Tuesday, October 19, 2021

သဒ္ဓါမဲ့သူတို့၏ ငြူဆူသံနှင့် သူတော်စင်တို့၏ ဆန္ဒအမှန်


မဟာဗောဓိမြိုင်ဆရာတော်ကြီးကိုသွားရောက်
ဖူးမျှော်ကြခြင်းနှင့်ပတ်သတ်၍
အချို့သောသူတို့ပြောဆိုကြသည်မှာ

''ဆရာတော်ကြီးကို သွားဖူးလို့ နိဗ္ဗာန်မရပါဘူး
တရားဆိုတာ ကိုယ်ကျင့်မှကိုယ်ရမှာပါ
ကိုယ့်အိမ်က ဘုရားဖူးရင်ရော ကုသိုလ်မရလို့လား?  
အလကား ဘုရားစကားနားမထောင်တဲ့
ပညာမဲ့ဘာသာဝင်တွေ ,,ဟူ၍ဖြစ်သည်။

ဤသို့ အစရှိသော သဒ္ဓါ-မဲ့စကား
တို့ဖြင့် ပြစ်တင် ရှုတ်ချကြသည်။

အမှန်တော့ သူခိုးက လူ-ပြန်ဟစ်ခြင်းသာ,ဟု
ပြောရမည်ဖြစ်သည်။

တရားဓမ္မကို တကယ်လိုက်နာကျင့်သုံးသောသူ
တကယ်နားလည်သောသူ ယုံကြည်မှုသဒ္ဓါရှိသော
သူတို့သည် ယခုလိုအမြင်ကျဉ်း၍ သေးနုပ်သော
စကားကိုပြောဆိုကြမည်မဟုတ်ပါ

‌ပြောဆိုသောသူတို့သည် 
အဘယ်သဘောရှိသနည်း🤔🤔🤔

လောကဥပမာအားဖြင့်
လူတွေဟာ ကာမအာရုံဖြစ်သော
အမြင်အာရုံကို ခံစားချင်၍ဖြစ်စေ
အကြားအာရုံကိုခံစားခြင်၍ဖြစ်စေ

Show ပွဲကိုသွားကြသည်
ဇာတ်ပွဲကိုကြည့်ကြသည်၊

ထိုသို့သွားကြ ကြည့်ကြခြင်းသည် 
ကာမအာရုံကိုကြိုက်သော ပုထုဇဉ်တို့သဘာဝ
အရ ကြည့်ရှုလို နားဆင်လိုသော 
စိတ်ဆန္ဒကြောင့်သာ သွားကြခြင်းဖြစ်သည်။
အကုသိုလ်လိုချင်သောကြောင့်
သွားကြသည်မဟုတ်ပေ

ထိုနည်းတူ ကြည်ညိုဖွယ်အချင်းအရာရှိသော
ဆရာတော်ကြီးကို 
သွားရောက် ဖူးမြင်ကြခြင်းသည်
သူတော်ကောင်းတို့သန္တာန်၌ရှိသော သဒ္ဓါတရား
၏နှိုးဆော်မှုကြောင့် ဖြစ်ပေါ်လာသော
ကုသိုလ်စိတ်ဆန္ဒ‌ဖြင့်  သူတော်စင်သဘာဝအရ
သွားရောက်ဖူးမြင်ကြခြင်းဖြစ်ပါ၏

တနည်းအားဖြင့်
ဖူးမြင်လို‌ခြင်း ဆန္ဒကိုဖြည့်စီးလို၍သာ 
သွားရောက်ကြခြင်းဖြစ်သည်

နိဗ္ဗာန်ရချင်လို့မဟုတ်/တရားပေါက်ချင်လို့မဟုတ်
ကုသိုလ်ရချင်၍မဟုတ်ပါ
သူတို့သဘော သူတို့ဆောင်ကြခြင်းသာဖြစ်၏

သဒ္ဓါမဲ့သူကတော့ သက်ရှိ မြတ်စွာဘုရားနှင့်
မျက်မြင်တွေ့ကြုံရလဲ ဖူးမြင်လိမ့်မည်မဟုတ်

ကိုယ်ကြိုက်တာ ကိုယ်လုပ်၍
ကိုယ့်စိတ်ဆန္ဒကို ကိုယ်ဖြည့်နေကြတဲ့လောကဝယ်

ယခုလိုကောင်းမှုကိစ္စ၌ တလွဲစကားတွေကို
မပြောဆိုမိသင့်ပါကြောင်းးးးး

Thitala