ဒီနေ့ တပ်ချုပ်ကြီးက ဖမ်းထားသူတွေ ၊ ဝရမ်းကပ်ထားသူတွေ စုစုပေါင်း ၅၀၀၀ ကျော် ပြန်လွှတ်လိုက်တယ် ။
အားလုံးသော ပြည်သူတွေ ရဲ့ သဘောထားတွေ ဟာ နှစ်ဖက်လုံးက အမြင် အသီးသီး နဲ့ သဘောထားမှတ်ချက်တွေ ပေးကြတယ် ။
ကျနော့်ရဲ့ သဘောထားကို မရေးတော့ဘူး ကြားထဲကနေ လက်ရှိဖြစ်နေတဲ့ ရလာဒ်တွေကို သုံးသပ်ပြပါ့မယ် ။ ဒီလို လွှတ်ပေးတဲ့ အတွက်
ဘောအလွန်မများက
---------------------
ထုံးစံမပျက် အဘအကွက်တွေ လှကြောင်း ၊ နိုင်ငံတကာ မီဒီယာတွေမှာ ပါလာပြီ ဖြစ်ကြောင်း
၊ ခံဝန်နဲ့ လွှတ်တာမို့ ပူစရာမလိုကြောင်း ၊အမှုသေးတွေ ဖြစ်ကြောင်း ဘောမပြီး ဖာထေးနေကြပါတယ် ။
(ဒီလို ပြောဆိုမှုအပေါ် တပ်မတော်ထောက်ခံသူတွေ ဘယ်လောက်လပ်ခံသလဲ ဆိုတာ ပို့စ် အသီးသီးရဲ့ Like နဲ့ comment တွေမှာ ပြန်ကြည့်ကြပါ ၊ စောက်ရူးတွေလို့ မမန့်ရင် အချင်းချင်း အားနာလို့ ဆိုတာ သဘောပေါက်သင့်ပါပြီ)
နီပိတ်အုပ်စု
-----------
တပ်ချုပ်ကြီး ကြောက်နေပြီ သူတို့ နိုင်နေပြီ ဆက်လက် အားထည့်ပြီး တော်လှန်ကြရမယ် တဲ့ ။
ပြန်လွတ်လာသူတွေကလည်း အားတက်သရော ထောင်ဗူးဝမှာတင် လက်သုံးချောင်း ထောင်ပြနေပြီ ။
(ရည်ရွယ်ချက်ဘယ်လောက် ကောင်းကောင်း စေတနာ ဘယ်လောက်မှန်မှန် ယခုလုပ်ရပ်အတွက် နစက အတွက် ရန်သူအားပေး လုပ်ရပ်တခုထက် မပိုသော ရလာဒ်သာရ ရှိသောကြောင့် အကျိုးမဲ့ ပညာမဲ့သော လုပ်ရပ်အဖြစ် တိုင်းပြည်ထပ်မံဖျက်ဆီးခံရချိန် သက်တန်းတိုးပေးခြင်းနှင့် အလားသဏ္ဍန်တူပေသည်)
တပ်မတော်ထောက်ခံသော အုပ်စု
------------------------------
80 % တပ်ချုပ်ကြီးအပေါ် စိတ်ကုန်သွားကြပါပြီ ။ တပ်မတော်အပေါ် လေးစားအားကိုးလိုစိတ် ရှိကြသော်လည်း တသွေးတသံ တမိန့် အရ တပ်ချုပ်ကြီးအား စိတ်ပျက်ခြင်းသည် တပ်မတော်ထောက်ခံအား များစွာ လျော့ကြစေသော အဖြစ်သို့ ရောက်ရှိစေပါသည် ။
(တပ်ချုပ်ကြီးအနေဖြင့် မည်သည့် စကားလုံး လှလှ သုံး၍ ဖြေလျှော့ပေးနေပါစေ သာမန်ပြည်သူများအား ရက်စက် ယုတ်မာစွာ သတ်ဖြတ်ထားသည့် လူယုတ်မာ အစုအဖွဲ့ အသင်းအပင်းအပေါ် တပ်မတော်ထောက်ခံသူ ပြည်သူများက ခွင့်လွှတ်လိုခြင်း မရှိပါဘူး ၊ ဒါကြောင့် တပ်ချုပ်ကြီးပါးစပ်မှ ဒီမိုကရေစီအရ ဟု တွင်တွင်ပြောနေပြီး ယခုလို ရာဇဝတ်သားများအား ပြန်လွှတ်ရာမှာတော့ မိမိ၏ တကိုယ်ရည် ဆုံးဖြတ်ချက်ဖြင့် ပြည်သူ့ဆန္ဒမပါပဲ အဘယ်ကြောင့် အကြိမ်များစွာ လွှတ်ပေးနေသလဲလို့ တန်ပြန်မေးခွန်း ထုတ်ရပေတော့မည်)
အထက်ပါ အဖြစ်အပျက်များသည် တပ်ချုပ်ကြီးရဲ့ လုပ်ရပ်များကြောင့် ဖြစ်ပေါ်နေသော ရလာဒ်အပေါ် ရှုထောင့် အသီးသီးမှ ယူဆနေကြသော ထင်မြင်ချက်အစစ်အမှန်များ ဖြစ်ပါတယ် ။
ဒီနေရာမှာ ကျနော်တို့ ထင်မြင်ချက်ကို မရေးချင်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ရေးနေရတဲ့ ရည်ရွယ်ချက်များဟာ တပ်မတော် နဲ့ ပြည်သူ လက်တွဲညီစေရန် နဲ့ NLD ရဲ့ ယုတ်မာမှုများအား ဖော်ထုတ်ရန်သာ ရည်ရွယ်လို့ ဖြစ်ပါတယ် ။
မှန်ခြင်း မှားခြင်းကတော့ အထက်ပါ အချက် သုံးချက်အရ တပ်ချုပ်ကြီးရဲ့ ဆုံးဖြတ်ချက်သည် မည်သည့်ဘက်ကမှ (ဘောအလွန်မများမှ အပ) အကျိုးရှိသော လုပ်ရပ်အဖြစ် ရှုမြင်ခြင်း မခံရသောကြောင့် မှားယွင်းသော ဆုံးဖြတ်ချက် ၊ နိုင်ငံရေးအရ ခွက်ခွက်လံအောင် ထောက်ခံမှု ကျဆင်းစေသော ဆုံးဖြတ်ချက် အညံ့စားအဖြစ် ကောက်ချက်ချလိုက်ပါတယ် ။
ကိုရွှေမျိုးဝင်း
(ဘောအလွန်မများအနေနဲ့ မင်းက ဘာတတ်လို့လဲ ၊ မင်းအုပ်ချုပ်ကြည့်ပါလားလို့ မန့်လာပါက.....)