမကောင်းကြတော့ဘူးလေ။ NLD ကိုယ်စားလှယ်နေရာမှာ တံဆိပ်တုံးထုဖို့ ပြလိုက်ရုံပါပဲ။ ကြိုတင်မဲကောက်ကြတော့ NLD ပါတီကမဲလာကောက်တယ်လို့ ထင်နေကြသူတွေ အတော်များတယ်။ 

UEC တံဆိပ်မပါ၊ တံဆိပ်တုံးမထုဘဲ ဘောပင်နဲ့ အမှန်ခြစ်ထားလည်း ခိုင်လုံမဲထည့်ရေတွက်လို့ရအောင် ညွှန်ကြားချက်ထုတ်ထားပါတယ်။ ဒါကြောင့် NLD မဲမှန်သမျှ ခိုင်လုံမဲဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ တံဆိပ်တုံးအတုထွက်တယ်ဆိုပြီး ပြောထားတာပေါ့။ COVID ကြောင့် ကြိုတင်မဲပေးထားပြီးသူတွေလည်း မဲထပ်ပေးလို့ရအောင် တစ်ဖက်လှည့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။ တစ်ချို့ကတော့ သတိမထားမိကြပါဘူး။ 

အမှန်တော့ မဲထပ်ပေးလို့ရအောင်ဆိုတာထက် ပိုနေတဲ့မဲအရေအတွက်ကို ဘောင်ဝင်အောင်လုပ်ဖို့ပါ။ မဲပေးဖို့အတွက် အချက်အလက်မခိုင်လုံပဲ ကြိုတင်မဲပေးဖို့ခွင့်ပြုတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ဥပမာ လက်ဗွေ/လက်မှတ် မပါဘဲ မဲလက်မှတ်ထုတ်ပေးထားတဲ့ကိစ္စတွေလိုမျိုးပေါ့။ အပြင်ကရောက်လာတဲ့မဲတွေ၊ အပိုထည့်ထားတဲ့မဲတွေအတွက် စာရင်းကိုက်အောင် လုပ်ထားတာပေါ့။ သို့သော် ပမာဏများပြားလွန်းတော့ ကိုက်ညီအောင် မလုပ်နိုင်ခဲ့ပါဘူး။ 

ကြို့ပင်ကောက်က NLD အမတ် နော်ပွယ်စေးရဲ့မဲတွေမှာ ၂၀၁၅ က မဲလက်မှတ်တွေ ထည့်ရေတွက်ထားခဲ့တာတွေ ပေါ်လာခဲ့တယ်။ ရေစကြိုမှာ မဲပေးရမယ့်အမတ်စာရင်းနဲ့ မကွေးက အမတ်တွေရဲ့စာရင်းမှားနေတာ သတိထားမိကြမှာပေါ့။ အမှန်တော့ ရှေ့မှာကျွန်တော်ပြောခဲ့တဲ့ မဲလက်မှတ်အပိုတွေနဲ့ ရောပြီး မှားပေးလိုက်မိကြတာပါ။ ကျွန်တော်တို့နိုင်ငံမှာ အခုလို အခြေအနေတွေဖြစ်ခဲ့ရလို့ ကျွန်တော်စိတ်မကောင်းပါဘူး။ ရင်ထဲမှာ တဆစ်ဆစ်နာကျင်နေရပါတယ်။ 

ပြည်သူများအားလုံးကိုလည်း တောင်းပန်ပါတယ်။ ကျွန်တော်အနေနဲ့ နိုင်ငံနဲ့ ပြည်သူလူထုကြီးထက်တော့ NLD ပါတီကို ပိုမချစ်နိုင်တော့ပါဘူး။ အခုစစ်ကောင်စီက စစ်နေတော့လည်း ဒါတွေကို တွေ့နေရတာပဲလေ။ ကျွန်တော်သိနေလျက်နဲ့ မပြောခဲ့မိလို့ အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။

NLD ပါတီဝင် ဦးထွန်းဇော် (CDM-721621)
CRD: မူရင်းမှသည် 
Nay Thurain မှတဆင့်
ရဲသွေးမင်းထက် ပြန်လည်မျှဝေပါသည်
အထူးမှတ်ချက် ။ ။ခွေးဝဲစားနီပိန်းများ ဝင်ဟောင်နိုင်ပါသည်။